သတင်းများ

ယူကရိန်း၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုကို ကန့်သတ်ရန် EU ကို အရှေ့ဥရောပနိုင်ငံများက တိုက်တွန်း

ယူကရိန်းမှ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအား ခွဲတမ်းပမာဏ (quota)အများအပြားဖြင့် ဥရောပသို့ တင်သွင်းခွင့်ပြုထားခြင်းကိုဖျက်သိမ်းရန်နှင့် ယူကရိန်းကုမ္ပဏီများက ဥရောပဈေးကွက်စံနှုန်းများကို လိုက်နာရန်လိုအပ်ကြောင်း ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား နှင့် ဆလိုဗက်ကီးယားနိုင်ငံတို့၏ လယ်ယာစိုက်ပျိုးရေးဝန်ကြီးများကဥရောပကော်မရှင်ထံ တောင်းဆိုထားကြကြောင်း ဟန်ဂေရီလယ်ယာ စိုက်ပျိုးရေးဝန်ကြီး Istvan Nagy က ပြောကြားထားပါသည်။

“မိမိတို့ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍  ဘူလ် ဂေးရီးယား၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများနှင့်အတူ ဘရပ်ဆဲလ်(အီးယူအဖွဲ့)  သို့  ပူးတွဲစာတစ်စောင်ပေးပို့ကာ  တိုက်တွန်းခဲ့ကြောင်း၊ ယူကရိန်းမှ သွင်းကုန်များအပေါ် စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသည့် ဥရောပစည်းမျဉ်းများမှာ ယခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ဥရောပ ကော်မရှင်သည် ယူကရိန်းစိုက်ပျိုးရေး ထွက်ကုန်များကြောင့် ဖြစ်ပေါ်လာသော ဈေးကွက်ဆိုင်ရာပြဿနာများကို ရေရှည်အတွက် ဖြေရှင်းရန် လိုအပ်ကြောင်း” Istvan Nagy က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီက ယူကရိန်းက တင်သွင်းခဲ့သော စိုက်ပျိုးရေးထွက်ကုန်များမှာ ခွဲတမ်းလွန်စွာများပြားနေသဖြင့် ယခုအခါ အဆိုပါခွဲတမ်းများကို ပြန်လည်ထိန်းချုပ်ကန့်သတ်သင့်သည်ဟု အရှေ့ ဥရောပနိုင်ငံများက ယူဆကြောင်း Nagy က ပြောကြားခဲ့သည်။ 

ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများသို့ ထောက်ပံ့မှုများ အတွက် အကောက်ခွန်များကို ပြန်လည်သတ်မှတ်ရန်နှင့် “ဒေသအလိုက် တစ်ဦးချင်းခွဲတမ်းများ” ကို မိတ်ဆက်ရန် ဝန်ကြီးများက ဥရောပ ကော်မရှင်ကို အကြံပြုခဲ့ကြပါသည်။ ထို့အပြင် ယူကရိန်းမှ ဥရောပဈေးကွက်သို့ ရောက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်များသည် ဥရောပသမဂ္ဂ၏ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်နှင့် အခြားစံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိကို စောင့်ကြည့်ရန် ဘရပ်ဆဲလ်ကို တောင်းဆိုခဲ့ကြသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

MSME ချေးငွေများ လျှောက်ထားနိုင်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့ အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆)ခုတို့မှ ထုတ်ချေး ပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့်Fixed Capital အနည်းဆုံး (၃၀%)နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၃ % Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်န

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့ အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆)ခုတို့မှ ထုတ်ချေး ပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့်Fixed Capital အနည်းဆုံး (၃၀%)နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၃ % Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၅ % တို့ဖြင့် ချေးငွေများလျှောက်ထားနိုင်ပါသည်။ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့်ဆက်သွယ်၍ ချေးငွေများလျှောက်ထား နိုင်ကြောင်း အသိပေးအပ်ပါသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့

