အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rubio မလေးရှားနိုင်ငံသို့ သွားရောက်မည်
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio သည် ASEAN-United States Post-Ministerial Conference၊ the East Asia Summit Foreign Ministers’ Meeting နှင့် ASEAN Regional Forum Foreign Ministers’ Meeting တို့ကို တက်ရောက်ရန် ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကွာလာလမ်ပူမြို့သို့ သွားရောက်၍မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့ တွင် သတင်းထုတ်ပြန်ပါသည်။
အဆိုပါခရီးစဉ်သည် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အာရှတိုက်သို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်ကာ အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်၊ ပွင့်လင်း၊ လုံခြုံစေရေးအတွက် အမေရိကန် ပြည်ထောင်စု၏ ကတိကဝတ်များအတွက် Rubio က အလေးထား သွားရောက်ခြင်း ဖြစ်ပါသည်။
ခရီးစဉ်အတွင်း ဝန်ကြီးသည် အရှေ့တောင်အာရှ ဒေသတွင်းရှိပြည်သူများနှင့် အမေရိကန် ပြည်ထောင်စု သားများအတွက် အကျိုးရှိစေမည့် အာဆီယံနှင့် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပြုရေး အားကောင်း ခိုင်မာလာစေရန် အလေးထားလုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မလေးရှားနိုင်ငံနှင့်လည်း ကဏ္ဍစုံ မိတ်ဖက် ပြုရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကိုးကား- U.S Department of State
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