သတင်းများ

တရုတ်၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုဖြစ်ပွား လူကိုးဦး သေဆုံး၍ ၂၆ ဦး ဒဏ်ရာရရှိ

ပေကျင်း ဇွန် ၁၇ 
တရုတ်နိုင်ငံတောင်ပိုင်း ဟူနန် ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံ တစ်ရုံ၌ ဇွန် ၁၆ ရက်က ပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ လူပေါင်းကိုးဦး သေဆုံး၍ ၂၆ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း တရုတ်အစိုးရမီဒီယာ များက သတင်းထုတ်ပြန်ထားသည်။ 
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းစက်ရုံသည် ချန်ဒီးမြို့ မြောက်ဘက် မိုင် ၄၀ ခန့်အကွာ တောင်ကုန်းနယ်မြေ တစ်ခု၌ တည်ရှိသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးရှူး မီးပန်းစက်ရုံကို ရှာဖွေကယ်ဆယ်ရေးသမားများနှင့် ကျွမ်းကျင်သူများကို တရုတ်အစိုးရ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက

စေလွှတ်ထားကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ မီးရှူးမီးပန်းစက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့က နာရီ ၂၀ ကြာ အချိန်ယူ ငြှိမ်းသတ်ခဲ့ကြရသည်။

ပြီးခဲ့သည့်လကလည်း တရုတ် အရှေ့မြောက်ပိုင်း၌ ဓာတုပစ္စည်း စက်ရုံတစ်ရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ငါးဦး သေဆုံးခဲ့ရသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းစက်ရုံကို ဟူနန်ရှန်ကျိုး မီးရှူးမီးပန်းကုမ္ပဏီက ပိုင်ဆိုင်ကြောင်း တရုတ်မီဒီယာများ၏ အဆိုအရ သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper

Photo - Mitv

လေထဲကနေပြန်မဆင်းဘဲ မိုင်ပေါင်း ၅၇၅၀ ကို မရပ်မနား ကင်းလှည့်မယ့်ဒရုန်း

ဗြိတိန်လေတပ်အတွက် သမိုင်းတွင်လောက်စေမယ့် ဒရုန်းတစ်စင်းတော့ ထွက်ပေါ်လာပါပြီ။ အဲဒီဒရုန်းကို Protector RG Mk1 လို့အမည်ပေးထားပါတယ်။သူက  ပြည်တွင်းရှိ ဝေဟင်ပိုင်နက်မှာ လုပ်ငန်းများ ဆောင်ရွက်နိုင်မယ့် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး ဗြိတိန်နိုင်ငံအတွက် ပထမဆုံးဖြစ်လာမယ့် အဝေးထိန်းမောင်းနှင်နိုင်တဲ့လေကြောင်း စနစ်တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဒီလေကြောင်းစနစ်က ဗြိတိန်နိုင်ငံရဲ့ မောင်းသူမဲ့တိုက်ပွဲဝင် လေယာဉ်များအတွက် သမိုင်းမှတ်တမ်းအသစ်ရဲ့ အစလည်းဖြစ်ပါတယ်။ ဗြိတိန် လေတပ်က မောင်းသူမဲ့တိုက်ပွဲဝင်လေယာဉ်များအဖြစ် MQ-9B ကို လက်ရှိအသုံးပြုနေတာပါ။

Protector RG Mk1 လို့အမည်ပေးထားတဲ့ ဒရုန်းကို ဗြိတိန်တော်ဝင်လေတပ်ရဲ့ ဝက်ဒင်တန်လေတပ်စခန်းမှသည် မာဟမ်လေတပ်စခန်းအထိ မောင်းနှင်ပြီးစမ်းသပ်ခဲ့တာပါ။ အခုလက်ရှိမှာတော့ သူ့ရဲ့တာ ဝေးစစ်ဆင်နိုင်စွမ်းကို စမ်းသပ်တာသာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ သူ့ရဲ့စစ်ဆင်ရေးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လက်ရှိစမ်းသပ်မှုများအရဆိုရင် သူက ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ Paveway IV လေဆာလမ်းညွှန်ဗုံး များနဲ့ Brimstone 3 ဒုံးကျည်များကို သယ်ဆောင်ကာ အမြင့်ပေ ၄၀၀၀၀ ကနေ နာရီပေါင်း ၃၀ ကျော် ကြာတဲ့အထိ ပျံသန်းနိုင်ပါတယ်။ သူပျံသန်းနိုင်တဲ့ အကွာအဝေးက မိုင်ပေါင်း ၅၇၅၀ ရှိတာကြောင့် ကင်းလှည့်ခြင်း၊ ထောက်လှမ်းခြင်း၊ ပစ်မှတ်ရှာဖွေခြင်းတို့အပြင် တိကျစွာပစ်ခတ်ခြင်း တို့ကိုမရပ်မနား ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