Source: Myawady Web Portal

တရုတ်နိုင်ငံသို့ ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှု ၈၀% ကျဆင်း

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပိုင်းတွင် တရုတ်သို့ ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှု ၈၀% အထိ ကျဆင်းသွားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) မှ ထုတ်ပြန်ချက်အရသိရပြီး ထိုကာလအတွင်း ဒူးရင်းသီး ၃,၅၀၀ တန် သာတင်ပို့နိုင်ခဲ့သည်။

တင်ပို့မှုကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ သွင်းကုန်စည်းမျဉ်းအရ ဒူးရင်းသီးများအား ပိုမိုတင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ကက်ဒမီယမ်နှင့် Auramine O (Basic Yellow 2 - BY2) အကြွင်းအကျန်များကို စစ်ဆေးခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ ဒူးရင်းသီးများတွင် စည်းမျဉ်းချိုးဖောက်မှုများ တွေ့ရှိပြီးနောက် ထိုတင်းကျပ်မှုများကို စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် အစောပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် သွင်းကုန်ဒူးရင်းသီး အားလုံးအား အသိအမှတ်ပြုဓာတ်ခွဲခန်းများတွင် အကြွင်းအကျန် စစ်ဆေးမှုများ ပြုလုပ်ရန် ပြဋ္ဌာန်းခဲ့သည်။ ထိုသို့စစ်ဆေးမှုများကြောင့် တင်ပို့မှုလုပ်ငန်းစဉ်များ သိသိသာသာ ကြာမြင့်လာပြီး ပို့ဆောင်ရေး အစီအစဉ်များကို နှောင့်နှေးစေကာ နယ်စပ်ဂိတ်များတွင် ကြပ်တည်း မှုများ ဖြစ်ပေါ်စေခဲ့သည်။ အချို့ကုန်သည်များသည် မှောင်ခိုတင်ပို့မှု များကို အကူအညီယူခဲ့ကြသော်လည်း ထိုနည်းလမ်းသည် ဗီယက်နမ် ဒူးရင်းသီးလုပ်ငန်း၏ ရေရှည်တည်တံ့မှုအတွက် မဖြစ်နိုင်ပေ။

Sutech Science and Technology Consulting Co., Ltd ၏ CEO ဖြစ်သူ Phan Thi Men က တင်းကျပ်သောစစ်ဆေးမှုများကြောင့် တင်ပို့မှု ပမာဏများ သိသိသာသာကျဆင်းသွားပြီး အချို့နေ့များတွင် တင်ပို့မှုများ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်အစိုးရသည် တရုတ်နိုင်ငံနှင့် ယခင်တင်ပို့မှုစည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး စစ်ဆေးမှုလုပ်ငန်းစဉ် များကို ပိုမိုလွယ်ကူစေရန်နှင့် အကောက်ခွန်လုပ်ငန်းစဉ်များ ချောမွေ့ စေရန်ရည်ရွယ်သည်။ ထို့အပြင် အချို့တင်ပို့သူများသည် တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုမှုကို လျှော့ချရန်အတွက် အခြားဈေးကွက်များကို ရှာဖွေလျက်ရှိပြီး ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှုများအတွက် ပိုမို တည်ငြိမ်ပြီး ပြည့်စုံသောဗျူဟာများဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိသည်။

ကိုးကား-VN Express

ပိတ်ဆို့အရေးယူမှုများက ရုရှား၏စီးပွားရေး အလားအလာကို ပိုမို အားကောင်းလာစေခဲ့သည်ဟု ပူတင်ပြော

