သတင်းများ

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်မည့် ထရမ့်၏အမိန့်စတင်အသက်ဝင်

ဝါရှင်တန်၊ စီးပွားရေး

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်ကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်ကြေညာချက်သည် မတ်လ ၄ ရက်မှစ၍ အသက်ဝင်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ်ကောက်ခံနေသည့် သွင်းကုန်ခွန်ကို နှစ်ဆတိုးမြှင့်လိုက်သည့် ထရမ့်၏အမိန့်ကြေညာချက်သည် ယခုအချိန်မှစ၍ အသက်ဝင်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်မှတာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားခြင်းဖြစ်သည်။

တရုတ်အစိုးရသည် သဘာဝအတိုင်းမဟုတ်ဘဲ ဖန်တီးထားသည့် အကိုက်အခဲပျောက်ဆေးကဲ့သို့သော တရားမဝင်ဆေးဝါးများ အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်နေခြင်းနှင့်စပ်လျဉ်း၍ ထိရောက်စွာတုံ့ပြန်လုပ်ဆောင်နိုင်ခြင်းမရှိဟု ထရမ့်ကစွပ်စွဲပြီး တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ကောက်ခံနေသည့်သွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည့်အမိန့်ကြေညာချက်အား မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်ကုန်ပစ္စည်းများအပေါ် ယခုကဲ့သို့ အခွန်တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံအတွင်းသို့ တရားမဝင်ဆေးဝါးများဝင်ရောက်နေခြင်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း ထရမ့်အစိုးရက ပြောကြားထားသည်။

သို့ရာတွင် အမေရိကန်အစိုးရသည် အကိုက်အခဲပျောက်ဆေးကိစ္စရပ်အား အကြောင်းပြချက်တစ်ရပ်အဖြစ်အသုံးချ၍ တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထိုသို့သောလုပ်ဆောင်ချက်မျိုးကို တရုတ်နိုင်ငံကဆန့်ကျင်ကြောင်းနှင့် တရုတ်အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏တရားဝင်အကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် လိုအပ်သည့်အရာများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက တုံ့ပြန်ပြောကြားခဲ့ကြောင်းသိရသည်။ 

Source: https://myawady.net.mm/

ပေကျင်း၊ မတ် ၄ ရက် 

အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် မတ် ၃ ရက်တွင် အမေရိကန်က မူလက ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် အခြေခံပေါ်တွင် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံသွားမည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအောက်တွင် အမေရိကန်၏ နောက်ဆုံး စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီ အမံကို တရားစွဲဆိုပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က မတ် ၄ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်၏ တစ်ဖက်သတ် စည်းကြပ်ခွန် ကောက်ခံသည့် အစီအမံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းကိုဆိုးရွားစွာ ချိုးဖောက်နေပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အခြေခံကို ဖျက်ဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံက ပြင်းပြင်းထန် ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းနှင့်အညီ မိမိ၏တရားဝင် လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို အခိုင်အမာကာကွယ်စောင့်ရှောက်ပြီး နိုင်ငံစုံကုန်သွယ်ရေး ယန္တရားနှင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေး စည်းစနစ်ကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

ကိုးကား-ဆင်ဟွာ

Photo: Mint

၂၀၂၅ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၅% ဝန်းကျင်ရှိရန် တရုတ် နိုင်ငံရည်မှန်း

တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး နိုင်ငံရေးဆိုင်ရာ အခမ်းအနားဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက်ညီလာခံကို ပေကျင်းမြို့၌ စတင်ကျင်းပ လျက်ရှိပြီး ယခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းခန့်ရရှိရန် မျှော်မှန်းထားကြောင်း တရုတ်အစိုးရက ဆိုပါသည်။

အဆိုပါရည်မှန်းချက်ကို ဝန်ကြီးချုပ် Li Qiang က ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်မှ တိုးတက်မှုနှုန်းနှင့် တူညီကာ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ ၅ ရာခိုင်နှုန်းရည်မှန်းချက် ပြည့်မီစေရေး လုပ်ဆောင်နိုင်ခဲ့ပါသည်။

လတ်တလောတွင် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး ပဋိပက္ခများ ရှိနေသော်လည်း တရုတ်အစိုးရသည် စီးပွားရေးကို ပံ့ပိုးရန်နှင့် တိုးတက်မှုကို ထိန်းသိမ်းရန် ရည်ရွယ်နေသည်။

