သတင်းများ

ဥရောပအာကာသအေဂျင်စီ၏ ဂြိုဟ်တုနှစ်စင်းက တိကျစွာနေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့

ပဲရစ် ဇွန် ၁ဝ

ဥရောပအာကာသအေဂျင်စီ ၏ ဂြိုဟ်တုနှစ်စင်းသည် တိကျစွာ နေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ် တုကို ဖန်တီးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။ 

ပရိုဘာ-၃ မစ်ရှင်ဂြိုဟ်တု နှစ် စင်းဖန်တီးထားသော နေကြတ်မှု ဖြစ်စဉ်တုဓာတ်ပုံများကို ဥရောပအာကာသအေဂျင်စီက ဇွန် ၁၆ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် တစ်စင်းနှင့် တစ်စင်း မီတာ ၁၅၀ ခွာ၍ နေရာယူပျံသန်း ပြီး ကမ္ဘာ့ပထမဆုံး ဆုံး နေကြတ်မှု ဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် စမ်းသပ်ဆဲကာလများ တွင်လည်း နေကြတ်မှုဖြစ်စဉ်တု များကို ၁၀ ကြိမ်ထိ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် မစ်ရှင်သက်တမ်း နှစ်နှစ် အတွင်း နေကြတ်မှုဖြစ်စဉ်တု ၂ဝဝ ခန့်ထိ ဖန်တီးမည်ဖြစ်သည်။

အမေရိကန်ဒေါ်လာသန်း ၂၁၀ တန်ဖိုးရှိ ပရိုတာ-၃ မစ်ရှင်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဥရောပအာကာသ အေဂျင်စီက လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Tis: KKO

YDNB Newspaper

ရုရှားနိုင်ငံက အာဖရိကနိုင်ငံတစ်နိုင်ငံအား BRICS ၏ အဖွဲ့ဝင်အသစ်အဖြစ် ကြိုဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ယူဂန်ဒါနိုင်ငံခြားရေး ဝန်ကြီး ဂျေဂျေ အိုဒွန်ဂို နှင့် မော်စကိုတွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) က ပြုလုပ်သော ဆွေးနွေးပွဲအတွင်း ယူဂန်ဒါအား BRICS ၏ မိတ်ဖက် နိုင်ငံအဖြစ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

လာဗရော့ဗ်က “ယူဂန်ဒါအား BRICS မိတ်ဖက်နိုင်ငံအဖြစ် မိမိတို့ ကြိုဆို ပါသည်၊ ဤအခြေအနေအသစ်တွင် ယူဂန်ဒါမိတ်ဆွေများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားပါသည်” ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။

BRICS အဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် တို့က တည်ထောင်ခဲ့ပြီး၊ နှစ်နှစ်အကြာတွင် တောင်အာဖရိက ပါဝင်လာ ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အဖွဲ့သည် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အင်ဒိုနီးရှား တို့အား တင်းပြည့်အဖွဲ့ဝင် ဖြစ်စေခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် နိုင်ဂျီးရီးယားနှင့် ယူဂန်ဒါတို့ အပါအဝင် အာဖရိကအပြင်ဘက်ရှိ အခြားနိုင်ငံ ၇ နိုင်ငံသည် BRICS ၏ မိတ်ဖက်နိုင်ငံများအဖြစ် ပါဝင်လာခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး ကဏ္ဍများကို အလေးထားဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်စလုံးက ကုလသမဂ္ဂ ပဋိညာဉ်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေများအပေါ် အခြေခံသော နိုင်ငံရေးဆွေးနွေးမှုများကို နက်ရှိုင်းစွာ ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးအတွင်း အိုဒွန်ဂို က မော်စကိုမြို့တွင် အမြဲတမ်း သံတမန် ရုံးဖွင့်လှစ်ရန် မြေယာ (သို့) အဆောက်အဦရရှိရေးအတွက် ရုရှား၏ ထောက်ပံ့မှုကို တောင်းခံခဲ့သည်။

ယူဂန်ဒါ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတ ဂျက်ဆီကာ အလူပို ဦးဆောင်ခဲ့ပြီး၊ ၎င်းသည် ရုရှားဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ ဗယ်လင်တီနာ မက်ဗီယန်ကို နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

