AI ဉာဏ်ရည်တုနည်းပညာ ထိပ်သီးအစည်းအဝေး ပြင်သစ်တွင် ကျင်းပမည်
ပြင်သစ်နိုင်ငံ၌ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့တွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပထဝီနိုင်ငံရေး ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်မည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးမည် ဖြစ်ပါသည်။
တရုတ်နိုင်ငံထုတ် Deepseek AI Chatbot နည်းပညာ လောကတွင် နေရာယူလာပြီးနောက် ကမ္ဘာ့ခေါင်းဆောင်များ အကြား AI နည်းပညာအုပ်ချုပ်ရေးအကြောင်း ဆွေးနွေးကြမည့် အစည်းအဝေးဖြစ်ပါသည်။
ထိုအစည်းအဝေးသို့ အမေရိကန်ဒုတိယသမ္မတ JD Vance နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အထူးသံတမန်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား -AP news
MM-News-Category