အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေပမာဏ တိုးမြှင့်ပေးအပ်သွားမည်
ပုဂ္ဂလိကကဏ္ဍများအတွက် ချေးငွေပေးအပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် မူလချေးငွေနှင့် ကြွေးမြီချေးငွေများကို ပမာဏတိုးမြှင့်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ အမျိုးသားဘဏ္ဍာ စီမံခန့်ခွဲရေးအဖွဲ့က Website တွင် ထုတ်ပြန်ထားပါသည်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့် စာတမ်းဖတ်ပွဲ ကျင်းပပြီးစီးပြီးနောက် အစိုးရက ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးရန်အတွက် နည်းပညာကဏ္ဍကိုလည်း တိုးတက်စေရေး လုပ်ဆောင်သင့်ကြောင်း ထပ်မံထုတ်ပြန် ကြေညာခဲ့ပါသည်။
ကိုးကား - China Daily
Photo: Dimsum Daily
အသေးစိတ်ဖတ်ရှုရန်- https://english.www.gov.cn/news/202502/20/content_WS67b6d428c6d0868f4e8efd66.html