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ရုရှား၏စီးပွားရေးနှင့် နည်းပညာကဏ္ဍများကို မထင်မှတ်ဘဲ အားကောင်းလာစေခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က မော်စကိုမြို့၌ ကျင်းပသည့် အနာဂတ် နည်းပညာ ဖိုရမ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် အနောက်နိုင်ငံများမှကုမ္ပဏီများ ပြန်လည်ဝင်ရောက်လာနိုင်သည့်အလားအလာကို ပြည်တွင်းကုမ္ပဏီများ ကာကွယ်နိုင်ရန်အတွက် သေချာစွာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရန် လိုအပ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြား ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့သည် မော်စကို နှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါက အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ပေးနိုင်ကြောင်း မကြာသေးမီကပြသခဲ့သည်။ ထိုအချက်သည် ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားမှထွက်ခွာသွားခဲ့သည့် ကုမ္ပဏီများ ပြန်လည်ဝင်ရောက် လာနိုင်သည့် အလားအလာကိုမြင့်တက်စေခဲ့သည်။

ထို့အပြင်ကန့်သတ်မှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် သိပ္ပံ ပညာကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနီးကပ်စေခဲ့ကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ် ဒီနစ်မန်တူရိုဗ် ကဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရုရှားအတွက် အကျိုးစီးပွားရှိသည့် ကုမ္ပဏီ များကိုသာ ပြန်လည်ခွင့်ပြုမည်ဟုပြောကြားခဲ့သည်။ EU နှင့် အမေရိကန်တို့သည် ပိတ်ဆို့အရေးယူမှုများစွာကို လုပ်ဆောင်နေစဉ် ရုရှားသည် ၎င်း၏ အများပြည်သူပိုင်ဝယ်ယူမှုစနစ်နှင့် လုပ်ငန်း ထောက်ပံ့မှုများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အပြောင်းအလဲများကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒီနစ်မန်တူရိုဗ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အနာဂတ်နည်းပညာဖိုရမ်တွင် ပူတင်က ပြည်တွင်းထုတ်လုပ်သူများအတွက် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ရန်အတွက် ရုရှားလုပ်ငန်းများနှင့် ၎င်းတို့၏ နိုင်ငံခြားပြိုင်ဘက်များအကြား ပြန်လည်ဆက်ဆံရေးကိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ရန် မူဝါဒတစ်ခုဖော်ဆောင်ရန် အစိုးရအားညွှန်ကြားခဲ့သည်။ ပြည်တွင်းထုတ်လုပ်သူများအတွက် ကောင်းမွန်သော အခြေအနေများကို သေချာစေရန်လိုအပ်သည့်အတွက် အဆိုပါ လုပ်ငန်းစဉ်ကို ဂရုတစိုက်ဆောင်ရွက်သင့်ကြောင်း ပူတင်က အလေးထား ပြောကြားခဲ့သည်။

ကိုးကား-RT

မိမိနိုင်ငံ အကျိုးအမြတ်ရှိမည်ဆိုပါက ပြည်ပကုမ္ပဏီများ ပြန်လည် ဝင်ရောက် ခွင့်ပြုမည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် ပြောကြား

မိမိနိုင်ငံ အကျိုးအမြတ်ရှိမည်ဆိုပါက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံ သူများကိုရုရှားသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါးနိုဗက်က ရုရှားနိုင်ငံပိုင်သတင်းဌာန ဖြစ်သည့် TASS ကို ပြောကြားလိုက်သည်။ 

နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်မှုမှာ မိမိတို့အတွက် အကျိုးရှိပါကြောင်း၊ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး တိကျစွာ လုပ်ဆောင်ရပါမည်ဖြစ်ပြီး လစ်ဟာနေသည့် နေရာအများအပြားကို ရုရှားထုတ်လုပ်သူများ သို့မဟုတ် မိတ်ဖက်နိုင်ငံများမှ ပါတနာများ အတွက် အဆင်သင့်လျာထားပါကြောင်း နိုဗက်က အလေးပေးပြောကြား ခဲ့ပါသည်။ 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအများအပြား ရုရှားမှ ထွက်ခွာခဲ့ရာ ယခုအခါ ရုရှား အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်သူများနှင့် မိတ်ဖက်နိုင်ငံများမှ ပါတနာများကို အားပေးထောက်ခံရန် အလေးပေးလုပ်ဆောင်လျက် ရှိနေပါသည်။

