ကဏ္ဍများ

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့  ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော်တင်ပို့ထား

ယခုဘဏ္ဍာနှစ်   ၁၁   လတာကာလ အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃   သိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ၂၀၂၄ ခုနှစ်  ဧပြီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၂၃၇၃၇၀၇ တန်တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ  ၁၀၈၇  သန်းရရှိခဲ့ ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် ဧပြီလ က  အမေရိကန်ဒေါ်လာ  ၅၅ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲ ၁၁၁၈၆၂ တန်၊ မေလ က အမေရိကန်ဒေါ်လာ  ၃၆ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၂၈၀၊ ဇွန်လက အမေရိကန်ဒေါ်လာ  ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ  ၁၆၂,၃၂၆ တန်၊ ဇူလိုင်လက   အမေရိကန်ဒေါ်လာ   ၈၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၅,၄၄၄ တန်၊ ဩဂုတ်လ က အမေရိကန်ဒေါ်လာ  ၉၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀၇,၃၇၀၊ စက်တင် ဘာလက အမေရိကန်ဒေါ်လာ  ၁၀၄ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ   ၂၁၉,၅၆၅ တန်၊ အောက်တိုဘာလက အမေရိကန်ဒေါ်လာ  ၁၈၉  သန်းတန်ဖိုးရှိ     ဆန်နှင့်ဆန်ကွဲ ၄၂၄,၇၈၄ တန်၊ နိုဝင်ဘာလက အမေရိကန် ဒေါ်လာ  ၁၅၆   သန်းတန်ဖိုးရှိ   ဆန်နှင့် ဆန်ကွဲ   ၃၃၄,၅၃၅   တန်၊  ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ  ၁၄၅   သန်းတန်ဖိုး ရှိ    ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၇,၄၉၀၊၂၀၂၅ ခုနှစ် ဇန်နဝါရီလက အမေရိကန်ဒေါ်လာ  ၈၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ  ၂၀၉,၅၉၉ တန်နှင့်   ဖေဖော်ဝါရီလက    အမေရိကန်ဒေါ်လာ  ၅၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၂၉,၄၅၂  တန်တင်ပို့နိုင်ခဲ့သည်။

ယင်းသို့တင်ပို့ရာတွင်  အောက်တိုဘာလက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၉ သန်းဖြင့် အများဆုံးတင်ပို့ထားပြီး နိုဝင်ဘာလက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၆  သန်းဖြင့် ဒုတိယအများဆုံး   တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ  ၈၄၅ သန်းကျော်ရရှိခဲ့ကြောင်း၊  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း    ပြည်ပသို့    ဆန်နှင့်  ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ရန်    ရည်မှန်းထားကြောင်း  သိရသည်။

Source: https://myawady.net.mm/

ဝါးကုန်ကြမ်းမှသည် နိုင်ငံတကာအဆင့်မီ တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်

“ဝါးတစ်လုံးရဲ့တန်ဖိုးက ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းပေါ်မှာမူတည်ပြီး ကွာသွားနိုင်တယ်၊ မူလတန်ဖိုးရဲ့တစ်ဆလား၊ ဆယ်ဆလားအမျိုးမျိုးဖြစ်နိုင်တယ်၊ အဓိကက နည်းပညာပဲ” ဟု ဝါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌလည်းဖြစ် Orchard ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာမြင့်စိန်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလတ်တိုကျေးရွာ Orchard Farm သဘာဝငါးမွေးမြူရေးကန် ကန်ပေါင်တစ်လျှောက်သူကိုယ်တိုင် စနစ်တကျစိုက်ပျိုးထားသည့် ဝါးပင်များအား ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်ထုတ်ကုန်များအဆင့်သို့ တိုးမြှင့်ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေး ကြိုးစားလုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

“အခုလောလောဆယ် ဝါးကနေ ဘောလ်ပင်ထုတ်ဖို့ပြင်ဆင်နေပါတယ်။ စက်လည်းဝယ်ထား ပြီးပါပြီ၊ မကြာခင်လုပ်ငန်းလည်ပတ်နိုင်အောင် ကြိုးစားနေပါတယ်။ အဲဒီလို ထုတ်နိုင်ဖို့အတွက် လည်း တရုတ်နိုင်ငံထိသွားပြီး လေ့လာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်ရော ပြည်ပထိပါ တင်ပို့နိုင်ဖို့ အတွက် ကြိုးစားသွားမှာပါ” ဟု Orchard Farm ပိုင်ရှင် ဒေါက်တာမြင့်စိန်က ပြောသည်။ နောက်ပိုင်းတွင် Orchard Farm အတွင်းရှိဝါးပင်များကို အသုံးပြုကာ ဝါးအခြေခံစားသောက်ကုန် စည်သွတ်ဘူးများ၊ ဝါးဖြင့် ချက်လုပ်ထားသော ဝိုင်များ၊ အဆင့်မီနည်းပညာမြင့် အသုံးအဆောင် ပစ္စည်းများကို စားသုံးသူ ဝယ်ယူသူများအကြိုက် ပြုလုပ်ရောင်းချသွားမည်ဖြစ်ပြီး ဝါးစိုက်ပျိုးနည်း သင်တန်းများကို သက်ဆိုင်ရာ  အဖွဲ့အစည်း တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့်အတွက် နိုင်ငံတကာမှ ထုတ်လုပ်သော ဝါးထုတ်ကုန်အမျိုးမျိုးနှင့် တူရိယာပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အစားအစာများ၊ အနုပညာလက်ရာ များသည် ယနေ့ခေတ်အခါတွင် လူကြိုက်များလျက်ရှိသည်၊၊ အထူးသဖြင့် ဝါးနှင့်ပတ်သက်သော ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်း တရုတ်နိုင်ငံသည် အောင်မြင် ထင်ရှားသည့် နိုင်ငံတစ်ခုဆိုလျှင် မှားမည်မထင်ပေ။ “တရုတ်နိုင်ငံက ဝါးနဲ့ပြုလုပ်ထားသည့် အအေးသောက်တဲ့ပိုက်တွေ၊ ဂေါက်သီးရိုက်ရာမှာ ချိန်ဆတဲ့ (T Stand) စတာတွေကို ဥရောပ နိုင်ငံတွေမှာ ဈေးကောင်းပေးပြီး နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုနေပါပြီ ” ဟု ဒေါက်တာမြင့်စိန်က ပြောသည်။