MWD Web Portal

နည်းပညာသတင်း

ဇွန် ၁၇၊ ဆိုးလ်

မြန်မာနိုင်ငံတွင် ၂၈-၃-၂၀၂၅ ရက်နေ့က အင်အား ရစ်ချက်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Cheol-hong HUH မှ အလှူငွေ စုစုပေါင်း ကိုရီးယားဝမ် (၁) သန်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၁၇-၆-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

MOHA

ပြည်တွင်းဖြစ် ဖူကျန့်လေယာဉ်တင် သင်္ဘော မကြာမီကာလတွင် တရုတ်ရေတပ်၌ တာဝန်ထမ်းဆောင်မည်ဟု ခန့်မှန်း

လူမှုမီဒီယာများတွင် ထွက်ပေါ်လာနေသည့်ဓာတ်ပုံအသစ်များ အရ ပြည်တွင်းဖြစ် ဖူကျန့်လေယာဉ်တင်သင်္ဘောသည် မကြာမီကာလတွင် တရုတ်ရေတပ်၌    တာဝန် ထမ်းဆောင်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

အလားတူ တရုတ်နိုင်ငံပိုင်သတင်းဌာန တစ်ခုကလည်း ဖူကျန့်အမည်ရှိလေယာဉ်တင်သင်္ဘောသည် တရုတ်ရေတပ်အတွက် တတိယမြောက် လေယာဉ်တင်သင်္ဘော ဖြစ်လာတော့မည်ဟု    အရိပ်အမြွက် ပြောထားသည်။

အွန်လိုင်းပေါ်မှ မြင်တွေ့ရသောဂြိုဟ်တု ဓာတ်ပုံများအရ လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် လေယာဉ်များအတွက် ဆေးသုတ်ထားသည့် နေရာအသစ် ၃၆ ခု ကိုမြင်တွေ့ရသည်။   ထိုနေရာများကို ကြည့်ခြင်းအားဖြင့် ဖူကျန့်လေယာဉ်တင်သင်္ဘောသည် ရေတပ်ကလက်ရှိ အသုံးပြုနေသော လေယာဉ်တင်သင်္ဘောများထက် ပိုမိုများပြားသည့်   လေယာဉ်များကို တင်ဆောင်နိုင်မည်ဟု ယုံကြည်ရသည်။

ထိုအမှတ်အသားများသည် ဖူကျန့်ကို တပ်တော်သွင်းရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ တပ်တော်သွင်းပြီးနောက် ထိုသင်္ဘောနှင့်လေယာဉ်တို့ကြား သဟဇာတဖြစ်စေရေးနှင့်  အခြားလက်နက်များကို စမ်းသပ်နိုင်ရေးတို့ အတွက် လေယာဉ်တင်သင်္ဘောကို    လက်တွေ့စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်း တရုတ်တပ်မတော်မှ နည်းပြဟောင်း တစ်ဦးဖြစ်သည့် ဆုန်ကျောင့်ပင်းက မှတ်ချက် ပြုပြောထားသည်။

ဒုတိယမြောက် တရုတ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောဖြစ်သော ဖူကျန့်သည် အမေရိကန်ရေတပ်ပြီးနောက် လျှပ်စစ်သံလိုက်စနစ်ဖြင့် လေယာဉ်လွှတ်တင် စနစ်နှင့် ပြန်လည်ဖမ်းယူသည့်စနစ်တို့ကို ပထမဆုံး တပ်ဆင်ထားသည့် လေယာဉ်တင်သင်္ဘော ဖြစ်လာကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုနည်းပါးလာပြီး အပူချိန်လျော့ကျကာ မိုးရာသီကာလဝင်ရောက်လာပြီဖြစ်ကြောင်း IMD ထုတ်ပြန်