(၉) ကြိမ်မြောက် ET NOW Global Business Summit 20 25 အခမ်းအနားတွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် ခေါင်းစဉ် (၂)ခုဖြင့် ပါဝင် ဆွေးနွေး

(၉) ကြိမ်မြောက် ET NOW Global Business Summit 2025 အခမ်းအနားတွင် မြန်မာနိုင်ငံမှ Myanmar – India Trade Partnership: Unlocking New Avenues for Growth ခေါင်းစဉ်၊ Global Cooperation in a Polarized World ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် Panelist အဖြစ် ပါဝင်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကို အိန္ဒိယ နိုင်ငံရှိ မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် The Times Group က ဦးစီး၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းတို့နှင့်အတူ မြန်မာသံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အခမ်းအနားကို ဖွံ့ဖြိုးတိုးတက်မှု၊ ထင်ပေါ် ကျော်ကြားလာမှုနှင့်နယ်ပယ်ချဲ့ထွင်မှု (Evolve, Emerge, Expand) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ဧည့်သည်တော်အကြီးအကဲအဖြစ်ပါဝင် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံမှစီးပွားရေးဆိုင်ရာဝန်ကြီးများ၊ အရာရှိကြီးများ၊ သီရိလင်္ကာနှင့် အယ်လ် ဘေးနီးယားနိုင်ငံတို့မှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ထင်ပေါ်ကျော်ကြားသော ဆွေးနွေးပြောကြားသူ (၂၀၀၀) ကျော်နှင့်နိုင်ငံပေါင်း (၅၀) ခန့်မှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း (၄) သောင်းကျော်ပါဝင်တက်ရောက်ခဲ့ကြပြီး စီးပွားရေး အကြပ်အတည်း ကာလအတွင်း ကြံ့ကြံ့ခိုင်ဆောင်ရွက်နိုင်မှုမှစ၍ စက်မှုလုပ်ငန်း ၅.၀ ပေါ်ထွက်လာမှု၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးမူ ဝါဒပြောင်းလဲမှုများ၊ စွမ်းအင်လုံခြုံရေး၊ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများနှင့် ယဉ်ကျေးမှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့၏ အရေးပါမှု အပါအဝင်ကဏ္ဍစုံဆွေးနွေးပြောကြားမှုများပါဝင်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက Myanmar – India Trade Partnership: Unlocking New Avenues for Growth ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Global Cooperation in a Polarized World ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် Panelist အဖြစ်လည်းကောင်း ပါဝင်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

Source: Popular Myanmar

အမေရိကန်သို့ တင်သွင်းလာသော မော်တော်ကားများအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်းခန့် စည်းကြပ်မည်ဟု ထရမ့်ပြောကြား

အမေရိကန်သို့ တင်သွင်းလာသော မော်တော်ကားများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းခန့် ကောက်ခံမည်ဖြစ်ပြီး အဆိုပါစည်းကြပ်ခွန်အစီအမံကို ဧပြီလ ၂ ရက်တွင် တရားဝင်ကြေညာမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဆေးဝါးနှင့် ချိ(ပ်)စသည့် ကုန်ပစ္စည်းများ၏ တင်သွင်းမှု စည်းကြပ်ခွန်ကိုလည်း ကနဦးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့်သတ်မှတ်ထားပြီး တစ်နှစ်အတွင်း “သိသိသာသာတိုးမြှင့်” မည်ဟု ထရမ့်က အဆိုပါနေ့တွင် ဖလော်ရီဒါပြည်နယ် ပါမ်ကမ်းခြေရှိ မာအာလာဂိုစံအိမ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