ထို့ပြင် ဝါးပင်များ ရှင်သန်ပေါက်ရောက်ရာ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်၊ ကမ္ဘောဒီးယား၊ လာအိုစသည့် အရှေ့တောင်အာရှ နိုင်ငံများသည်လည်း ဝါးနှင့် ပတ်သက်သော ပရိဘောဂများ၊ လူ့အသုံးအဆောင်များ၊ အိမ်သုံးပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သည့်နေရာတွင် ထင်ရှားကြပြီး နိုင်ငံတကာ ဈေးကွက်အတွင်း နေရာယူလာကြပြီဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုနိုင်ငံအဖြစ် ထူထောင်ရာတွင် စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်သည် အရေးကြီးသည့် သွင်းအားစုများ ဖြစ်ကြသည်။

ဝါးသည် မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်ဒေသများတွင် သဘာဝအတိုင်းရှင်သန် ပေါက်ပွား လေ့ရှိပြီး စိုက်ပျိုးသည့်အခါတွင်လည်း လွယ်လင့်တကူ စိုက်ပျိုးနိုင်သည်ဖြစ်ရာ ဝါးနှင့်ပတ်သက်သည့် တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံဝါးကုန်ကြမ်းများအား လွယ်ကူ ပေါများစွာရရှိနိုင်သည်။

“ဝါးက သဘာဝအတိုင်းပေါက် ရောက်နိုင်သလို စိုက်ရတာလဲလွယ်တယ်၊ “ငှက်ပျောကဆုန် ဝါးနယုန်ငှက်ပျောတစ်နှိုက် ဝါးတစ်မိုက်တစ်နှစ်သားဝါးကိုစိုက်” အဲဒီလိုဆို အခုလိုဝါးတောတန်းကြီး ဖြစ်ပါပြီ” ဟု ဝါးရုံပင်ပေါင်းသုံးသိန်းခွဲကျော်ရှိသည့် စိမ်းစိုအုပ်မှိုင်းနေသည့် Orchard Farm အတွင်းရှိ ဝါးရုံပင်များအား လက်ညှိုးညွှန်ပြကာ ဒေါက်တာ မြင့်စိန်က ရှင်းပြသည်။

ဝါးအရင်းအမြစ် အများအပြားထွက်ရှိရာ မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ဝါးကို ခွဲခြမ်းစိတ်ဖြာ၍လည်းကောင်း၊ အလုံးလိုက်သော်လည်းကောင်း နေရာစုံ၊ ကဏ္ဍစုံအသုံးပြုခဲ့ကြသည် ဖြစ်ရာဝါး နှင့် ပတ်သက်သော မိရိုးဖလာလက်မှုပညာသည် မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူတို့ အတွက် စိမ်းလှသည့် ပညာရပ်ကားမဟုတ်ပေ။

ထိုသို့ မြန်မာ့လက်မှုပညာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်ထားသည့် ဝါးအခြေခံထုတ်ကုန် ပစ္စည်းများကို ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပစျေးကွက်တွင်ပါ ဈေးကွက်ဝင်ပစ္စည်းများ ဖြစ်လာစေရန် ခေတ်မီနည်းပညာ၊ စက်ကိရိယာများဖြင့် စနစ်တကျပေါင်းစပ်ဆောင်ရွက်လိုက်မည် ဆိုပါက အိမ်နီးချင်းနိုင်ငံများနည်းတူ မြန်မာ့ဝါးလက်မှုပစ္စည်းများသည် ပြည်ပဈေးကွက်တွင် အခိုင်အမာနေရာရရှိလာမည်ဖြစ်သည်။

ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးကုန်ထုတ်လုပ်မှုများသည် သေချာသည့် ကုန်ကြမ်းများဖြစ်သည့်အတွက် ထိုမှတစ်ဆင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရန် နှင့် ပြည်ပ ပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းသွားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဝါးနှင့်ပတ်သက်သော ကုန်ချော၊ ကုန်ကြမ်း နှင့် ထုတ်ကုန်များကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ပြီး နိုင်ငံခြားစျေးကွက်ရရှိလာရေး၊ လက်မှုပညာနှင့် ပတ်သက်၍ ပြည်ပသို့ ထိုးဖောက်နိုင်ရေး၊ ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြားသိနေရသည်။

ဝါးပင်မှတစ်ဆင့် ခေတ်မီဆန်းသစ်သော၊ နိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဝါးလက်မှု ထုတ်ကုန်များ ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်အောင် စွမ်းဆောင်လာခြင်းဖြင့် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ရာ Orchard Farm အတွင်း ဝါးပင်များကို ကိုယ်တိုင်စိုက်ပျိုးပြီး တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုအဖြစ် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ သွားမည့် ဝါးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က “ပစ္စည်းချင်းတူရင်တောင် ကိုယ့်နိုင်ငံကထုတ်တဲ့ ပစ္စည်းကအရည်အသွေးကောင်းနေရင် ဈေးကွက် ထိုးဖောက်နိုင်ပြီ ထုတ်ကုန်နှစ်ဆတိုးထုတ်လာရုံတင်မကဘူး ဝင်ငွေပါတိုးလာမှာပါ’’ ဟု ပြောပြခဲ့သည်။

ဓာတ်ပုံ-နဒီမင်း

ကိုးကား MOI

ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက ၁၄၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်    သီးနှံစုံ ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် သီးနှံစုံလျာထားဧက ၁၄,၆၂၉ ဧကကို  ၂၀၂၄   ခုနှစ်  အောက်တိုဘာလ ဒုတိယပတ်က  စတင်စိုက်ပျိုးခဲ့ရာ  လက်ရှိ တွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါသီးနှံစုံ ၁၄,၆၂၉ ဧကတွင် ပုသိမ်မြို့နယ်၌  ၁၇၁၅  ဧက၊  ကန်ကြီး ထောင့်မြို့နယ်၌  ဧက ၂၄၁၀၊ သာပေါင်း မြို့နယ်၌ ၄၅၇၉ ဧက၊ ငပုတောမြို့နယ် ၌ ၅၉၂၅ ဧကဖြစ်ကြောင်း သိရသည်။

''ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ  ပုသိမ် ခရိုင်အနေနဲ့ သီးနှံစုံဧက ၁,၄၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။  တောင်သူတွေ  သီးနှံ တွေစိုက်ပျိုးရာမှာ အထွက်နှုန်းကောင်း စေဖို့၊    မျိုးစေ့ရွေးချယ်မှုမှန်ကန်စေဖို့၊ ဈေးကွက်ဝင်တဲ့သီးနှံတွေ စိုက်ပျိုးနိုင်စေ ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တောင်သူတွေ စိုက်ပျိုးမယ့်သီးနှံတွေ ပိုးမွှားရောဂါ ကင်းရှင်းစေဖို့အပါအဝင်တခြားနည်း ပညာပေးလုပ်ငန်းတွေကို    စိုက်ပျိုးရေးဦးစီးဌာနက      ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါ တယ်''   ဟု   ပုသိမ်ခရိုင်  စိုက်ပျိုးရေးဦးစီးဌာန    ဦးစီးမှူး   ဒေါ်အေးအေးမူကပြော သည်။

ပုသိမ်ခရိုင်၌    သီးနှံများ    လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့်ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊  အဆိုပါ  သီးနှံစုံ ၁၄,၆၂၉ ဧကတွင် ပန်းဂေါ်ဖီ၊ နံနံ၊ မုန်လာ၊ တိုင်ထောင်ပဲ၊ ခရမ်း၊ ဘူး၊ ရုံးပတီ၊ ကြက် ဟင်းခါး၊ ရွှေဖရုံ၊ ဟင်းနုနယ် စသည့်သီးနှံ များကို    အများဆုံးစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးသီးနှံများကို လျာထားချက်ပြည့်မီ အောင်စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံး မှုဖူလုံစေပြီး    သီးနှံဈေးနှုန်းများလည်း တည်ငြိမ်ကျဆင်းလာမည်ဖြစ်ကာ ဒေသခံ တောင်သူများ၏    လူမှုစီးပွားဘဝများလည်း      မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ 

Source: https://myawady.net.mm/eco

ကျောက်ဆည်မြို့နယ်၌ မိုးကြိုပဲတီစိမ်း ၃၄၆၉ ဧကလျာထားပြီး စတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်  သင်တွဲ၊ ငပြောင်၊ ဇီးတော၊ သင်းဒီး၊ ထုံးကြီး၊ စမာဆည်ရေပေးမြောင်းများဖြင့်   မိုးကြိုပဲတီစိမ်း  ၃၄၆၉ ဧက  စိုက်ပျိုးရန်လျာထားပြီးယခုအချိန်တွင်    စတင်စိုက်ပျိုးလျက်ရှိသည်။

မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် ဇော်ဂျီမြစ်ရေသောက်စနစ်၊ သင်းတွဲဆည် သင်းတွဲမြောင်းရေဖြင့် ၂၀၁၁ ဧက၊ ငပြောင်ဆည်  ငပြောင်မြောင်းရေဖြင့်   ဧက  ၂၈၀၊ဇီးတောဆည် တမုတ်မြောင်းရေဖြင့် ဧက ၁၁၀၊ကင်းတားဆည် သင်းဒီးမြောင်းရေဖြင့် ဧက၃၀၊ ထုံးကြီးမြောင်းရေဖြင့် ၃၄၁ ဧက၊ စမာမြောင်းရေဖြင့် ၆၉၇ ဧက စုစုပေါင်း ၃၄၆၉ ဧက လျာထားစိုက်ပျိုးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် တောင်သူများ  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေးနှင့်  စိုက်ပျိုးဧကများလျာထားချက်ပြည့်မီကျော်လွန်ရေး  မြို့နယ်ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တောင်သူများနှင့်တွေ့ဆုံ၍ ဒေသနှင့် ကိုက်ညီသည့် မျိုးစေ့များ၊ စိုက်နည်းစနစ်များ၊  အပင်ပြုစုခြင်း၊  ရိတ်သိမ်းခြင်းများကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်မှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်ပြီး မြေကောင်းမြေသန့်ဖြစ်စေရန် မြေဩဇာကို သဘာဝနည်းဖြင့် မှန်ကန်စွာအသုံးချရေး၊ စိုက်ပျိုးရေအပြည့်အဝရရှိရေးနှင့် ရာသီဥတုနှင့်ကိုက်ညီသည့်  မျိုးကောင်းမျိုးသန့်များ  ရွေးချယ်စိုက်ပျိုးရေး၊  တွေ့ကြုံလာသည့် ရာသီဥတုအခြေအနေအပေါ်မူတည်၍ စိုက်ပျိုးနည်းစနစ်များပြောင်းလဲစိုက်ပျိုးရန်လိုအပ်ကြောင်းသိရသည်။

သာပေါင်းမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက ၅၇၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  သာပေါင်းမြို့နယ်၌    ပြီးခဲ့သည့်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက ၅၇၀၀၀ ကျော် ပြန်လည်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူ၏ ပြောကြားချက်အရ သိရသည်။ 

မိုးသီးနှံစိုက်ပျိုးရာသီက သာပေါင်းမြို့နယ်၌  စပါး   ၆၈,၂၉၇ ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးခဲ့သည့်စပါးများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိအချိန်ထိ ၅၇,၆၄၇ ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ထိုသို့ရိတ်သိမ်းပြီးဖြစ်သည့် စပါးတစ်ဧကလျှင်  ၈၉  ဒသမ  ၂၁  တင်းခန့်   ထွက်ရှိကြောင်း သိရသည်။

''ပြီးခဲ့တဲ့မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ စပါးလျာထားဧက ၆၈၂၉၇ ဧကကို  ပြန်လည်ရိတ်သိမ်းခဲ့တာ  ဒီနေ့အထိ ၅၇,၆၄၇   ဧက     ပြီးစီးပြီဖြစ်ပါတယ်။တောင်သူတွေ မိုးစပါးတွေအခက်အခဲမရှိစိုက်ပျိုးနိုင်ဖို့အတွက်  စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့    သွင်းအားစုတွေရရှိဖို့နဲ့ အထွက်နှုန်းကောင်းမွန်စေဖို့  တခြားဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်''ဟု    ဒေါ်အေးအေးမူကပြောသည်။ 

သာပေါင်းမြို့နယ်၌    မိုးသီးနှံစိုက်ပျိုးရာသီက   မိုးစပါးများ   ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး၊ ရွှေခရုဖျက်ဆီးမှုမရှိစေရေးတို့အတွက်   စိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် အဓိကကျကြောင်း၊   စားရေရိက္ခာဖူလုံ ပိုလျှံမှုရှိမှသာ တိုင်းပြည်သာယာဝပြော မည်ဖြစ်သည်။ စားရေရိက္ခာနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့်ဆန်စပါးသည် ပြည်တွင်း၌ ဖူလုံမှုရှိသည့်အပြင် ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိရာသာပေါင်းမြို့နယ်မှ တောင်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းဈေးကွက်၌ ဆန်လိုအပ်ချက်ကို  ဖြည့်ဆည်းနိုင်မည့်အပြင် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။    