နယူးဒေလီ ဇွန် ၁၇ 
အိန္ဒိယနိုင်ငံတွင် ဇွန်လ အတွင်း အပူလှိုင်းဖြတ်သန်းမှု နည်းပါးလာကာ အပူချိန်ကျဆင်းပြီး ဇွန် ၁၆ ရက်တွင် မိုးစတင် ရွာသွန်းကာ ပုံမှန်အတိုင်းမိုးရာသီ ကာလသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း အိန္ဒိယမိုးလေဝသညွှန်ကြားရေးဦးစီးဌာန(IMD)က ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ယခုတစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ပြီး တောင်သူများအတွက် ရေလိုအပ်နေသည့်ကာလတွင် မိုးရွာသွန်းလာခြင်း ကြောင့် စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးဖြစ်ထွန်းလာစေမည့်အခြေ အနေဖြစ်ကြောင်း၊ စိုက်ခင်းများရေသွင်းခြင်း၊ ရေသိုလှောင်ခြင်း များပြုလုပ်ရမည့်ကာလဖြစ်သည့်အတွက် အချိန်ကိုက်မိုးရွာသွန်းမှု ကြောင့် တောင်သူများအတွက် သတင်းကောင်းဖြစ်ကြောင်း၊ စိုက် ပျိုးရေးကဏ္ဍအတွက်လိုအပ်သော ရေသိုလှောင်မှုကို မိုးရေသိုလှောင်ခြင်းမှ ၇ဝ ရာခိုင်နှုန်းထိ ရယူပြီး မြေအောက်ရေကို ၃၀ ရာခိုင်နှုန်း သာ ရယူသည့်အတွက် မိုးဆက်တိုက်ရွာသွန်းရန် လိုအပ်နေ ကြောင်း၊ လက်ရှိ မိုးရွာသွန်းနေမှုသည် မဟာရက်ရှိသရာပြည်နယ်၊ ဂူဂျာရတ်ပြည်နယ်နှင့် မဇ္ဈပဒေသပြည်နယ်တို့ဖြစ်ပြီး နေရာအနှံ့ မိုးရွာသွန်းနေကြောင်း အိန္ဒိယ မိုးလေဝသညွှန်ကြားရေးဦးစီးဌာန (IMD) က ထုတ်ပြန်ခဲ့သည်။

"အိန္ဒိယနိုင်ငံအတွင်း အပူလှိုင်းဖြတ်သန်းမှုတွေ နည်းပါးသွားပါပြီ။ အပူချိန်တွေလဲ ကျဆင်းလာပြီး မဟာရက်ရှိသရာပြည်နယ်လိုမျိုး အလယ်ပိုင်းပြည်နယ် တွေမှာ မိုးရွာသွန်းမှုတွေ စတင်နေပြီဖြစ်ပြီး ပုံမှန်အတိုင်း မိုးရာသီကာလကို ဝင်ရောက်လာပြီဖြစ်ပါတယ်”ဟု အိန္ဒိယမိုးလေဝသ ညွှန်ကြားရေးဦးစီးဌာန(IMD) မှ မိုးလေဝသ ခန့်မှန်းတိုင်းတာရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

 Ref: Sputnik News

Trs: Sai Sat

လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

နေပြည်တော် ဇွန် ၁၇

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တို့တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။

(မိုး/ဇလ)

ဂရိနိုင်ငံတွင် လောင်ကျွမ်းနေသောတောမီးများကြောင့် အေသင်မြို့ရှိ ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

အေသင် ဇွန် ၁၇

ဂရိနိုင်ငံတွင် လောင်ကျွမ်းနေသောတောမီးများကြောင့် အေသင် မြို့ရှိ ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်ဟု အေသင်မြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ က ပြောကြားခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။

အေသင်မြို့ရှိ မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရာတွင် တောမီး အရှိန်ပြင်းထန်သဖြင့် မီးငြှိမ်း သတ်ရေး လေယာဉ်များကိုပါ အသုံးပြု၍ မီးငြှိမ်းသတ်နေရ ကြောင်း၊ အေသင်မြို့၏ အရှေ့ မြောက်ဘက် ၂၅ မိုင်ခန့် အကွာ တွင်ရှိသော အန်နိုဆိုအူလီရွာအနီးသစ်ပင်များထူထပ်သော နေရာ တွင် ဇွန် ၁၅ ရက်က တောမီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၆ ရက်တွင် တောမီးလောင်ကျွမ်းမှု ပြင်းထန်ကာ ထိန်းချုပ်ရန်ခက်ခဲ သဖြင့်ဂရိမီးသတ်သမားဦးရေ ၁၂ဝ ခန့်၊ မီးငြိမ်းသတ်ရေးလေယာဉ် ၁၇ စင်းနှင့် မီးသက်ယာဉ်အစီး ၃ဝ ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ဒေသခံ များ ဘေးလွတ်ရာရွှေ့ပြောင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေ ကြောင်း သိရသည်။