မကြာသေးမီက အမေရိကန်အစိုးရသည် တရုတ်ကသွင်းကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန်စည်းကြပ်မှုကို နှစ်ဆတိုးပြီး ၂၀ ရာခိုင်နှုန်း အထိ မြှင့်တင်ခဲ့ပါသည်။ တရုတ်အစိုးရက တန်ပြန်အစီအမံများကို ကြေညာထားသော်လည်း ပို့ကုန်ကဏ္ဍသည် တရုတ်စီးပွားရေးကို မြင့်မားလာစေရန် ကာလရှည်ကြာ တွန်းအားပေးစေခဲ့ခြင်းဖြစ်ပါသည်။ အခြား လုပ်ဆောင် မှုများတွင် ပြည်တွင်းဝယ်လိုအား မြှင့်တင်ရေးအတွက် ဝယ်ယူစားသုံးမှုများကို လှုံ့ဆော်အားပေးရန် တရုတ်အစိုးရက စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

ကိုးကား-NHK World

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်နေ့ညပိုင်းတွင် ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့အား မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှား-မြန်မာစီးပွားရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီးစသည့် အသီးအနှံများအား ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့်အခြေအနေများ၊ စွန့်ပစ်အမှိုက်များအား Recycle ဖြင့် ပြန်လည်အသုံးပြုနိုင်ရေးကိစ္စရပ်များ၊ အာကာသနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Source: https://www.moi.gov.mm

ဓနုဖြူမြို့နယ်၌ ဘူးပင်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

ဧရာဝတီ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ဘူးသီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဘူးသီးကို နိုဝင်ဘာလတွင် စိုက်ပျိုး၍ နှစ်လခွဲခန့်အကြာ ဖေဖော်ဝါရီလမှစတင်၍ ဘူးသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဗမာမျိုးများကို စိုက်ပျိုးကြပြီး စင်တင်စနစ်နှင့် မြေချစနစ်ဟူ၍ရှိရာ စင်တင်စနစ်ဖြင့်သာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဘူးပင်ရေ ၁၈၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ပြီး စင်တင်စနစ်စိုက်ပျိုးရာ၌ အသုံးပြုသည့်ဝါးစင်ကို နှစ်နှစ်အတွင်း ပြန်လည်အသုံးပြုနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၇ သိန်းကျော်ခန့် ကုန်ကျကြောင်း၊ ဘူးသီးကို တစ်လလျှင် လေးကြိမ်ခူးဆွတ်ရနိုင်ပြီး လေးလအကြာအထိ ခူးဆွတ်လျက်ရှိရာ တစ်ဧကလျှင် စုစုပေါင်း ဘူးသီးအလုံးရေ ၄၁၀၀ - ၄၃၀၀ လုံးခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ်အတွင်းရှိ ကုန်စိမ်းလက်ကားဆိုင်များ၊ ဘူးသီးကြော်ဆိုင်များသို့ ရောင်းချလျက်ရှိရာ ဘူးသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

Source: https://www.myanmardigitalnewspaper.com/

တရုတ်နိုင်ငံသည် အမေရိကန်၏ အခွန်စည်းကြပ်မှုများကို တုံ့ပြန် လိုက်သော်လည်း ညှိနှိုင်းဆွေးနွေးလိုသည့် ဆန္ဒလည်းရှိ

“တရုတ်နိုင်ငံသည် မည်သည့်ကုန်သွယ်ရေးစစ်ပွဲကိုမဆို အဆုံးတိုင် တိုက်ခိုက်မည်” ဟု ပေကျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့သည်။ ယင်းကြေညာချက်သည် တရုတ်နိုင်ငံက အမေရိကန်မှ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် တုံ့ပြန်အခွန်စည်းကြပ်မှုများ ကျင့်သုံးမည်ဟု ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် တရုတ်၏ နောက်ဆုံးတုံ့ပြန်အစီအမံများသည် အစပိုင်း တိုက်ခိုက်မှုသာဖြစ်ပြီး တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သေးကြောင်း ဆိုသည်။

“အမေရိကန်အား အနိုင်ကျင့်မှုများကို ရပ်တန့်ပြီး အချိန်မီ ပြန်လည်၍ ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရန် အကြံပြုလိုပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်းကျန်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ အခွန်စည်းကြပ်မှုများကို တုံ့ပြန်ရန် လုပ်ဆောင်လျက်ရှိသော်လည်း တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် လိုလားနေသည်။ တရုတ်နိုင်ငံ၏ အဆိုပါချဉ်းကပ်မှုသည် ကုန်သွယ်ရေးပဋိပက္ခကို ထိန်းချုပ်ရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်၏ ကုန်သွယ်ရေးဆိုင်ရာ ဖိအားများကို ခုခံတုံ့ပြန်ရန် လိုအပ်သည်ဟု ခံယူထားသော်လည်း၊ နှစ်နိုင်ငံအကြားကုန်သွယ်ရေးပဋိပက္ခ ပိုမိုကြီးထွားလာပါက ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သိရှိထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံ သည် ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားရန်နှင့် နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူများက အမေရိကန်အား ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခကို ဖြေရှင်းရန် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် တိုက်တွန်းလျက်ရှိသည်။ နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးသည် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ အရေးကြီးသည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်း သိရှိရပါသည်။