ကျုံပျော်မြို့နယ်၌ ကုလားပဲများ အရောင်းအဝယ်ကောင်းမွန်နေ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ကုလားပဲများအရောင်း အဝယ်ကောင်းမွန်နေကြောင်း  ကျုံပျော် မြို့နယ်မှပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်သူဒေါ်မာမာအေး၏ ပြောပြချက်အရ သိရသည်။

ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလတတိယပတ်မှစ၍ ကုလားပဲများ အဝယ်လိုက်လာပြီး  အရောင်းအဝယ်ကောင်းမွန်နေခြင်းဖြစ်သည်။

''ကုလားပဲတွေက အရင်ထက် အရောင်းအဝယ် ကောင်းလာပါတယ်။ ပြည်တွင်း စားသုံးမှုအားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ် ကောင်းလာတာပါ။  လက်ရှိ  အရောင်းအဝယ်လုပ်နေတဲ့ ကုလားပဲတွေက  လက်ကျန်ပဲအဟောင်းတွေပါ။ အရောင်း အဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ ဆက်စပ်သူတွေအလုပ်အကိုင်အခွင့်အလမ်းရရှိလာပါတယ်။  လက်ရှိ  ဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါဝယ်လိုအားကောင်းနေပါတယ်'' ဟုဒေါ်မာမာအေး ကပြောသည်။

ကျုံပျော်မြို့နယ်၌ ကုလားပဲအပါအဝင် တခြားပဲများကို      စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့်ဒေသများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ စေဈးကွက်ဝင်ရေချို ငါးသားပေါက်များ ကို သက်သာသောစေဈးနှုန်းများဖြင့် ရောင်းချပေးမည်

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ   ငါးလုပ်ငန်းစခန်း ၂၅ ခုမှ စျေးကွက်ဝင်ရေချိုငါးသားပေါက်များကို   သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးမွေးမြူသူများသည် ဧပြီလမှစ၍ ငါးသားပေါက်များ  ပြန်လည်ထည့်သွင်း မွေးမြူကြမည်ဖြစ်သဖြင့် ကျန်းမာသန်စွမ်းပြီး  ကြီးထွားနှုန်းကောင်းမွန်သည့်  ငါး သားပေါက်များကို  ထည့်သွင်းမွေးမြူ၍ ဝင်ငွေတိုးတက်ရရှိစေရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ  ငါးလုပ်ငန်းစခန်း  ၂၅ ခုမှ ငါးမြစ်ချင်း၊  ရွှေဝါငါးကြင်း၊ ငါးခုံးမ ကြီး၊  ငါးခေါင်းပွ၊  ငါးကြင်းဖြူ၊   ငါးတန်၊  ရေချိုငါးမုတ် စသည့်ဈေးကွက်ဝင်ရေချိုငါးသားပေါက်များကို   သက်သာသောဈေးနှုန်းများဖြင့်     ရောင်းချပေးမည်ဖြစ် သည်။

ဝယ်ယူလိုသူများအနေဖြင့်   နေပြည်တော် ရေဆင်းငါးလုပ်ငန်းစခန်း ၀၉-၇၉ ၁၀၉၅၀၆၀၊ ရန်ကုန်လှော်ကားငါးလုပ်ငန်း စခန်း ၀၉-၇၈၃၇၈၈၁၆၃၊ လေးဒေါင့်ကန် ငါးလုပ်ငန်းစခန်း ၀၉-၄၂၈၅၀၆၂၀၀၊ ပဲခူး ငါးလုပ်ငန်းစခန်း  ၀၉-၄၂၅၃၀၀၅၆၈၊ မန္တလေး သရက်ကုန်းငါးလုပ်ငန်းစခန်း ၀၉- ၄၅၆၀၀၃၀၂၇၊ သထုံငါးလုပ်ငန်းစခန်း ၀၉-၇၉၃၄၅၅၀၀၈၊ ပုသိမ်ငါးလုပ်ငန်း စခန်း ၀၉-၇၈၇၉၈၀၆၀၆  နှင့်  မအူပင် တလုပ်လှငါးလုပ်ငန်းစခန်း ၀၉-၇၈၁၅-၉၂၀၀၃ တို့သို့ ဆက်သွယ်စုံစမ်းဝယ်ယူနိုင် မည်ဖြစ်သည်။

ထို့ပြင်   စိတ်ပါဝင်စားသောငါးမွေးမြူ သူများ၊   လုပ်ငန်းရှင်များအနေဖြင့်    ငါး လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် အခြေခံငါးမွေးမြူရေးနှင့်ငါးဆေးထိုး သားဖောက်သင်တန်းများကိုတက် ရောက်နိုင်ကြောင်းနှင့် အသေးစိတ်သိရှိ လိုပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများ၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်း ဦးစီးဌာန မွေးမြူရေးဌာနခွဲ(နေပြည်တော်) ဖုန်း- ၀၆၇-၄၀၈၄၇၆ နှင့် ၀၆၇- ၄၁၈၅၃၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   ငါးလုပ်ငန်းဦးစီးဌာန သည် ပြည်တွင်းငါးစားသုံးမှုတိုးတက်စေရေးနှင့် စားရေရိက္ခာဖူလုံစေရေး၊ ငါးမွေးမြူ ရေးလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်စေရေး အတွက်  ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးလုပ်ငန်းစခန်း  ၂၅  ခုမှ  ငါးသားပေါက် များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသကဲ့သို့ ရေအရည်အသွေး တိုင်းတာစစ်ဆေးပေးခြင်း၊ ငါးရောဂါ ရှာဖွေစစ်ဆေးပေးခြင်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြီး MMQR စတင်သုံးစွဲရန် လိုအပ်သည့်အချက်အလက်များ၊ ဆောင်ရွက်မည့်အခြေအနေ၊ အသုံးပြုပုံနည်းလမ်းများနှင့် လုံခြုံစိတ်ချစွာငွေပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်။

မေး။   MMQR ကို ဘယ်အဖွဲ့အစည်းက ဦးဆောင်ကြီးကြပ်ဆောင်ရွက်မယ်ဆိုတာ သိရှိလိုပါတယ်။

ဖြေ။    MMQR က မြန်မာနိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Codeနဲ့ ငွေပေးချေမှုကို ထောက်ပံ့နိုင်တဲ့ Digital Payment Switch စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်ကြီးကြပ်ကာ System Operator အဖြစ် Payplus Co., Ltd. က ဆောင်ရွက်လျက်ရှိပါတယ်။