မက်ဗီယန်ကို က ယူဂန်ဒါအား “အာဖရိကတိုက်ရှိ ရုရှား၏ အဓိက မိတ်ဖက်နိုင်ငံတစ်ခု” အဖြစ် ရည်ညွှန်းကာ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် ကဏ္ဍစုံတွင် အပြန်အလှန်အကျိုးပြုရန်အတူတကွ ကတိကဝတ်ပြု ထားကြောင်း ထောက်ပြခဲ့သည်။

အလူပို ကလည်း “အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနှင့် စည်းလုံး ညီညွတ်မှုအပေါ် အခြေခံသော ရုရှား၏ သမိုင်းဝင်မိတ်ဖက် ဆက်ဆံရေးသည် အာဖရိကနိုင်ငံများ၏ လွတ်မြောက်ရေးတွင် အထောက်အကူပြု ခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်နိုင်ငံခြားရေးဝန်ကြီး စနေနေ့တွင် တူရကီနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးသို့ တက်ရောက်မည်ဟု အရင်းအမြစ်များက ဆို

အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲဖြစ်ပွားနေချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi သည် စနေနေ့ (ဇွန် ၂၁) တွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရင်းအမြစ်တစ်ဦးက ကြာသပတေးနေ့ (ဇွန် ၁၉) တွင် ပြောကြားခဲ့သည်။

အဆိုပါ အရင်းအမြစ်က ၅၁ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ အထူးအစည်းအဝေးတွင် အစ္စရေး၏ မကြာသေးမီက အီရန်ကို ပစ်ခတ်တိုက်ခိုက်မှုများ၊ အထူးသဖြင့် ကြာသပတေးနေ့က Arak မြို့ရှိ Khondab နျူကလီးယားစက်ရုံအား တိုက်ခိုက်မှုအပေါ် အဓိကထား ဆွေးနွေးမည်ဟု ဖော်ပြခဲ့သည်။ 

အစ္စရေးစစ်တပ်က အဆိုပါနေရာရှိ တစ်စိတ်တစ်ပိုင်းသာ တည်ဆောက် ပြီးစီးသေးသည့် Heavy-Water Reactor ကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့ပြီး ကျွမ်းကျင်သူများက ၎င်းစက်ရုံမှ နျူလက်နက်သုံး ပလူတိုနီယမ် ထုတ်လုပ်နိုင်ကြောင်း သုံးသပ်ထားသည်။

တူရကီအစိုးရက အစ္စရေး၏လုပ်ရပ်များကို တရားမဝင်ကြောင်း ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အီရန်အနေဖြင့် တရားဝင်ကာကွယ် ခုခံနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရင်းအမြစ်များက နှစ်ရက်ကြာကျင်းပမည့် ထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေသော လုပ်ရပ်များကို ရင်ဆိုင်ရာတွင် မွတ်စ်လင်မ်နိုင်ငံများ စည်းလုံးညီညွတ်ရန် တိုက်တွန်းမည်ဟု ဆိုသည်။ သမ္မတ Tayyip Erdogan သည်လည်း အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရန် ရှိသည်။

မွတ်စ်လင်မ်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သော အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ကာလရှည်လျားစွာကပင် မွတ်စ်လင်မ် နိုင်ငံများ၏ နိုင်ငံရေးနှင့် သံတမန်ရေးဆွေးနွေးမှုများအတွက် စင်တာအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ကိုးကား- Reuters

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၁၈

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၇၅၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၀ ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ် ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၄ ဦးကို ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

MOI

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့်အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇွန် ၁၈

