လက်ရှိတွင် တရုတ်နိုင်ငံမြို့ကြီးများ၏ အိမ်ခြံမြေရောင်းဝယ်မှုများသည် အရောင်းသွက်နေသည့် အတွက် မတ်လသည် ရောင်းအားအမြင့်ဆုံးလ ဖြစ်နိုင်ကြောင်း တရုတ်နွေဦးပွဲတော်ကာလအတွင်း ငွေပေးချေမှုစာရင်းများကို အခြေခံပြီး တရုတ်ဈေးကွက်ကျွမ်းကျင်သူများက ဖေဖော်ဝါရီ ၁၃ ရက် (ကြာသပတေးနေ့) တွင် ခန့်မှန်းပြောကြားခဲ့ပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် တရုတ်နွေဦးပွဲတော် ကာလအတွင်း တရုတ်နိုင်ငံ မြို့ကြီး ၂၈ မြို့၏ အိမ်ခြံမြေရောင်းဝယ်မှု ငွေပေးချေမှုသည် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်းတိုးလာကြောင်း China Index Academy မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။
တရုတ်စီးပွားရေးဌာနက ထိုကဲ့သို့ အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာမှုသည် ရာသီဥတု ကောင်းမွန်မှု၊ အလုပ်သမားများ လုပ်ခမြင့်မားစွာ ရရှိမှု၊ ဈေးကွက်အရောင်းမြှင့်တင်မှု နည်းလမ်း ကောင်းမွန်မှုများကြောင့် ဖြစ်ပြီး အဓိကအချက်မှာ တရုတ်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ စည်းမျဉ်းများ ထိရောက်မှုကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
ကိုးကား -China Daily

တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အမေရိကန် က အကောက်ခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံ သည့်ကိစ္စအပေါ် တရုတ်နိုင်ငံက “ကုန်သွယ်ရေး စစ်ပွဲမဖြစ်ဘဲ ဆွေးနွေး သည့်နည်းလမ်းဖြင့်သာဖြေရှင်းလိုပါကြောင်း၊ သို့သော် တရုတ်နိုင်ငံ၏ အခွင့်အရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း” တရုတ်နိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်(ကြာသပတေးနေ့)တွင် ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်၏ တစ်ဖက်သတ်အခွန်စည်းကြပ်မှုသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး နိုင်ငံများ အကြား ကုန်သွယ်ရေးတင်းမာမှုများကို ဖြစ်ပေါ်စေသည့်အတွက် တရုတ် နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ပြီး နိုင်ငံ အချင်းချင်း လွတ်လပ်စွာကုန်သွယ်မှုကို ပြန်လည်တည်ဆောက်လို ပါကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
မကြာသေးမီက PVH Corp အမေရိကန်အထည်ကုမ္ပဏီနှင့် ဇီဝ နည်းပညာကုမ္ပဏီတို့အား တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးစည်းမျဉ်းများကို ဖောက်ဖျက်မှုဖြင့် တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီး ဌာနက ယုံကြည် စိတ်ချ၍မရသည့် ကုမ္ပဏီစာရင်းတွင် ထည့်သွင်းခဲ့ပါသည်။
တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံလိုက်ခြင်းသည် အမေရိကန်ပြည်သူများအတွက် ဈေးနှုန်းကြီးမြှင့်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် အမေရိကန်အနေဖြင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုကို အားပေးသည့်ကုန်သွယ်ရေးမူဝါဒကို ပြန်လည်စဉ်းစားသင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

မြောင်းမြ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၁၆၅၇၃၈ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်ကြောင်း မြောင်းမြမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြောင်းမြမြို့နယ်၌ မိုးစပါး ၁၆၅၇၃၈ ဧကထိ လျာထားစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစပါးခင်းများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၉၆ ဒသမ ၈၆ တင်းထွက်ရှိကြောင်း သိရသည်။

