ဗြိတိန်မင်းသား ဟယ်ရီကို အမေရိကန်မှ ပြန်ပို့ရန် အစီအစဉ်မရှိဟု ထရမ့်ပြောကြား
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်မင်းသား ဟယ်ရီကို အမေရိကန်နိုင်ငံမှ ပြန်ပို့ရန် အစီအစဉ်မရှိကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။
“မိမိအနေဖြင့် ၎င်းကို အေးအေးဆေးဆေး တစ်ယောက် တည်းထားလိုကြောင်း၊ ဟယ်ရီအနေဖြင့် ၎င်း၏ဇနီးနှင့် ပတ်သက်ပြီး ပြဿနာအတော်များများရှိနေကြောင်း” ထရမ့်က ပြောကြားထားပါသည်။
မင်းသားဟယ်ရီသည် ၎င်းရေးသားခဲ့သည့် အတ္ထုပတိ စာအုပ်တွင် မူးယစ်ဆေးဝါး သုံးစွဲခဲ့ခြင်းကို ဝန်ခံပြီးနောက် အမေရိကန်ဗီဇာကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ထရမ့်က သတင်းဌာနတစ်ခုသို့ ပြောကြားစဉ် မင်းသားဟယ်ရီသည် အမေရိကန် ဗီဇာ ရရှိရန် မသမာမှု ပြုလုပ်ပါက သင့်တော်သည့် အရေးယူမှု ပြုလုပ်မည်ဟု ပြောကြားဖူးပါသည်။
အမေရိကန် တည်ဆဲဉပဒေအရ ဗီဇာလျှောက်ထား သူများသည် မူးယစ်ဆေးဝါးအသုံးပြုမှု သမိုင်းကို ဖော်ပြရပါမည်။
ကိုးကား -TASS
MM-News-Category