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်၊ နမ္မတူမြို့နေ မ-----/၁၇/၂၀၂၅ နှစ်နှင့် မ-----/၁၆/၂၀၂၅ နှစ်တို့ နှစ်ဦးသည် ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် မူဆယ်မြို့ ဂိမ်းဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် မဆိုင်ဟွမ်နှင့် ယခင်က လားရှိုးမြို့ Spa ဆိုင်၌ အလုပ်အတူ လုပ်ကိုင်ခဲ့သူ မခမ်းလင်းက Tik Tok @User 217194 7360280 အကောင့်ဖြင့် ဆက်သွယ်၍ တရုတ်ကောင်မလေးလုပ်ရမည်၊ ယွမ် ၃၅၀၀၀ ရရှိမည်၊ မပျော်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးကာ မခမ်းလင်းက စိုင်းခမ်းကော်နှင့် ဇနီး မနန်းယွမ်းယာ တို့ထံ ချိတ်ဆက်ပေးခဲ့ပြီး အဆိုပါလင်မယားက တရုတ်နိုင်ငံနေသူ မအေနန်းထံ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံရိုက်ယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း စိုင်းခမ်းကော်မှ ၎င်းတို့နှစ်ဦးအား မူဆယ်-သိန္နီ-နမ့်တစ်သို့ ကားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်ကာ အမည်မသိ တည်းခိုခန်းသို့ ပို့ဆောင်ခဲ့စဉ် ၎င်းအမျိုးသမီးငယ် နှစ်ဦးက တရုတ်ယောက်ျားယူရန် ဆန္ဒမရှိတော့၍ မူဆယ်မြို့သို့ ထွက်ပြေးလာခဲ့သဖြင့် စိုင်းခမ်းကော်ပါ လေးဦးအား ရဲအုပ်ခိုင်ထူးဗိုလ် မူဆယ်တပ်ဖွဲ့စု (၁၇) မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး မူဆယ်မြို့မရဲစခန်း (ပ)၈၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေး ဖွင့် တရားစွဲတင်ပို့ခဲ့သည်။

မူဆယ်ခရိုင် တရားရုံးမှ ဇွန် ၁၆ ရက်တွင် တရားခံစိုင်းခမ်းကော် ရပ်ကွက်(၆) နောင်ပိန်ရွာ ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မနန်းယွမ်းယာပုံဟရွာ စလန်းပုန်ထွန်အုပ်စု မိုင်းရယ်မြို့ ရှမ်းပြည်နယ်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန်နှင့် တိမ်းရှောင် တရားခံ မခမ်းလင်း အေးမေတ္တာ ဘုန်းကြီးကျောင်း အနီး အမှတ် (၂) ရပ်ကွက် ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မအေနန်း မိန်းတိန်မြို့ တရုတ်နိုင်ငံနေသူတို့ နှစ်ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

6G နည်းပညာသုံး အီလက်ထရွန်နစ်လက်နက် အဆင့်မြင့်ရေဒါကိုတောင် ရှောင်ကွင်းနိုင်

အီလက်ထရွန်နစ်စစ်ဆင်ရေးဆိုတာ အနာဂတ်စစ်ပွဲတွေမှာမရှိ မဖြစ်ပါဝင်လာမယ့် စစ်ဆင်ရေးတစ်မျိုး ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးက အင်မတန်မှလည်း အဆင့်မြင့်မားပြီး ထိရောက်မှုပမာဏကလည်း ပြင်းထန်လွန်းပါတယ်။

အခုတရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက 6G ဆက်သွယ်ရေးနည်းပညာကိုအသုံးပြုထားတဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေး လက်နက်စနစ်တစ်မျိုးကို ဖန်တီးတီထွင်လိုက်ပါတယ်။ ဒီလက်နက်စနစ်က လက်ရှိအသုံးပြုနေတဲ့ ခေတ်မီစစ်သုံးရေဒါများထက် ပိုမိုစွမ်းအားပြင်းတယ်လို့ တီထွင်သူများက ပြောပါတယ်။

တရုတ်နိုင်ငံဆိုတာ 6G နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းသို့ရောက်ရှိနေတဲ့နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ South China Morning Post သတင်းဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင် တရုတ်နိုင်ငံက 6G နည်းပညာနဲ့ပတ်သက်လို့ မူပိုင်ခွင့်အများဆုံးတင်ထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အခု 6G နည်းပညာသုံး လက်နက်စီမံကိန်းကို တရုတ်နိုင်ငံရှိ ဟွကျောင်းသိပ္ပံ နှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခတိန့်လိုင်ဦးဆောင်တဲ့ ပညာရှင်များက ဖန်တီးထားတာဖြစ်ပြီး မထင်ရလောက်အောင် များပြားတဲ့ ဆက်သွယ်ရေးစွမ်းဆောင်ရည်များနဲ့လှိုင်းနှုန်းဖျက်နိုင်စွမ်း၊ လှိုင်းနှုန်းဖျက်မှုမှ ရှောင်ကွင်းနိုင်စွမ်းတို့ရှိတယ်လို့ ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီစနစ်က Northrop Gru-mman ရဲ့ AN/APG-85 အဆင့်မြင့်ရေဒါ စနစ်ကို အဓိကပစ်မှတ် ထားတယ်လို့ဆို ပါတယ်။ အဲဒီရေဒါစနစ်ကို F-35 ကိုယ်ပျောက်တိုက်လေယာဉ်မှာ အသုံးပြုထားတာပါ။ ဒီစနစ်က ၁၂ ဂစ်ဂါဟတ်အထိရှိတဲ့ လှိုင်းနှုန်းများနဲ့ X-band မှာ အသုံးပြုထားတာဖြစ်ပါတယ်။

