ကနေဒါနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ရှိနေပါက ၎င်းအတွက် အကျိုးရှိမည်ဟု ထရမ့် ပြောကြား
News Image

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ရှိနေသင့်ကြောင်း၊ အမေရိကန်အနေဖြင့် ကနေဒါအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂၀၀ ဘီလီယံခန့် ဆုံးရှုံးနေရကြောင်း၊ အကယ်၍ ကနေဒါသည် အမေရိကန်၏ အစိတ်အပိုင်းပြည်နယ်တစ်ခုဖြစ်လာပါက ထိုသို့ ထောက်ပံ့ပေးရခြင်းမှာ မိမိအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက် (တနင်္ဂနွေနေ့) က FOX News နှင့် အင်တာဗျူးတွင် ပြောကြားထားပါသည်။