မိုဒီအနေဖြင့် ထရမ့်၏ အခွန်စည်းကြပ်မှုကို တားနိုင်မည်ဟု မျှော်လင့်နေကြ

News Image

မိုဒီအနေဖြင့် ထရမ့်၏ အခွန်စည်းကြပ်မှုကို တားနိုင်မည်ဟု မျှော်လင့် နေကြ

လာမည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမေရိကန်သို့ သွားရောက်ပြီး သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့် အိန္ဒိယဝန်ကြီးချုုပ် နာရိန်ဒရာမိုဒီ အနေဖြင့် အမေရိကန်- အိန္ဒိယ ကုန်သွယ်မှု၌ အမေရိကန်ဘက်မှ ချမှတ်မည့် ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်မှုအား တားဆီးနိုင်လိမ့်မည် ဟု အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြပါသည်။ 

အမေရိကန်အစိုးရပိုင်မီဒီယာများကို ဖျက်သိမ်းရန် အီလွန်မက်စ် တောင်းဆို

News Image

အမေရိကန်အစိုးရပိုင်မီဒီယာများကို ဖျက်သိမ်းရန် အီလွန်မက်စ် တောင်းဆို

အမေရိကန်အစိုးရ၏ ဝါဒဖြန့်ချိရေး ယန္တရားများဖြစ်သည့် VOA (အမေရိက အသံ) ၊ RFE (ဥရောပအခမဲ့ ရေဒီယို) တို့ကို ဖျက်သိမ်းရန်အတွက် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE)၏ အကြီးအကဲ ဖြစ်သူ အီလွန်မက်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က တောင်းဆိုလိုက်ကြောင်း သိရပါသည်။ မက်စ်က ၎င်းဌာနများသည် အမေရိကန် ပြည်သူများ၏ အခွန်ဘဏ္ဍာငွေများကို ဖြုန်းတီးနေကြသည့် ဌာနများ ဖြစ်သည်ဟု ဆိုသည်။ 

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ငွေလွှဲပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ရရှိ

News Image

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ငွေလွှဲပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ရရှိ

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ငွေလွှဲပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိပြီး အကြမ်းဖျင်းအားဖြင့် ယခင်နှစ်ကိန်းဂဏန်းနှင့် အလားတူဖြစ်ကြောင်း အစိုးရထံမှ သိရသည်။

နိုင်ငံနှင့်နယ်မြေပေါင်း ၁၃၀ တွင် နေထိုင်သည့် ဗီယက်နမ်နိုင်ငံသား ၆ သန်းနီးပါးမှ ရောက်ရှိလာသည့် ကိန်းဂဏန်းသည် ဗီယက်နမ်တွင် စီးပွားရေး၊ သိပ္ပံပညာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများစွာကို အထောက်အကူဖြစ်စေသည်ဟု ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဖေဖော်ဝါရီ ၆ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

နျူကလီးယားဆိုင်ရာ Fetwa ကိုရုပ်သိမ်းရန် အီရန်ထိပ်တန်းတပ်မှူးများ တိုက်တွန်း

News Image

နျူကလီးယားဆိုင်ရာ Fetwa ကိုရုပ်သိမ်းရန် အီရန်ထိပ်တန်းတပ်မှူးများ တိုက်တွန်း

အီရန်၏ အစ္စလမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) မှ အကြီးတန်း တပ်မှူးများသည် နျူလက်နက်ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးပြုမှုကို တားမြစ်ထားသည့် ၎င်း၏ကာလရှည်ကြာ တည်ရှိနေသော Fetwa (အစ္စလမ်ဘာသာရေးခေါင်းဆောင်တစ်ဦးမှ ပေးအပ်သော ဥပဒေဆိုင်ရာ သဘောထား (သို့) အမိန့်) ကို ရပ်ဆိုင်းရန် ခေါင်းဆောင် အယာတိုလာ အလီခါမေနီအား တိုက်တွန်းခဲ့ကြောင်း The Telegraph က ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

အနောက်တိုင်းရန်ဘက်များ၏ ဖိအားများကြားတွင် အဏုမြူဗုံးများ ကိုင်ဆောင်ထားရန်မှာ မရှိမဖြစ်လိုအပ်ကြောင်း ၎င်းတို့ကစောဒက တက်ခဲ့ကြောင်း သိရသည်။