ရေဒါရှောင်ကွင်းနိုင်တဲ့စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း ဒီစနစ်က ရန်သူ့လေယာဉ်မှူးများကို စိတ်ရှုပ်ထွေးစေမယ့် ပစ်မှတ်အတုပေါင်း ၃၆၀၀ ကျော်ကိုဖန်တီးပေးနိုင်စေပါတယ်။ သူ့မှာရှိတဲ့ တခြားစွမ်းဆောင်ရည်တွေထဲမှာ မြေပြင်အခြေ ပြုလှိုင်းနှုန်းဖျက်စနစ်၊ မြန်နှုန်းမြင့်ဆက်သွယ်ရေး ဗဟိုချက်၊ ဖန်ကြိုးမျှင်လေးတွေကနေတစ်ဆင့် သက်ဆိုင်ရာဆက်စပ်ကိရိယာပေါင်း ၃၀၀ ကျော်ဆီကို အလွန်များပြားလှတဲ့ တိုက်ပွဲသတင်းအချက်အလက်တွေပေးပို့သူအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း ပါဝင်ပါတယ်။

တရုတ်သိပ္ပံပညာရှင်များက သူတို့ရဲ့ နည်းပညာအဆင့်မြှင့်တင်နိုင်ဖို့အတွက် ဖိုတွန်နဲ့အီလက်ထရွန်တို့ကို ပေါင်းစပ်ပြီး မိုက်ခရိုဝေ့ဖိုတွန်နစ်စနစ်ကိုဖန်တီးကာအီလက်ထရွန်နစ်ရဲ့ကန့်သတ်ချက်တွေကို ကျော်လွှားသွားတာဖြစ်ပါတယ်။

သမားရိုးကျစနစ်တွေက လုပ်ငန်းတစ်ခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်နိုင်ပေမယ့် အခုစနစ်ကတော့ အာရုံခံခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ထုတ်လွှင့်ခြင်းဆိုတဲ့လုပ်ငန်းတွေကို စွမ်းအင်ပမာဏအနည်းဆုံး အသုံးပြုပြီး ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းရှိတာဖြစ်ပါတယ်။

သုတေသနပညာရှင်များရဲ့လေ့လာတွေ့ရှိချက်အရဆိုရင် အလွန်မြင့်မားလှတဲ့ဆက်သွယ်ရေး အမြန်နှုန်းနဲ့ လှိုင်းနှုန်း ဖိဖျက်မှုစွမ်းရည်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်းရရှိစေနိုင်မယ့် ကမ္ဘာ့ပထမဆုံးသော   အတည်ပြုနိုင်တဲ့စနစ်တစ်ခု ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

နောက်တစ်ခုက 6G နည်းပညာကိုတိုးတက်ထွန်းကားအောင် ဖန်တီးနိုင်ခြင်းက ဆက်သွယ်ရေးစနစ်၊ ရေဒါစနစ်နဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်တို့ရဲ့လုပ်ဆောင်ချက်တွေကို တစ်နေရာတည်းမှာ ပေါင်းဆုံမိစေတာဖြစ်တယ်လို့ Acta Optica Sin-ica ဂျာနယ်မှာ သုတေသနပညာရှင်များက ရေးသားဖော်ပြ ထားတာ တွေ့ရှိရပါတယ်။                          