ဥရောပ၏ တောင်ဘက်စွန်းစွန်းတွင်ရှိသည့် ဂရိနိုင်ငံသည် မကြာသေးမီ နှစ်များအတွင်း မကြာခဏ တောမီးလောင်ကျွမ်းမှုများနှင့် ရေကြီးမှုများဖြစ်ပွားနေ ခြင်းကြောင့် စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ခံစားခဲ့ရကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသော ရာသီဥတုကြောင့် ပိုမိုဆိုးရွားလာကြောင်း၊ ဂရိသိပ္ပံပညာရှင်များက ပြောကြားခဲ့ပြီး ပြင်းထန်သော ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အိမ်ထောင်စုများနှင့် တောင်သူများကို လျော်ကြေးပေးရန် နိုင်ငံအစိုးရက စီစဉ်နေကြောင်း သိရသည်။

Ref: Russia Today

Trs: KZ

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem သည် အလာဂျစ် တုံ့ပြန်မှုတစ်ခုကြောင့် ဝါရှင်တန် DC ဧရိယာရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ခံခဲ့ရ

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem သည် အလာဂျစ် တုံ့ပြန်မှုကြောင့် အင်္ဂါနေ့ (ဇွန် ၁၇) တွင် ဝါရှင်တန် DC ရှိ ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်ခံခဲ့ရကြောင်း ပြည်တွင်း လုံခြုံရေး ဌာန (DHS) က ထုတ်ပြန်သည်။

DHS ပြောရေးဆိုခွင့်ရှိသူ Tricia McLaughlin က “ဝန်ကြီး Noem သည် အလာဂျစ် တုံ့ပြန်မှုဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးရုံ သို့ပို့ဆောင်ခဲ့ရပြီး လက်ရှိအချိန်တွင် သတိပြန်ရလာပြီး သက်သာလာ နေပါပြီ” ဟု ပြောကြားခဲ့သည်။

CNN ၏ သတင်းထောက်များက ဝန်ကြီး Noem တက်ရောက် ကုသမှု ခံယူနေသည့် ဆေးရုံ၏ အရေးပေါ်ခန်းအဝင်များတွင် Secret Service အေးဂျင့်များ စောင့်ကြပ်နေသည်ကို မြင်တွေ့ခဲ့သည်။

၎င်းသည် South Dakota ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လွှတ်တော် အမတ်ဖြစ်ခဲ့ဖူးသည့် အသက် ၅၃ နှစ် အရွယ် Noem အား ဒုတိယသက်တမ်း ရွေးကောက်ပွဲအနိုင်ရပြီး ရက်ပိုင်း အကြာတွင် သမ္မတ Donald Trump က ပြည်တွင်းလုံခြုံရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ရွှေ့ပြောင်း နေထိုင်မှု မူဝါဒကို အဓိကထားခဲ့သည့် Trump ၏ အစိုးရအဖွဲ့တွင် Noem သည် အရေးပါသော ဝန်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ သူမအား ဇန်နဝါရီလ ကုန်ပိုင်းတွင် ဆီးနိတ်လွှတ်တော်က အတည်ပြုပေးခဲ့သည်။

သမ္မတ Trump သည် ရာထူးတာဝန် ပြန်လည်ထမ်းဆောင်ပြီးနောက် နယ်စပ်တပ်ဖြန့်ခြင်း၊ စစ်အာဏာသုံး၍ မှတ်ပုံတင်မထားသည့် ရွှေ့ပြောင်း နေထိုင်သူများအား နှင်ထုတ်ခြင်း အပါအဝင် ကြီးမားသော ရွှေ့ပြောင်း နေထိုင်မှု ထိန်းချုပ်ရေး မူဝါဒများကို အားတက်သရော ဆောင်ရွက် လျက်ရှိပြီး Noem ကလည်း သမ္မတ၏ မူဝါဒများကို အကောင်အထည် ဖော်လျက်ရှိသည်။

ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ (FEMA) ကိုလည်း တာဝန်ယူ ထားသည့် Noem သည် ယခင်က FEMA အား “ထိရောက်မှုမရှိ၊ မလိုအပ်ပါ” ဟု ဝေဖန်ကာ ဖျက်သိမ်းရန် တောင်းဆိုခဲ့ဖူးသည်။ လွန်ခဲ့သည့် သီတင်းပတ်တွင် Trump က “ယခုနှစ် မုန်တိုင်းရာသီအပြီးတွင် FEMA ကို အဆင့်ဆင့်ဖျက်သိမ်းရန် အစီအစဉ်ရှိသည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

