ကုမရတဲ့ သွေးကင်ဆာဖြစ်ပေါ်မှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခု အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးမှု

News Image

  • ကုမရတဲ့ သွေးကင်ဆာဖြစ်ပေါ်မှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခု အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးမှု

 MSK ကင်ဆာဌာနမှ သုတေသနပညာရှင်များက လူ့ခန္ဓာကိုယ်ရဲ့ ရိုးတွင်းခြင်ဆီထဲအထိကို ထိခိုက်စေနိုင်ပြီး လက်ရှိမှာကိုပဲ ကုသနိုင်ခြင်းမရှိသေးတဲ့     သွေးကင်ဆာရောဂါဖြစ်ပွားမှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခုကို တွေ့ရှိလိုက်ပါတယ်။

အဲဒီနည်းလမ်းကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အပင်အခြေခံအစားအသောက်တွေကို များများစားသုံးပေးခြင်းပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် အမျှင်ဓာတ် ကြွယ်ဝစွာ စားသုံးပေးရမှာပါ။

အပင်အခြေခံအမျှင်ဓာတ်ပါ အစားအစာတွေကို သီတင်းပတ် ၁၂ ပတ်စားသုံးပြီး ပညာရှင်တွေထံမှ နည်းနာတွေခံယူကာ သီတင်းပတ် ၂၄ ပတ်ကြာသည်အထိ စားသောက်မှုပုံစံ ပြောင်းလဲခဲ့တဲ့ ကင်ဆာရှေ့ပြေးလက္ခဏာတွေ ခံစားနေရပြီး စမ်းသပ်မှုမှာ ပါဝင်သူအယောက် ၂၀ စလုံးက ကင်ဆာရောဂါ ဆက်ဖြစ်မလာတော့တာကို တွေ့လိုက်ရတာဖြစ်ပါတယ်။

Source: Myawady Webportal