Ref: IE

ကိုထက်

MWD Web Portal

နည်းပညာသတင်း

ကျင်ငယ်ရည်ဖြင့် သွားတု၊ အရိုးတုများကိုဖန်တီးနိုင်

မိမိတို့ခန္ဓာကိုယ်မှထွက်ရှိတဲ့ ကျင်ငယ်ရည်ကို စွန့်ပစ်ပစ္စည်းအဖြစ်သာသတ်မှတ်ထားပေမယ့် တကယ်တမ်း သုတေသနပြုမှုတွေနဲ့အတူ အသုံးပြုတတ်မယ်ဆိုရင် တန်ဖိုးကြီးမား လှတဲ့အရာတွေကို ဖန်တီးပေးနိုင်စေမယ့်အရာဖြစ်ပါတယ်။အဲဒါတွေထဲမှာဆေးဘက်ဆိုင်ရာအသုံးပြုနိုင်တဲ့ပစ္စည်းများလည်း ပါဝင်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များက တခြားအမေရိကန်၊ ဂျပန်ပညာရှင်များနဲ့ ပူးပေါင်းပြီး ကျင်ငယ်ရည်ကို ဟိုက်ဒရောဆီယာပတ်တိုက်သို့ ပြောင်းလဲပေးမယ့် တဆေးအတုစနစ်ကို ဖန်တီးလိုက်နိုင်ပါတယ်။ ဟိုက်ဒရောဆီ ယာပတ်တိုက်ဆိုတာ သွားတုတွေ၊ အရိုး တုတွေထုတ်လုပ်ရာ၊ ရှေးဟောင်းပစ္စည်း တွေကို တူးဖော်ထိန်းသိမ်းရာနဲ့ ဇီဝနည်းအရဆွေးမြည့်နိုင်တဲ့အရာတွေဖန်တီးရာမှာ ကျယ်ပြန့်စွာအသုံးပြုလျက်ရှိတဲ့ ကယ်ဆီယံဖော့စဖိတ်သတ္တုဖြစ်ပါတယ်။

ပညာရှင်များက  အခုတီထွင်လိုက်တဲ့ နည်းပညာဟာ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ခြင်း ဒါမှမဟုတ် တစ်ချိန်တည်းမှာရည်မှန်းချက်နှစ်ခုကိုအောင်မြင်ခြင်းပင်ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ တစ်ဖက်မှာ စွန့်ပစ်ပစ္စည်းများကိုအလဟဿမဖြစ်စေခြင်းနဲ့ အခြားတစ်ဖက်မှာတော့ စီးပွားဖြစ်အသုံးပြုနိုင်တဲ့ ကုန်ကြမ်းပစ္စည်းများကို ပြန်လည်ထုတ်လုပ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ အခုလိုအသုံးဝင်တဲ့အရာတွေ ထွက်ပေါ်လာစေဖို့အချိန်ယူရတာကတစ်ရက်တာမျှသာဖြစ်တာကြောင့် ငွေကြေးကုန်ကျမှုနဲ့ အချိန်ကြာမြင့်မှုကိုသက်သာစေပါတယ်။                           

weather forecast

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်း များ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၂၄-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စ

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်း များ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၂၄-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး မည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့်ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလ

ဂျိမ်းစ်ဝက်ဘ်အာကာသရေဒီယိုတယ်လီစကုပ်က အအေးဓာတ်အပြင်းထန်ဆုံး၊ သက်တမ်းရှေးအကျဆုံးနှင့်အလင်းအားအနည်းဆုံးဂြိုဟ်တစ်စင်းကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့

ဝါရှင်တန် ဇွန် ၁၈

အမေရိကန်အစိုးရအမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ) ၏ ဂျိမ်းစ်ဝက်ဘဲ အာကာသရေဒီယို တယ်လီစကုပ်သည် အအေးဓာတ် အပြင်းထန်ဆုံး သက်တမ်း ရှေးအကျဆုံးနှင့် အလင်းအားအနည်းဆုံး ဂြိုဟ်တစ်စင်းကို တိုက်ရိုက် ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။

14 Her C အမည်ရှိ အဆိုပါ ဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်း နှစ် ၆၀ ခန့်အကွာတွင်ရှိသည့် ကြယ်တစ်စင်းကို ဗဟိုပြုလှည့် ပတ်လျက်ရှိသည်။

ဂျိမ်းစ်ဝက် အာကာသရေဒီယို တယ်လီစကုပ်ရိုက်ကူးထားသော ဓာတ်ပုံများထဲတွင် 14 Her C ဂြိုဟ်ကို လိမ္မော်ရောင်အစက် အပြောက်ငယ်တစ်ခုအဖြစ် တွေ့

မြင်နိုင်သည်။ 
14 Her C ဂြိုဟ်သည် သက် တမ်းအားဖြင့် နှစ်ပေါင်း လေး ဘီလီယံခန့်ရှိပြီး လေထုလွှာအပူ ချိန်မှာ အနှုတ် သုံးဒီဂရီဆဲလ်စီယပ်စ်ထိသာရှိရာ အအေးဓာတ် အလွန်ပြင်းထန်သော ဂြိုဟ်တစ် စင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များ က ပြောကြားသည်။