EU ခေါင်းဆောင်များက ရုရှားဓာတ်ငွေ့ တင်သွင်းမှုလုံးဝရပ်ဆိုင်းရန် ထောက်ခံ

ဥရောပကော်မရှင်သည် ၂၀၂၇ ခုနှစ်နှောင်းပိုင်းတွင် ရုရှားမှ ဓာတ်ငွေ့ အရင်းအမြစ်များ တင်သွင်းမှုကို အဆင့်ဆင့်ရပ်ဆိုင်းရန် အဆိုပြုလိုက်ပါသည်။ စွမ်းအင်ကော်မရှင်နာ Dan Jorgensen က ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ၏ သဘောတူညီချက်ဖြင့် ၂၀၂၆ ခုနှစ် မှစ၍ ရုရှားနှင့် ဓာတ်ငွေ့စာချုပ်အသစ်များ ချုပ်ဆိုခြင်းကို တားမြစ်ပြီး ၂၀၂၇ တွင် “လုံးဝဖြတ်တောက်ရန်” အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) က ကြေညာခဲ့သည်။

ယင်းအဆိုပြုချက်သည် ဟန်ဂေရီ၊ ဩစတြီးယားနှင့် ဆလိုဗက်ကီးယား တို့က ကန့်ကွက်နေပြီး အီတလီကလည်း ဆန့်ကျင်နေသည်ဟု သိရသည်။ Financial Times ၏ ဖော်ပြချက်အရ ယင်းဥပဒေကြမ်းအား ကုန်သွယ်ရေး ဥပဒေအဖြစ် တင်သွင်းမည်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘော တူညီချက် မလိုအပ်ဘဲ အတည်ပြုနိုင်မည်ဖြစ်သည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က အဆိုပြုချက်အား “လုံးဝအကြံမဲ့သည့် အဆိုပြုချက်” ဟု ဝေဖန်ကာ ကုန်စျေးနှုန်းများ ပိုမို မြင့်တက်စေပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ဝန်ကြီးချုပ် Viktor Orban ကလည်း ယင်းအဆိုကို တားဆီးရန် ကတိပြုထားသည်။

“ယနေ့တွင် မိမိတို့သည် ရုရှားဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပစ်ရန် ဆုံးဖြတ် လိုက်ပြီ” “အကြောင်းမှာ ရုရှားထံမှ စွမ်းအင်တင်သွင်းမှု နည်းလေလေ၊ ဥရောပ၏ လုံခြုံရေးနှင့် လွတ်လပ်မှု ပိုများလေလေ ဖြစ်သည်” ဟု Jorgensen က Strasbourg တွင် ပြောကြားခဲ့သည်။

Jorgensen က သတင်းထောက်များအား ဤအဆင့်ဆင့်ရပ်ဆိုင်းမှုသည် ယူကရိန်းပဋိပက္ခနှင့် သက်ဆိုင်ခြင်းမရှိဘဲ “ရုရှားက ၎င်း၏စွမ်းအင်ကို ဥရောပကို လက်နက်အဖြစ် အသုံးပြုခဲ့သောကြောင့်” ဖြစ်သည်ဟု ရှင်းပြ ခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားသည်မှာ “ငြိမ်းချမ်းရေး ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤတားမြစ်ချက်သည် ဆက်လက်တည်ရှိမည်” ဟု ဆိုသည်။

ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ယခုအခါ EU ခေါင်းဆောင်များ၏ “ပူးတွဲဆုံးဖြတ်မှုလုပ်ငန်းစဉ်” (co-decision) မှတစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဥရောပပါလီမန်နှင့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သော Council of the EU ၏ သဘောတူညီချက် နှစ်ရပ်လုံး လိုအပ်မည် ဖြစ်သည်။

သို့သော် ကော်မရှင်၏ ပြောကြားချက်အရ ယင်းဥပဒေကြမ်းသည် အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘောတူညီချက် (unanimity) မလိုအပ်ဘဲ Council of the EU တွင် “အရည်အချင်းပြည့်မီသော မဲအများစု” (qualified majority) ဖြင့် အတည်ပြုနိုင်မည်ဖြစ်သည်။ Reuters ၏ အဆိုအရ အဖွဲ့ဝင် ၂၇ နိုင်ငံ အနက် အနည်းဆုံး ၁၅ နိုင်ငံ (ဥရောပလူဦးရေ၏ ၆၅% ကိုယ်စားပြု) ၏ ထောက်ခံမှုဖြင့် ယင်းအဆိုကို အတည်ပြုနိုင်မည်ဖြစ်သည်။

