၇၅ နှစ်မြောက် တရုတ်- ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အသစ် (၃) ခု ချုပ်ဆို

News Image

  • ၇၅ နှစ်မြောက် တရုတ်- ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အသစ် (၃) ခု ချုပ်ဆို

၇၅ နှစ်မြောက် တရုတ်-ဆွစ်ဇာလန် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တရုတ်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခုကို တရုတ်-ဆွစ်ဇာလန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဖလှယ်ပွဲ၌ ဖေဖော်ဝါရီ ၁၇ တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါပွဲကို  Beijing Investment Promotion Bureau နှင့် Swiss Cedrus Group တို့က ပူးပေါင်း စီစဉ်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ Chaoyang ခရိုင်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။  အဓိကအားဖြင့် သိပ္ပံနှင့်ဇီဝဆေးပညာနယ်ပယ်များရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ ဦးစားပေးဆွေးနွေးခဲ့ကြပြီး တရုတ်နှင့် ဆွစ်ဇာလန်နိုင်ငံများမှ ကုမ္ပဏီပေါင်း (၈၀) ကျော် ထိုရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါပွဲတွင် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်အသစ် (၃) ခု ချုပ်ဆိုနိုင်ခဲ့သောကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု များပြားလာမည်ဟု မျှော်မှန်းထားကြပါသည်။ တရုတ်ထိပ်တန်း ကုမ္ပဏီ Dachao Biotechnology Co Ltd သည် ဆွစ်ဇာလန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံကုမ္ပဏီများဖြစ်ကြသည့် Orexa နှင့် Kadence Bio တို့သည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုးကား - China Daily 

အသေးစိတ်ဖတ်ရှုရန်- https://www.chinadaily.com.cn/a/202502/20/WS67b68dc6a310c240449d644c.html