မေး။   MMQR စနစ်က ဘယ်လိုနည်းပညာ၊ စံသတ်မှတ်ချက်တွေကို အခြေခံပြီး ဆောင်ရွက်ထားပါသလဲ။

ဖြေ။    မြန်မာနိုင်ငံရဲ့ MMQR Standard ကို အာဆီယံနိုင်ငံတွေနည်းတူ EMV-Co စံသတ်မှတ်ချက်စနစ်တွေနဲ့ တစ်ပြေးညီသတ်မှတ်ထားပါတယ်။ MMQR စနစ်ဟာ ငွေလွှဲပြောင်းမှုတွေကို လျင်မြန်စွာဆောင်ရွက်နိုင်ပြီး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်ရေး ဆောင်ရွက်ထားတဲ့အတွက် ငွေကြေးအဖွဲ့အစည်းတွေက MMQR စနစ်ကိုချိတ်ဆက်အသုံးပြုပြီး အပြန်အလှန်ပေးချေမှုဆောင်ရွက်မှာဖြစ်ပါတယ်။

မေး။   အခု MMQR ကို စတင်အသုံးပြုနိုင်ပြီလားဆိုတာ သိရှိလိုပါတယ်။

ဖြေ။    ပထမဦးဆုံးအနေနဲ့ MMQR အသုံးပြုပြီး ဈေးဝယ်သူက ကုန်သည်သို့ (Customers to Merchant) ငွေပေးချေခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသုံးပြုသူအချင်းချင်း (Person to Person) ငွေလွှဲပြောင်းတာ၊ Transfer ပြုလုပ်တာ၊ ရေခွန်၊ မီတာဘီလ်လို အခွန်ပေးဆောင်မှုတွေနဲ့ အခြားသောဝန်ဆောင်မှုတွေအတွက် ပေးချေခြင်းတွေအထိ MMQR ရဲ့ ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။   MMQR က မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍမှာ အလုံးစုံပါဝင်မှုတိုးတက်အောင် ဘယ်လိုကူညီပေးမှာလဲ။

ဖြေ။    ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲရာမှာ ယခင်ကဘဏ်တွေအနေနဲ့ မိမိရဲ့ဝန်ဆောင်မှုအတွင်းမှာသာ အသုံးပြုကြတဲ့အတွက် ပေးချေနိုင်တာက အကန့်အသတ်ရှိနေပါတယ်။ အခု MMQR စနစ်ဟာ သီးခြားစီရှိနေတဲ့ မိုဘိုင်းငွေပေးချေမှုတွေကို အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်မှာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ Mobile Wallet တစ်ခုရှိရုံနဲ့ ဘယ်နေရာကိုမဆို ပေးချေနိုင်မှာဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေခြင်း သုံးစွဲမှုများပြားလာမှာဖြစ်ပါတယ်။ ဒါ့အပြင်လက်လီဆိုင်သေးတွေ၊ ကုန်စိမ်းဈေးတွေအထိ ပေးချေနိုင်ရေးဆောင်ရွက်ထားတဲ့အတွက် မြို့ပြမှဘဏ်လုပ်ငန်းဝန်ဆောင်မှုမရရှိတဲ့ ကျေးလက်ဒေသအထိ နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်အစုံ၊ ဧရိယာအစုံ MMQR ကို အသုံးပြုပြီး ယုံကြည်စိတ်ချစွာ ငွေပေးချေနိုင်မှာဖြစ်တဲ့အတွက် ငွေရေးကြေးရေး ကဏ္ဍမှာ အလုံးစုံပါဝင်တဲ့စနစ်ကို ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

မေး။   MMQR စနစ်မှာ ဘဏ်ဘယ်နှခုပါဝင်မယ်ဆိုတာ သိရှိလိုပါတယ်။

ဖြေ။    MMQR ကို ကနဦးစတင်တဲ့အစီအစဉ်မှာ ပထမအဆင့်အနေနဲ့ AYA Pay၊ KBZ Pay၊ Wave Money၊ OK$၊ CB Pay၊ uabpay၊ A+ Wallet၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego နဲ့ Mpitesan တို့ ပါဝင်မှာ ဖြစ်ပါတယ်။ မကြာခင်မှာမိုဘိုင်းဘဏ်လုပ်ငန်းနဲ့ Mobile Wallet ဆောင်ရွက်တဲ့ဘဏ်နဲ့ ငွေပေးချေမှုအဖွဲ့အစည်းတွေ အားလုံးပါဝင် လာမှာဖြစ်ပါတယ်။

မေး။   ငွေသားသုံးစွဲမှုထက် ဒစ်ဂျစ်တယ်ပေးချေမှုကို ဘာကြောင့် တွန်းအားပေးဆောင်ရွက်သင့်တာလဲ။

ဖြေ။    ငွေသားကိုင်တွယ်ခြင်းက အလွယ်တကူပျောက်ဆုံးနိုင်တယ်၊ ခိုးယူခံရနိုင်တယ်၊ ပျက်စီးသွားနိုင်တယ်၊ သယ်ယူတာ၊ အပ်နှံတာအတွက် ကုန်ကျစရိတ်တွေရှိပါတယ်။ မှောင်ခိုဈေးကွက်နဲ့ အခြားတရားမဝင်လုပ်ဆောင်မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ငွေကြေးလိမ်လည်မှု၊ မှုခင်းတွေဖြစ်ပေါ်လာရင် ငွေသားနဲ့ငွေပေးချေမှုက ခြေရာခံဖို့ ခက်ခဲပါတယ်။ ငွေသားကနေ ကိုဗစ် - ၁၉ လို ရောဂါပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။ အခုအာဆီယံဒေသတွင်းက တိုးတက်နေတဲ့နိုင်ငံ တွေမှာ ငွေသားအစား ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို အသုံးပြုလာခြင်းအားဖြင့် နေ့စဉ်လူနေမှုဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်လာကြပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘဝမှာ အသုံးပြုရလွယ်ကူပြီး ပိုမိုမြန်ဆန်လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုအသုံးပြုခြင်းကို တွန်းအားပေးဆောင်ရွက်သင့်ပါတယ်။

မေး။   MMQR နဲ့ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းအစီအစဉ်ရှိရင် မျှဝေပေးစေချင်ပါတယ်။

