အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ဆေးခြင်း DOGE ပိတ်ပင်ခံရ

News Image

  • အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ဆေးခြင်း DOGE ပိတ်ပင်ခံရ

တရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စုတရားသူကြီးတစ်ဦးက  ဘဏ္ဍာရေးဌာနရှိ သန်းနှင့်ချီသော အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို Elon Musk ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) က ကြည့်ရှုခွင့်မရစေရန် ပိတ်ပင်ခဲ့ပါသည်။

ထို့အပြင်   လက်ခံရရှိထားသော မိတ္တူများကို အီလွန်မတ်စ်နှင့် အဖွဲ့က ဖျက်ဆီးရန် ယာယီတားမြစ်သောအမိန့်ကို ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်ပြည်နယ် တရားသူကြီး Paul က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အီလွန်မတ်စ်အကြီးအကဲအဖြစ် ဦးဆောင်သည့် အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) သည် သမ္မတ ထရမ့်က သီးခြားတာဝန်ပေးထားခြင်းဖြစ်ပြီး တရားဝင် အစိုးရဌာနမဟုတ်သည့်အတွက် ထိုကဲ့သို့ ဘဏ္ဍာရေးဌာန၏ငွေကြေးအချက်အလက်များကို အသုံးပြုခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန် ပြည်ထောင်စုတရားသူကြီးက စွပ်စွဲပြောဆိုထားပါသည်။ 

ကိုးကား -BBC