“မိုးသီနှံစိုက်ပျိုးရာသီက မြောင်းမြမြို့နယ်မှာ စပါး ၁၆၅၇၃၈ ဧကထိ လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး မိုးစပါးဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ မိုးစပါးတွေ လျာထားဧကအတိုင်းပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်”ဟု မြောင်းမြမြို့နယ် စိုက်ပျိုးရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြသည်။
အဆိုပါ မိုးစပါးများကို ဒေသမြေအနေအထား ရာသီဥတုနှင့်ကိုက်ညီသော စပါးအမျိုးအစားများဖြစ်သည့် သီးထပ်ရင်၊ ထိုင်းဘေးကျား၊ GW-1၊ GW11 စသည့် စပါးအမျိုးအစားများကို အများဆုံးစိုက်ပျိုးခဲ့ကြောင်း၊ စပါးသီးနှံများကို အထွက်နှုန်းတိုးတက်အောင်စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုဖူလုံမည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်ရာ ယခုထက် ပိုမိုစိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

အမေရိကန်သို့ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံ ပစ္စည်းများအားလုံးကို ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ကြောင်း အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။
အဆိုပါအခွန်စည်းကြပ်မှုကို အထူးကင်းလွတ်ခွင့် သို့မဟုတ် ခြွင်းချက် မရှိစေရဟု ဖော်ပြထားပါသည်။

အမေရိကန်သို့ သံမဏိနှင့် အလူမီနီယံပစ္စည်းအများစုကို ကနေဒါ၊ ဘရာဇီးနှင့် မက္ကဆီကိုတို့မှ တင်သွင်းကြသော်လည်း ယခုအခွန်စည်းကြပ်မှုမှာ တရုတ်နိုင်ငံ၏ တစ်ဆင့်ခံတင်သွင်းနေမှုအပေါ် သွယ်ဝိုက်၍ အကြီးအကျယ်ထိခိုက်စေရန် ရည်ရွယ်ကြောင်း CNN က ဖော်ပြထားပါသည်။
ကိုးကား-CNN

ဖနောင်ပင် ဖေဖော်ဝါရီ ၁၀
ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံအထိရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလကထက် ၂၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ယနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏသည် ယခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလာထက် ၁၇ ရာခိုင်နှုန်းတိုးလာကာ စုစုပေါင်း သွင်းကုန်သည် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံအထိ မြင့်တက်ကာ ၃၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်တို့သည် ၎င်း၏ နောက်တွင် ရပ်တည်နေကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်း၊ စက်ဘီး၊ ကားတာယာ၊ ဆိုလာပြား၊ ရော်ဘာခြောက်၊ ဆန်စပါး၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ သရက်သီးများတင်ပို့ပြီး အထည်အလိပ်၊ ရေနံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ မိုဘိုင်းဖုန်း၊ မော်တော်ကားနှင့် ဆိုင်ကယ်၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် အလှကုန်များတင်သွင်းသည်။
ဒေသတွင်း ပြီးပြည့်စုံသည့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်နှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့အကြား လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များသည် နိုင်ငံ၏ ကုန်သွယ်မှုတိုးတက်ရေးအတွက် ခွန်အားဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချက်က ပြောကြားခဲ့သည်။
Source: ကြေးမုံသတင်းစာ

နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်တို့နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးနှုတ်ဆက်ကြသည်။
စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှု
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ စက်မှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြခန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် MSME ထုတ်ကုန်ပြခန်း၊ ကချင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကယားပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကရင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ချင်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ တနင်္သာရီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မကွေးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မွန်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရန်ကုန်တိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ရှမ်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ဧရာဝတီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်းတို့အား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုပြီး ထုတ်ကုန်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့် သုံးစွဲမှု၊ ထုတ်ကုန်များထုတ်လုပ်မှု၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိမှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပြည်တွင်း၊ ပြည်ပသို့ ပိုမိုတိုးချဲ့ဖြန့်ဖြူးနိုင်မည့်အခြေအနေများနှင့် သိရှိလိုသည်များမေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ကြည့်ရှုမှုများကို ခေတ္တရပ်နားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ကုန်ပြခန်း၊ လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်း (Business Matching Hall ) ၊ မြန်မာနိုင်ငံဘဏ်များအသင်းပြခန်း၊ Digital Corner နည်းပညာပြခန်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် MSME ထုတ်ကုန်များပြခန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MSME ထုတ်ကုန်များပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ပြခန်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းပြခန်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းထုတ်ကုန်ပြပွဲနှင့် အရောင်းပြခန်းတို့အား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုအားပေးပြီး ထုတ်ကုန်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့်သုံးစွဲမှု၊ ထုတ်ကုန်များထုတ်လုပ်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိမှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပြည်တွင်း၊ ပြည်ပသို့ ပိုမိုတိုးချဲ့ဖြန့်ဖြူးနိုင်မည့်အခြေအနေများနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လိုက်လံကြည့်ရှုအားပေး
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမအသင်းများ၏ ပြခန်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းပြခန်းများ ခင်းကျင်းပြသထားမှုများကို ဘာဂီယာဉ်ငယ်များဖြင့် လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်” ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအမံများအောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့်ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်းစီးပွားချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း ၉၆ ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစားပေါင်း ၃၁ မျိုးအပေါ် Digital Trophy ၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး အဆိုပါ ငွေသားဆုအား ချီးမြှင့်ခံရသူမှ Digital Payment System အသုံးပြု၍ လက်ငင်း E-Banking ဖြင့် ငွေသားထုတ်ယူရရှိရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
Source: www.moi.gov.mm

ကနေဒါနှင့် မက္ကဆီကို အပါအဝင် အခြားနိုင်ငံများမှ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံများကို အမေရိကန်ပြည်ထောင်စုက သွင်းခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည့်ကိစ္စအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်သွင်းခွန်များကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သမ္မတ ထရမ့်က ပြောကြားခဲ့ပါသည်။

နယူးအော်လန်မြို့တွင် ကျင်းပသည့် အမေရိကန်၏ အကြီးကျယ်ဆုံး အားကစားပွဲ Super Bowl သို့ တက်ရောက်ရန် ဖလော်ရီဒါမှ ထွက်ခွာသည့် Air Force One လေယာဉ်ပေါ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂါဇာ နှင့် ယူကရိန်းစစ်ပွဲများနှင့်ပတ်သက်၍လည်း ထရမ့်က မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
ကိုးကား-AP

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ငွေလွှဲပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိပြီး အကြမ်းဖျင်းအားဖြင့် ယခင်နှစ်ကိန်းဂဏန်းနှင့် အလားတူဖြစ်ကြောင်း အစိုးရထံမှ သိရသည်။
နိုင်ငံနှင့်နယ်မြေပေါင်း ၁၃၀ တွင် နေထိုင်သည့် ဗီယက်နမ်နိုင်ငံသား ၆ သန်းနီးပါးမှ ရောက်ရှိလာသည့် ကိန်းဂဏန်းသည် ဗီယက်နမ်တွင် စီးပွားရေး၊ သိပ္ပံပညာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများစွာကို အထောက်အကူဖြစ်စေသည်ဟု ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဖေဖော်ဝါရီ ၆ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Covid-19 ၏ သက်ရောက်မှုကြောင့် တိုးတက်မှု နှေးကွေးသောကာလအလွန်တွင် ဗီယက်နမ်အတွက်ငွေလွှဲမှုဒေါ်လာ ၁၆ ဘီလီယံသည် စံချိန်သစ်တစ်ခုဖြစ်သည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပရောဂျက်ပေါင်း ၄၂၁ ခုနှင့်အတူ ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေသော ငွေလွှဲပို့မှုများသည် အရင်းအနှီး အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံရှိကြောင်း Son မှ ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများနှင့် ၎င်းတို့၏ မွေးရပ်မြေတို့ကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုရရှိစေရေးအတွက် ၎င်း၏မူဝါဒများနှင့် ဥပဒေမူဘောင်များကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း Son က ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား-VN Express