ဖြေ။    MMQR ရဲ့ နောက်ထပ်အစီအစဉ်က စျေးဝယ်သူမှကုန်သည်သို့ ပေးချေခြင်းစနစ် (Customers to Merchant)၊ အသုံးပြုသူအချင်းချင်း (Person to Person) နဲ့ အစိုးရဘီလ်ပေးချေခြင်းတွေအပြင် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေနဲ့ အလွှာစုံနယ်ပယ်အစုံမှာ MMQR အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။   MMQR က နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေကို ဘယ်လိုအထောက်အပံ့ဖြစ်စေပါသလဲ။

ဖြေ။    နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ အာဆီယံဒေသတွင်း နိုင်ငံတွေအချင်းချင်းချိတ်ဆက်ပြီး QR အသုံးပြုပေးချေနိုင်ရေး ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုတွေပြီးရင် ဒေသတွင်း နိုင်ငံတွေမှာအသုံးပြုတဲ့ Mobile Wallet တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်ပြီး ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာခရီးသွားတွေအတွက် ပိုမိုလွယ်ကူစေသလို E-Commerce Gateway တွေကတစ်ဆင့် ပြည်တွင်းပြည်ပကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ပြီး ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့လာစေမှာဖြစ်ပါတယ်။

မေး။   နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုကို ဘယ်နိုင်ငံတွေမှာ အသုံးပြုနိုင်မှာပါလဲ။

ဖြေ။    MMQR နဲ့နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေအတွက် အာဆီယံနိုင်ငံတွေနဲ့ ချိတ်ဆက်နိုင်ရေး ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ အိန္ဒိယ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး စတင်အသုံးပြုနိုင်ဖို့ ဆွေးနွေးလျက်ရှိပါတယ်။ QR အသုံးပြုပေးချေမှုတွေမှာ အဓိကအားဖြင့် စျေးဝယ်သူမှ ကုန်သည်သို့ ပေးချေခြင်းစနစ် (Customers to Merchant) ပေးချေမှုတွေအတွက် ဝန်ဆောင်ခကောက်ခံရာမှာ MDR အဖြစ် သတ်မှတ်ကောက်ခံပါတယ်။ အသုံးပြုသူအချင်းချင်း(Person to Person)အတွက်လည်း ဝန်ဆောင်ခကိုနှစ်နိုင်ငံ Switch တွေက ညှိနှိုင်းကောက်ခံလျက်ရှိပါတယ်။ MMQR စနစ်မှာလည်းချိတ်ဆက်ပြီးချိန်မှာ ဝန်ဆောင်ခနဲ့ငွေလဲလှယ်နှုန်းကို နှစ်နိုင်ငံသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသတ်မှတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မေး။   မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွင်ကျယ်စေဖို့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ သိရှိလိုပါတယ်။

ဖြေ။    ငွေသားအသုံးပြုမှုက လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ပေမယ့်ဒစ်ဂျစ်တယ်ငွေပေးချေမှု ပိုမိုအသုံးပြုလာစေဖို့ အသုံးပြုသူ Customer နဲ့ Merchant တွေကို MMQR အကြောင်း ပညာပေးဖို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင် မှုလုပ်ငန်းတွေက Social Media Platform တွေ၊ Event တွေ၊ Merchants Seminar တွေနဲ့ Digital ပေးချေမှုတွေ အသုံးပြုနိုင်တဲ့ ဈေး ပွဲတော်တွေ၊ Promotion ပွဲတွေ၊ Social Media Platform က ကြေညာ တာတွေကို စဉ်ဆက်မပြတ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုလို MMQR စတင်အသုံးပြုချိန်ကစပြီး Merchant အရေအတွက် ၃၀၀၀၀၀ နဲ့ Users အရေအတွက် ၃ ဒသမ ၈ သန်းကို တစ်နှစ်အတွင်း အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဦးမြတ်မင်းထင်ကျော်

Deputy Chief Executive Officer - AYA Pay

MMQR အသုံးပြုသူတွေအနေနဲ့ မိမိတို့လက်ရှိသုံးနေတဲ့ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ သက်ဆိုင်ရာ Mobile Wallet တွေကနေ MMQR နဲ့ငွေပေးချေမှုတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပြီး ဒီစနစ်ကြောင့်မတူညီတဲ့ မိုဘိုင်းငွေပေးချေမှုအမျိုးမျိုးကို ပိုမိုလွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ MMQR အသုံးပြုသူ Consumer တွေနဲ့ Merchant တွေအတွက် Night Market Campaign တွေ၊ ပရိုမိုးရှင်းတွေ၊ Cash back အစီအစဉ်တွေ ဖန်တီးပေးဖို့ရှိပါတယ်။ MMQR အသုံးပြုခြင်းအတွက် မတူညီတဲ့ Mobile Payment တွေကို အပြန်အလှန်အသုံးပြုနိုင်ဖို့ System ချိတ်ဆက်ရုံသာဖြစ်ပြီး Transactions အရေအတွက်၊ ပမာဏ ကန့်သတ်ချက်မရှိပေမယ့် လက်ရှိမိမိ အသုံးပြုနေတဲ့ ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေက Mobile Wallet အသုံးပြုမှုအတွက် ချမှတ်ထားတဲ့ Transaction Limits သတ်မှတ်ချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။

MMQR စနစ်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရယူသိမ်းဆည်းထားခြင်းမရှိပါဘူး။ Tokenization လို့ခေါ်တဲ့စနစ်ကို အသုံးပြုပြီး ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာစိတ်ပူစရာမလိုပါဘူး။ လက်ရှိသုံးနေ တဲ့ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ မိုဘိုင်းပေးချေ မှုစနစ်တွေမှာရှိတဲ့ အချက်အလက်တွေအတိုင်းပဲ ရှိနေမှာဖြစ်ပါတယ်။