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဓနုဖြူမြို့နယ်၌ မတ်ပဲတစ်ဧကလျှင် ၁၂ တင်းမှ ၁၅ တင်းခန့် ထွက်ရှိ

ဧရာဝတီ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဆောင်းသီးနှံဖြစ်သည့် မတ်ပဲများကိုလည်း ၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၈၉၃၃၄ ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ၄၂၈၂၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စာရင်းများအရ သိရသည်။

မတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မတ်ပဲပင်ထောင်မျိုးများကို စိုက်ပျိုးကြပြီး မတ်ပဲမျိုး တစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြင့်ဝယ်ယူ၍ တစ်ဧကလျှင် မျိုးခြောက်ပြည်ခန့် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မတ်ပဲတစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ငွေကျပ် ၇၀၀၀၀၀ ကုန်ကျပြီး တစ်ဧကလျှင် ၁၂ တင်းမှ ၁၅တင်း ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ ပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ၍ ထိုမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(ဧရာဝတီ)

https://www.myanmardigitalnewspaper.com/

ခရမ်းကြွပ်သီး စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

ဧရာဝတီ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ခရမ်းကြွပ်သီးကို မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ဓနုဖြူမြို့နယ်၌ နှစ်စဉ် ၆၅၇၉ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ၏ စာရင်းများအရ သိရသည်။

ခရမ်းကြွပ်သီးကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ပဒေသာခရမ်းကြွပ် (ထိုင်ဝမ်) မျိုးများကို ပေါင်ခတ်၍ အတန်းလိုက်စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီးကို ငါးရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး အသီးကုန်ချိန်အထိ ငါးလခန့်အကြာ ခူးဆွတ်ရကြောင်း၊ တစ်ဧကလျှင် အလုံးရေ ၈၀၀၀၀ ခန့်ထွက်ရှိပြီး ဓနုဖြူမြို့နယ် ဒေသတွင်းရှိ ကုန်စိမ်းပွဲစားများသို့ ရောင်းချသည့်အပြင် ပွဲစားများကတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ခရမ်းကြွပ်သီးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုင်ဝမ်၏ Chip ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TSMC က အမေရိကန်တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TSMC သည် အမေရိကန် ပြည်ထောင်စု၌ ဒေါ်လာ ၁၀၀ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ ၎င်းသည် အမေရိကန် အနေဖြင့် AI လောကကို ကြီးစိုးနိုင်သည့် အခြေအနေရောက်အောင် မြှင့်တင်ပေးနိုင်မည့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများသည် ၂၁ ရာစု စီးပွားရေး၏ အဓိကကျောရိုးဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က TSMC ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ C.C.Wei နှင့် မတ်လ ၃ ရက်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထို့အပြင် ထရမ့်က တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် AI နည်းပညာမှသည် မော်တော်ယာဉ်များထိ နည်းပညာ တိုးမြှင့်ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် အရာပင်ဖြစ်ကြောင်း၊ အဆိုပါ Chip နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အမေရိကန်နိုင်ငံတွင်းရှိ အမေရိကန်စက်ရုံများတွင် အမေရိကန် နည်းပညာကိုသုံးကာ အမေရိကန်နိုင်ငံသား လုပ်သားများဖြင့် ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TSMC သည် လာမည့် ၄ နှစ်ကျော် အတွင်း ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း စသည်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း Arizona ရှိ Chip ထုတ်လုပ်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း TSMC က ထုတ်ပြန်ကြေညာခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

အထက်မင်းလှမြို့ ပန်းတော်ပြင်ကျေးရွာ၌ ကြက်သွန်နီသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေး မတ် ၄

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီသီးနှံကို ပန်းတော်ပြင်ကျေးရွာ၌ ၁၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

ကြက်သွန်နီသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလကုန်တွင် တူးဖော်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲပေါင်တင်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးကြောင်း၊ ပင်စိုက်နှင့် ဥစိုက်ဟူ၍ စိုက်ပျိုးကြပြီး ဥစိုက်ကြက်သွန်နီကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးကို ရေနံချောင်းမြို့မှ တစ်ပြည်လျှင် ငွေကျပ် ၁ သိန်းဖြင့် ဝယ်ယူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးခြောက်ပြည်ခန့် ကုန်ကျကြောင်း၊ ကြက်သွန်နီတစ်ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခ၊ ရေသွင်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း ၃ဝ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ကြက်သွန်နီတစ်ဧကလျှင် ပိဿာချိန် ၃၀၀၀ ခန့် ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် တူးဖော်ရမည်ဖြစ်၍ အထွက်နှုန်းကောင်းမွန်ကာ ဈေးကောင်းရရှိပါက အမြတ်ရရှိမည်ဖြစ်ကြောင်း ကြက်သွန်နီစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)