“မည်သူမျှ ဤအဆိုပြုချက်ကို ဗီတိုအာဏာဖြင့် မတားဆီးနိုင်တော့ပါ” ဟု Jorgensen က မီဒီယာများသို့ ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက “ဤဥပဒေကို မလိုက်နာသော နိုင်ငံများသည် အခြားဥရောပ ဥပဒေများ ကဲ့သို့ပင် တရားဥပဒေအရ အရေးယူခံရမည်” ဟု သတိပေးခဲ့သည်။

ကိုးကား- RT

လုပ်အားခများကို ခေါင်းပုံဖြတ်ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

လုပ်အားခများကို ခေါင်းပုံဖြတ်ရယူခဲ့သူအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅၊ ၃၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ်များ ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ဦး---/၅၁/၂၀၂၅ ခုနှစ် နေသူသည် ဖျာပုံမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဖျာပုံတံတားအောက်တွင် အရက်သေစာသောက်စားပြီး အိပ်ပျော်နေစဉ် မောင်ထွန်း၊ ရွာလယ်ပိုင်းလမ်း၊ ကျုံကူကျေးရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူက အိပ်ရန်နေရာမရှိပါက ၎င်း၏ နေအိမ်သို့လိုက်ခဲ့ရန် ခေါ်ဆောင်သဖြင့် လိုက်ပါသွားခဲ့ကြောင်း။

ထို့နောက် နေအိမ်အရောက်တွင် ၎င်းအား မောင်ထွန်းက ငါးဖမ်းစက်လှေတွင် လိုက်ပါလုပ်ကိုင်ရန် စည်းရုံးရာ မလုပ်ကိုင်လိုကြောင်း ငြင်းဆန်ခဲ့သော်လည်း ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာရှိ “ဓူဝံ” ငါးဖမ်း အလုပ်ရုံသို့ပို့ဆောင်ကာ ကြိုတင်ငွေကျပ် ၂ သိန်းထုတ်ယူသွားခဲ့ကြောင်း၊ အဆိုပါနေရာ၌ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၂၂၀၀၀၀ နှုန်းဖြင့် ၉ လခန့်လုပ်ကိုင်ခဲ့ရာ မောင်ထွန်းမှ ငွေကျပ် ၁၁၅၀၀၀၀ ကို ထပ်မံထုတ်ယူသွားခဲ့သဖြင့် ၎င်းအား ငွေကျပ် ၁၃၆၅၀၀ သာ ထုတ်ပေးခဲ့သဖြင့် ၎င်း၏ လုပ်အားခများအား ခေါင်းပုံဖြတ်ရယူသွားခဲ့သည့် မောင်ထွန်းအား ဖျာပုံမြို့မရဲစခန်း (ပ)၅၉/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ပို့ခဲ့သည်။ ဖျာပုံခရိုင်တရားရုံးမှ ဇွန် ၁၂ ရက်တွင် တရားခံမောင်ထွန်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၈ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နေ မ---/ ၂၄/၂၀၂၅ ခုနှစ်နေသူသည် ၈-၂-၂၀၂၅ ရက်နေ့ money@dawwai998 Tik Tok အကောင့်၌ တရုတ်အငှားရည်းစား ၅ ယောက်ခေါ်ယူမည်၊ ၃/၄ လခန့်လုပ်ကိုင်ရမည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ အကောင့်ပိုင်ရှင် နေခြည်စိုး(ကျား)၊ ဆိတ်ချိုရွာ၊ ပျော်ဘွယ်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် သန်းမိုးဇင်(မ)၊ မူဆယ် မြို့နေ၊ ရှမ်းပြည်နယ်နေသူတို့က ၎င်းအား တရုတ်ယောကျ်ားယူပါက တစ်လလျှင် ငွေကျပ်သိန်း ၅၀ ရမည်၊ ၃ လ လုပ်ကိုင်ပြီးပါက ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မ ရဲစခန်း (ပ)၃၈/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ပို့ခဲ့သည်။

အဆိုပါအမှုအား မဟာအောင်မြေခရိုင်တရားရုံးမှ ဇွန် ၁၂ ရက်တွင် တရားခံနေခြည်စိုး(ကျား)ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံ သန်းမိုးဇင်(မ)အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရှိရသည်။

MOI