ဦးစိုးကိုကို

Managing Director ကမ္ဘောဇဘဏ် - KBZPay

အရင်က KBZPay က KBZPay ရဲ့QR ကိုသာ ဖတ်ရှုပေးချေရပြီး AYA Pay ကလည်း AYA Pay ရဲ့ QR ကိုသာ ဖတ်ရှုပေးချေရပါတယ်။ အခု MMQR အသုံးပြုမယ်ဆိုရင် KBZPay ရဲ့ QR ကို AYA Pay နဲ့ ပေးချေနိုင်မှာဖြစ်သလို Wave Money၊ uab Pay စတဲ့ အခြား Mobile Wallet အမျိုးမျိုးနဲ့လည်း ပေးချေနိုင်မှာဖြစ်ပါတယ်။ Customers to Merchant ငွေပေးချေမှုအတွက် ပေးချေရမယ့် ငွေပမာဏကို အသုံး ပြုသူက ရိုက်ထည့်ရတဲ့ Static QR နဲ့ QR ကို Scan ဖတ်လိုက်ရင် ပေးချေရမယ့် ငွေပမာဏကို ဖော်ပြပြီးသားဖြစ်တဲ့ Dynamic QR စတဲ့ QR နှစ်မျိုးစလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ MMQR ကို ပြည်တွင်းမှာ သုံးစွဲတဲ့ငွေပေးချေမှုတွေကို QR အသုံးပြုပြီး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နောင်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ QR နဲ့ လွယ်ကူစွာ ငွေပေးချေနိုင်မှာဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍကို တစ်ဖက် တစ်လမ်းက အထောက်အပံ့ပေးနိုင်ပါတယ်။

ဦးရဲမွန်မင်း

Chief Business Officer- Wave Money

MMQR အသုံးပြုသူ Customer တွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ Mobile Wallet ကို အသုံးပြုပြီး ဘယ် Merchant ကိုမဆို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်မှာဖြစ်တဲ့အတွက် ငွေသား ကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ Merchant တွေအနေနဲ့ ငွေလက်ခံရာမှာ ဘဏ်တွေ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ရဲ့ QR Code များစွာ ထားဖို့မလိုအပ်တော့ဘဲ MMQR QR Code တစ်ခုတည်းနဲ့ ဘယ်လိုငွေပေးချေမှုမျိုးကိုမဆို လက်ခံနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လက်မှုလုပ်ငန်းတွေရဲ့ပေးချေမှုတွေကို လွယ်ကူလျင်မြန် စွာဆောင်ရွက်နိုင်ပြီး အီလက်ထရောနစ်နည်းလမ်းနဲ့ ရောင်းဝယ်ရာမှာ လုံခြုံစိတ်ချလွယ်ကူလျင်မြန်စွာ ပေးချေ နိုင်မှာ ဖြစ်ပါတယ်။

Merchant တွေအနေနဲ့ MMQR ကိုစတင်အသုံးပြုမယ်ဆိုရင် အသုံးပြုနေတဲ့၊ သို့မဟုတ် အသုံးပြုချင်တဲ့ဘဏ်၊ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေကို အရင်ဆုံး ဆက်သွယ်ဖို့ လိုအပ်ပါမယ်။ ပြီးရင်သက်ဆိုင်ရာဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းက MMQR Merchant အဖြစ် ပြောင်းလဲဖို့ Onboarding Process လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဦးသီဟ

Deputy Manager - Internet Wallet Myanmar Ltd, OK$

Customer တွေအနေနဲ့ အရောင်းဆိုင် Merchant တွေမှာထားရှိတဲ့ MMQR ကို မိမိအသုံးပြုတဲ့ Mobile Wallet တစ်ခုနဲ့ Scan ဖတ်ပြီး လွယ်လွယ်ကူကူနဲ့ လုံခြုံလျင်မြန်စွာ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ Certified MMQR Mobile Wallet ရှိသူတိုင်း အင်တာနက် ရရှိတဲ့နေရာဒေသ၊ အချိန်အခါမရွေး အသုံးပြုနိုင်မှာဖြစ်ပြီး ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ Certified MMQR Mobile Wallet ရှိရင် MMQR ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

MMQR အသုံးပြုပြီး ငွေပေးချေရာမှာ ဝန်ဆောင်မှုမပြတ်တောက်စေဖို့ backup server တွေ၊ နည်းပညာပံ့ပိုးမှုအဖွဲ့တွေကို အဆင်သင့်ထားရှိပြီး backup system တွေလည်း ပြင်ဆင်ထားရှိတဲ့အတွက် သုံးစွဲမှုများပြားတဲ့အချိန်မှာတောင် ကြန့်ကြာမှုမရှိနိုင်ပါဘူး။ MMQR နဲ့ ငွေပေးချေရာမှာအသုံးပြုသူ Customer ဘက်က ကျသင့်ငွေဖြတ်သွားပြီး Merchant က ငွေလက်ခံရရှိမှုမရှိခဲ့ရင် ဖြေရှင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုသူ Customer တွေအနေနဲ့လည်း ငွေပေးချေရာမှာ အမှားအယွင်းမရှိစေဖို့ စိစစ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Source: moi.gov.mm

trump gold card

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးအပ်မည့် ရွှေရောင်အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် Trump Gold  Card ဟု  အမည်ပေးထားသော အစီအစဉ်သည် ရုရှားနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှ  ငွေကြေးဓနကြွယ်ဝသူများအား နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံလာ စေရန် ဆွဲဆောင်သည့် နည်းလမ်းတစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။

ထရမ့်အစိုးရအနေဖြင့် ဒေါ်လာ ၅ သန်း ပေးသွင်းပြီး  နိုင်ငံအတွင်း၌ အမြဲတမ်း နေထိုင်ခွင့်ရရှိစေမည့် Trump Gold Card အစီအစဉ်ကို အခွင့်အလမ်းတစ်ရပ်အဖြစ် လာမည့်ရက်ပိုင်းအတွင်း စတင်ဖော်ဆောင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ  ငွေကြေးချမ်းသာကြွယ်ဝသည့် မည်သည့်နိုင်ငံသားမဆို  အမေရိကန်အစိုးရထံသို့ ဒေါ်လာ ၅  သန်းပေးသွင်းပါက   အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် Trump  Gold  Card ရရှိမည်ဖြစ်သည်။   ယင်းအစီအစဉ်ကို    ထရမ့်က ဖေဖော်ဝါရီလ ၂၄  ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးကြွယ်ဝသူအချို့သည် ရွှေရောင်အမြဲတမ်း နေထိုင်ခွင့်ဖြစ်သည့် Trump  Gold  Card  အတွက်  ဒေါ်လာ၅  သန်းပေးသွင်းရန် တတ်စွမ်းနိုင်သည်ဟု ၎င်းကယူဆလျက်ရှိသည်။

အကယ်၍ ရုရှားနိုင်ငံသားများအပါအဝင် အခြားနိုင်ငံများမှ   ချမ်းသာကြွယ်ဝသူများက   အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်မည်ဆိုပါက ၎င်းငွေကြေး ချမ်းသာသူများသည်    နိုင်ငံအတွင်း ငွေကြေးအမြောက်အမြား သုံးစွဲမည့်အပြင် အမေရိကန်အစိုးရအတွက်  အခွန်များ ရှာဖွေပေးနိုင်ရုံသာမက   အမေရိကန်ပြည်သူ အများအပြားအတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု ထရမ့်ကယုံကြည်လျက်ရှိသည်။