စည်းကြပ်ခွန်က ကုမ္ပဏီများအား အမေရိကန်သို့ ပြန်လာရန် တွန်းအားပေးမည်ဖြစ်ပြီး အကယ်၍ အမေရိကန် နိုင်ငံအတွင်း၌စက်ရုံတည်ထောင်ပါက စည်းကြပ်ခွန်ရှိမည်မဟုတ်ဟု ထရမ့်က ပြောကြားခဲ့သည်။ တချို့သော ကုမ္ပဏီလုပ်ငန်းကြီးများက အမေရိကန်၏ စည်းကြပ်ခွန်၊ အကောက်ခွန် အားပေးမှု အစီအမံကဏ္ဍ၏ စီးပွားရေးမူဝါဒများကြောင့် အဆိုပါ ကုမ္ပဏီလုပ်ငန်းများက “အမေရိကန်သို့ ပြန်လာရန်မျှော်လင့်” ကြောင်း ၎င်းထံ ပြောကြားခဲ့သည်ဟု ထရမ့်က ဆိုသည်။

ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာချက်လက်မှတ်ရေးထိုးကာ အမေရိကန်သို့ တင်သွင်းသော သံ၊ သံမဏိနှင့် လူမီနီယံအားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံပြီး ကုန်သွယ်ရေးမိတ်ဖက်အချို့၏ သံ၊ လူမီနီယံ အခွန်ကင်းလွတ်ခွင့် ပမာဏနှင့် အခွန်ကင်းလွတ်ခွင့် မူဝါဒကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီ ၁၃ ရက်က စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး သက်ဆိုင်ရာဌာနများအား နိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်တစ်ဦးစီအပေါ် အပြန်အလှန် “ညီမျှသောစည်းကြပ်ခွန်” အတည်ပြုရန် တောင်းဆိုခဲ့သည်။

အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒသည် ဘက်ပေါင်းစုံ၏ ကန့်ကွက်မှုကိုခံခဲ့ပြီး ယင်းသည် စည်းမျဉ်းစည်းကမ်းများကို အခြေခံထားသော နိုင်ငံစုံကုန်သွယ်မှုယန္တရားအပေါ် ပြင်းထန်စွာချိုးဖောက်သလို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်အပေါ် ရိုက်ခတ်မှုများ၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်းအပေါ် အဟန့်အတားများဖြစ်စေပြီး ဘက်ပေါင်းစုံ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဟု နိုင်ငံအများအပြားမှ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များက ယူဆကြသည်။ 

ကိုးကား-ဆင်ဟွာ

၇၅ နှစ်မြောက် တရုတ်- ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အသစ် (၃) ခု ချုပ်ဆို

၇၅ နှစ်မြောက် တရုတ်-ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တရုတ်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခုကို တရုတ်-ဆွစ်ဇာလန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဖလှယ်ပွဲ၌ ဖေဖော်ဝါရီ ၁၇ တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါပွဲကို  Beijing Investment Promotion Bureau နှင့် Swiss Cedrus Group တို့က ပူးပေါင်း စီစဉ်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ Chaoyang ခရိုင်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။  အဓိကအားဖြင့် သိပ္ပံနှင့်ဇီဝဆေးပညာနယ်ပယ်များရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ဦးစားပေးဆွေးနွေးခဲ့ကြပြီး

၇၅ နှစ်မြောက် တရုတ်-ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တရုတ်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခုကို တရုတ်-ဆွစ်ဇာလန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဖလှယ်ပွဲ၌ ဖေဖော်ဝါရီ ၁၇ တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါပွဲကို  Beijing Investment Promotion Bureau နှင့် Swiss Cedrus Group တို့က ပူးပေါင်း စီစဉ်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ Chaoyang ခရိုင်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။  အဓိကအားဖြင့် သိပ္ပံနှင့်ဇီဝဆေးပညာနယ်ပယ်များရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ဦးစားပေးဆွေးနွေးခဲ့ကြပြီး တရုတ်နှင့် ဆွစ်ဇာလန်နိုင်ငံများမှ ကုမ္ပဏီပေါင်း (၈၀) ကျော် ထိုရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါပွဲတွင် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခု ချုပ်ဆိုနိုင်ခဲ့သောကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု များပြားလာမည်ဟု မျှော်မှန်းထားကြပါသည်။ တရုတ်ထိပ်တန်း ကုမ္ပဏီ Dachao Biotechnology Co Ltd သည် ဆွစ်ဇာလန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံကုမ္ပဏီများဖြစ်ကြသည့် Orexa နှင့် Kadence Bio တို့သည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုးကား - China Daily 

