ဥရောပအာကာသအေဂျင်စီ၏ ဂြိုဟ်တုနှစ်စင်းက တိကျစွာနေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့
ပဲရစ် ဇွန် ၁ဝ
ဥရောပအာကာသအေဂျင်စီ ၏ ဂြိုဟ်တုနှစ်စင်းသည် တိကျစွာ နေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ် တုကို ဖန်တီးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။
ပရိုဘာ-၃ မစ်ရှင်ဂြိုဟ်တု နှစ် စင်းဖန်တီးထားသော နေကြတ်မှု ဖြစ်စဉ်တုဓာတ်ပုံများကို ဥရောပအာကာသအေဂျင်စီက ဇွန် ၁၆ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် တစ်စင်းနှင့် တစ်စင်း မီတာ ၁၅၀ ခွာ၍ နေရာယူပျံသန်း ပြီး ကမ္ဘာ့ပထမဆုံး ဆုံး နေကြတ်မှု ဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် စမ်းသပ်ဆဲကာလများ တွင်လည်း နေကြတ်မှုဖြစ်စဉ်တု များကို ၁၀ ကြိမ်ထိ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် မစ်ရှင်သက်တမ်း နှစ်နှစ် အတွင်း နေကြတ်မှုဖြစ်စဉ်တု ၂ဝဝ ခန့်ထိ ဖန်တီးမည်ဖြစ်သည်။
အမေရိကန်ဒေါ်လာသန်း ၂၁၀ တန်ဖိုးရှိ ပရိုတာ-၃ မစ်ရှင်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဥရောပအာကာသ အေဂျင်စီက လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: Russia Today
Tis: KKO
YDNB Newspaper