ထရမ့်အစိုးရအနေဖြင့် အမေရိကန်တွင် လက်ရှိအသုံးပြု ဖော်ဆောင်နေသည့် EB-5 program အစီအစဉ်ကို အဆိုပါ Trump Gold Card အစီအစဉ်ဖြင့် အစားထိုးမည်ဖြစ်သည်။ အမေရိကန်အစိုးရသည် EB-5 program အစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၎င်းအစီအစဉ်အရ နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသူများကို  အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါ EB-5 program အစီအစဉ်ကို အမေရိကန်ကွန်ဂရက်က   အတည်ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်းသို့   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းအစီအစဉ်အရ အမေရိကန်ဝန်ထမ်း သို့မဟုတ် အလုပ်သမား အနည်းဆုံး  ၁၀ ဦး တာဝန်ထမ်း ဆောင်နေသည့် အမေရိကန် ကုမ္ပဏီတစ်ခုတွင် ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံရုံဖြင့် အစိုးရက ၎င်းတို့အား နိုင်ငံအတွင်း အမြဲတမ်း နေထိုင်ခွင့်ပြုခြင်းဖြစ်သည်။

သို့သော် EB-5 program အစီအစဉ်သည် မသမာမှုများကိုဖြစ်ပေါ်နိုင်စေသည့် အလားအလာရှိသည်ဟု   အမေရိကန် ကွန်ဂရက်သုတေသနအဖွဲ့က ၂၀၂၁ ခုနှစ်တွင်   ထုတ်ဖော်ပြောကြားထားသည်။ ထို့ကြောင့် လက်ရှိထရမ့်အစိုးရက အစီအစဉ်အသစ်လည်းဖြစ်   ရုရှားအပါအဝင် အခြားငွေကြေးကြွယ်ဝသူများအား နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး ရင်းနှီးမြှုပ်နှံရန်အတွက်   အစီအစဉ်အသစ်အဖြစ် Trump Gold Card အစီအစဉ်ကို ဖော်ဆောင်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ယခုဖော်ဆောင်မည့် Trump Gold Card အစီအစဉ်သည် ယခင်ကအသုံးပြုခဲ့သော EB-5 program အစီအစဉ်ရှိ မသမာမှုများကို ဖယ်ရှားပစ်မည်ဖြစ်သည့်အပြင် Trump Gold Card ကိုင်ဆောင်သူများ အနေဖြင့် နောက်ဆုံးတွင်  နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် Trump  Gold  Card  အစီအစဉ်အရ နိုင်ငံအတွင်း၌ အမြဲတမ်းနေထိုင်ခွင့် ရရှိသူများသည် ယခင် EB-5 program အစီအစဉ်အရ အမြဲတမ်းနေထိုင်ခွင့် ရရှိသူများထက် အထူးခံစားခွင့်များရရှိမည်ဖြစ်သည်ဟု အစိုးရက ကြေညာထားသည်။

Trump Gold Card အစီအစဉ်မှရရှိသည့်  ငွေကြေးများကို  အစိုးရ၏အသုံးစရိတ် လိုငွေပြမှုများအား လျှော့ချရာတွင် အသုံးပြုရန်  ထရမ့်အစိုးရက စီစဉ်ထားသည်။ အမေရိကန်အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်အတွက်  အသုံးစရိတ်လိုငွေပြမှု လျှော့ချနိုင်ရေးအတွက်  တစ်ရက်လျှင် ပျမ်းမျှ ဒေါ်လာ ၄ ဘီလီယံလျှော့ချရန် လိုအပ်သည်ဟု အမေရိကန်စွန့်ဦးတီထွင်သူနှင့်  အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE) အကြီးအကဲ အီလွန်မက်က ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ထရမ့်အစိုးရအား အဆိုပြုခဲ့သည်။ ထို့ကြောင့် Trump Gold Card အစီအစဉ်သည် အမေရိကန်၏ အကျိုးစီးပွား ဖော်ဆောင်မှုအတွက် အောင်မြင်မှု ရရှိစေနိုင်သည်ဟု ထရမ့်က မျှော်လင့်လျက် ရှိသည်။

Source: Myawady Web Portal

Green Product ထုတ်ကုန်များကြောင့် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု သိသိသာသာမြင့်တက်

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ၊ လောင်စာဆီနှစ်မျိုးသုံး သင်္ဘော များသည် လာမည့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို သိသိသာသာ မြင့်တက်လာစေမည်ဖြစ်ကြောင်း၊ စက်မှုနှင့် လျှပ်စစ်တန်ဖိုးမြှင့်ထုတ်ကုန်များသည် တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များနှင့် ဈေးကွက်လေ့လာ သုံးသပ်သူများက ပြောကြားထားပါသည်။ 

ပြင်ပစိန်ခေါ်မှုများနှင့် ဈေးကွက်မသေချာမရေရာမှုများရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ၅   ရာခိုင်နှုန်း  မြှင့်တက်ခဲ့ကြောင်း၊ တရုတ်၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုသည် ၅.၉၈ ထလီယံဒေါ်လာခန့် ရှိခဲ့ကြောင်း တရုတ်အကောက်ခွန် အထွေထွေဌာန၏ အချက်အလက်များအရ  သိရှိ ရပါသည်။ 

တရုတ်နိုင်ငံအနေဖြင့် 3D နှင့် AI နည်းပညာ၊ စစ်ပွဲသုံးမှန်ဘီလူး ထုတ်လုပ်သည့်နည်းပညာများ၌ ပိုမိုရင်းနှီးမြှုပ်နှံကာ လာမည့်နှစ်များတွင် ပို့ကုန်ကဏ္ဍကို မြှင့်တင်သွားမည်ဟု သိရှိရပါသည်။ တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာန၏ ညွှန်ကြားရေးမှူး Liang က ဈေးကွက်ယှဉ်ပြိုင်မှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများအကြားတွင် တရုတ်နိုင်ငံသည် ပိုမိုဆန်းသစ်သော တီထွင်မှုများဖြင့် ဈေးကွက်ကို ကြီးစိုးသွားမည်ဖြစ်ပါကြောင်း၊ ဈေးကွက်ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်လည်း ချိတ်ဆက်ကာ ဈေးကွက်ကို ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ 

Source:  China Daily (Published on 10-2-2025)