အသေးစိတ်ဖတ်ရှုရန်- https://www.chinadaily.com.cn/a/202502/20/WS67b68dc6a310c240449d644c.html

ပင်လယ်ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေ

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာမြို့နယ်ထွက် ပင်လယ် ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ပြီး ပင်လယ်ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည့်အပြင် ရန်ကုန်ဈေးကွက်မှလည်း ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်ပိုမိုကောင်းမွန်နေကြောင်း သိရသည်။

အဆိုပါ ပင်လယ်ငါးခြောက်အစုံကို တစ်ရက်လျှင် ပိဿာ ချိန် (၅၀၀) မှ (၂၅၀၀)ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် ငါးခြောက်များမှာ ငါးကွမ်း ရှပ်၊ ငါးလိပ်ကျောက်၊ ငါးပုပ်သင်၊ ပင်လယ်ငါးပြေမ၊ ငါးဖောင်ရိုး၊ငါးနီတူစသည့် ပင်လယ်ငါးခြောက်များ အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် (၂၇၀၀၀) ကျပ်၊ ငါးကွမ်းရှပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် (၅၅၀၀၀) ကျပ် ၊ ပင်လယ်ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် (၅၄၀၀၀) ကျပ် ၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် (၄၃၀၀၀) ကျပ်၊ အပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် (၂၉၅၀၀) ကျပ် ၊ ငါးပုပ်သင်ခြောက် တစ်ပိဿာလျှင် ငွေကျပ် (၃၇၀၀၀) ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာလျှင် ငွေကျပ် (၂၅၀၀၀) ကျပ် စသဖြင့် အရွယ်အစားအပေါ်မူတည်၍ ဈေးအပြောင်းအလဲရှိကြောင်း သိရသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေပမာဏ တိုးမြှင့်ပေးအပ်သွားမည်

ပုဂ္ဂလိကကဏ္ဍများအတွက် ချေးငွေပေးအပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် မူလချေးငွေနှင့် ကြွေးမြီချေးငွေများကို ပမာဏတိုးမြှင့်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ အမျိုးသားဘဏ္ဍာ စီမံခန့်ခွဲရေးအဖွဲ့က Website တွင် ထုတ်ပြန်ထားပါသည်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့် စာတမ်းဖတ်ပွဲ ကျင်းပပြီးစီးပြီးနောက် အစိုးရက ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးရန်အတွက် နည်းပညာကဏ္ဍကိုလည်း တိုး

ပုဂ္ဂလိကကဏ္ဍများအတွက် ချေးငွေပေးအပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် မူလချေးငွေနှင့် ကြွေးမြီချေးငွေများကို ပမာဏတိုးမြှင့်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ အမျိုးသားဘဏ္ဍာ စီမံခန့်ခွဲရေးအဖွဲ့က Website တွင် ထုတ်ပြန်ထားပါသည်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့် စာတမ်းဖတ်ပွဲ ကျင်းပပြီးစီးပြီးနောက် အစိုးရက ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးရန်အတွက် နည်းပညာကဏ္ဍကိုလည်း တိုးတက်စေရေး လုပ်ဆောင်သင့်ကြောင်း ထပ်မံထုတ်ပြန် ကြေညာခဲ့ပါသည်။ 

ကိုးကား - China Daily

Photo: Dimsum Daily

အသေးစိတ်ဖတ်ရှုရန်- https://english.www.gov.cn/news/202502/20/content_WS67b6d428c6d0868f4e8efd66.html