အဆိုပါဂြိုဟ်သည် မိခင်ကြယ် ဖြစ်သည့် 14 Her ကြယ်ကို မိုင် ပေါင်း ၁ ဒသမ ၄ ဘီလီယံအကွာ မှတစ်ဆင့် လှည့်ပတ်နေကြောင်း သိရသည်။

အအေးဓာတ်ပြင်းထန်သော၊ သက်တမ်းရှေးကျသော 14 Her C ကဲ့သို့သော ဂြိုဟ်များမှာ တိုက်ရိုက် ဓာတ်ပုံရိုက်ကူးရန် အလွန်ခက်ခဲ သည့် ဂြိုဟ်များဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

ဗြိတိန် F-35B ကိုယ်ပျောက်တိုက်လေယာဉ် အိန္ဒိယတောင်ပိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ဆက်လက် မပျံသန်းနိုင်

ဗြိတိန်တပ်မတော်၏ F-35B Lightning II ကိုယ်ပျောက်တိုက်လေယာဉ် တစ်စီးသည် စနေနေ့ (ဇွန် ၁၄) က အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Thiruvananthapuram လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် ယခုအချိန်ထိ လေယာဉ် ပြေးလမ်းပေါ်တွင် ရပ်နားထားရသည်ဟု သတင်းများအရ သိရသည်။ ဒေသခံသတင်းများအရ ထိုလေယာဉ်သည် နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပျံသန်းနိုင်ခြင်းမရှိသေးဘဲ ဗြိတိန်လေယာဉ်ပညာရှင်များက ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

အဆိုပါ F-35B လေယာဉ်သည် HMS Prince of Wales လေယာဉ်တင် သင်္ဘော၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အိန္ဒိယရေတပ် နှင့် ပူးတွဲလေ့ကျင့်မှု များ ပြုလုပ်ပြီးနောက် အင်ဒို-ပစိဖိတ်ဒေသတွင် လှုပ်ရှားလျက်ရှိသည်။ Lockheed Martin က ဒီဇိုင်းရေးဆွဲထားသော F-35B သည် လေယာဉ် တင်သင်္ဘောများတွင် အသုံးပြုရန်သင့်လျော်သော ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည့် တိုက်လေယာဉ်အမျိုးအစားဖြစ်သည်။

NDTV ၏ သတင်းအရ စနေနေ့ညက ထိုလေယာဉ်သည် လောင်စာဆီ နည်းပါးမှုကြောင့် Thiruvananthapuram လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့်လည်း ၎င်း၏လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည်မဆင်းသက်နိုင်ဘဲ အရေးပေါ် ဆင်းသက်ခဲ့ရသည်။

အိန္ဒိလေတပ် (IAF) သည် ၎င်း၏ ရေဒါကွန်ရက်များဖြင့် အကူအညီပေးကာ လေကြောင်းထိန်းသိမ်းရေးဌာနနှင့် ညှိနှိုင်းမှုများပြုလုပ်ကာ ဘေးကင်းစွာ ဆင်းသက်နိုင်ရန် ထောက်ပံ့ပေးခဲ့သည်ဟု The Times of India က ဖော်ပြသည်။

တနင်္လာနေ့က ဗြိတိန်ဘုရင့်ရေတပ် (Royal Navy) ၏ ရဟတ်ယာဉ် တစ်စင်းသည် Thiruvananthapuram လေဆိပ်သို့ ရောက်ရှိလာကာ F-35B လေယာဉ်မှူးအား လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါဖြစ်စဉ်က F-35B ပြန်လည်အသုံးပြုနိုင်ရန် အချိန် အနည်းငယ် နောက်ကျနိုင်ကြောင်း ညွှန်းဆိုနေသည်။ 

အိန္ဒိလေတပ် (IAF) က အဆိုပါအရေးပေါ်ဆင်းသက်မှုသည် ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုအခြေအနေကို ကူညီဖြေရှင်း နိုင်ရန် နည်းပညာဆိုင်ရာနှင့် လက်တွေ့အထောက်အပံ့များ ပေးနေကြောင်း ဖြည့်စွက်ထုတ်ဖော်ခဲ့သည်။