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုကြောင့် ၂၀၂၄ ခုနှစ် အကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှ ရွှေချောင်းထောင်ပေါင်းများစွာကို ပြန်လည်ထုတ်ယူခဲ့ကြကြောင်း နာမည်ကြီး Telegraph သတင်းစာကြီးက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက် ဈေးကွက်ရှိ ရွှေဈေးသည် လန်ဒန်မြို့ရှိ ငွေသားဈေးကွက်ထက် ဈေးနှုန်းမြင့်တက်လာပြီးနောက် နိုင်ငံအတွင်းရှိ ကုန်သည်အများအပြားက ရွှေချောင်းများ ပြန်လည်ထုတ်ယူရန် တောင်းဆိုလာခဲ့သည်ဟု အင်္ဂလန်ဘဏ်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဒေ့ရမ်စဒန်က ပြောကြားခဲ့ကြောင်း Telegraph သတင်းစာကြီးက ဖေဖော်ဝါရီလ၈ ရက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှပြန်လည်ထုတ်ယူခဲ့သည့် ရွှေချောင်းများမှာ ၈၀၀၀ ခန့်ရှိပြီး ယင်းပမာဏသည် ဘဏ်အတွင်းရှိ ရွှေချောင်း စုစုပေါင်း၏ ၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်က ရွှေချောင်းများအပေါ် အခွန်သစ်များ တိုးမြှင့်ကောက်ခံမည်ကို ဗြိတိန်ရှိ ကုန်သည်များက စိုးရိမ်ခဲ့ခြင်းဖြစ်ကြောင်း ဒေ့ရမ်စဒန်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal

လာမည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမေရိကန်သို့ သွားရောက်ပြီး သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့် အိန္ဒိယဝန်ကြီးချုုပ် နာရိန်ဒရာမိုဒီ အနေဖြင့် အမေရိကန်- အိန္ဒိယ ကုန်သွယ်မှု၌ အမေရိကန်ဘက်မှ ချမှတ်မည့် ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်မှုအား တားဆီးနိုင်လိမ့်မည် ဟု အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြပါသည်။

ကုန်သွယ်ရေး စစ်ပွဲဖြစ်မလာစေရေး တားဆီးရန် မိုဒီက အမေရိကန် ထုတ်ကုန်များကို စိတ်ကြိုက်တင်သွင်းခွင့်ပြုမည်ဟု ယူဆရပြီး ထိုကဲ့သို့ ဖြစ်လာစေရန်လည်း အိန္ဒိယဘက်မှ ကြိုတင်ပြင်ဆင်ထားမှုများရှိသည် ဟု အိန္ဒိယအရာရှိကြီးများ၏ ပြောစကားကိုကိုးကား၍ ရိုက်တာ သတင်း ဌာနက ဖော်ပြထားသည်။
အီလက်ထရွန်နစ် ခွဲစိတ်ခန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဓာတုပစ္စည်းအချို့အား အနည်းဆုံး အမျိုးအစား တစ်ဒါဇင်ခန့်ကို ကုန်သွယ်မှု သဘောတူခွင့်ပြုချက်ပေးရန် ထည့်သွင်းစဉ်းစားနေကြောင်း အမည်မဖော် လိုသူ အစိုးရအရာရှိသုံးဦးက ရိုက်တာသို့ ပြောကြားခဲ့ပါသည်။
အိန္ဒိယသည် ပုံမှန်အားဖြင့် အမေရိကန်၏ ပို့ကုန်များအပေါ်တွင် မှီခိုနေရပြီး အမေရိကန်ထံမှ အရင်းအမြစ်များပိုမိုရရှိလာနိုင်သည့် ပစ္စည်းများ အပေါ် လိုက်လျောရန်စီစဉ်လျက်ရှိပါသည်။ ဤအကောက်ခွန်လိုက်လျောမှုသည် အိန္ဒိယပြည်တွင်းထုတ်လုပ်မှု အစီအစဉ်များ နှင့်လည်း လိုက်လျောညီထွေဖြစ်စေမည်ဟု ၎င်းတို့ကဆိုပါသည်။
အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဝန်ကြီးချုပ်မိုဒီနှင့် ထရမ့် အကြား တွေ့ဆုံမှုသည် အမေရိကန်နှင့် တရုတ်နိုင်ငံကြားဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကဲ့သို့ အခြေအနေမျိုးကို ရှောင်ရှားရန်ရည်ရွယ်ကြောင်း ဆိုပါသည်။
ကိုးကား-Myanmar National Post