လုပ်သားဝင်ရောက်မှုဆိုင်ရာသဘောတူညီချက်ချမှတ်နိုင်ရေးအတွက် အိန္ဒိယနှင့်ရုရှားဆွေးနွေး

News Image

  • လုပ်သားဝင်ရောက်မှုဆိုင်ရာသဘောတူညီချက် ချမှတ်နိုင်ရေးအတွက် အိန္ဒိယနှင့်ရုရှားဆွေးနွေး

အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံကြား လုပ်သားဝင်ရောက်မှုဆိုင်ရာသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း အိန္ဒိယသံအမတ် ဗီနေးကူမားက ပြောသည်။

အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ရုရှားနိုင်ငံအတွင်းသို့   အလွယ်တကူဝင်ရောက်လာနိုင်ရေးနှင့်စပ်လျဉ်း၍ အိန္ဒိယနှင့် ရုရှားတို့ကြား နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်းသဘောတူညီချက်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုခိုင်ခံ့ကောင်းမွန်စေမည်ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဗီနေးကူမားက နိုင်ငံတကာရေးရာမဂ္ဂဇင်းနှင့် လုပ်ဆောင်သည့်တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။

အဆိုပါသဘောတူညီချက်အရ အိန္ဒိယနိုင်ငံမှကျွမ်းကျင်သူများ အထူးသဖြင့် သတင်းအချက်အလက်နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်မှုအင်ဂျင်နီယာစသည့် နယ်ပယ်များမှ ကျွမ်းကျင်သူများအနေဖြင့် ရုရှားနိုင်ငံ၏လုပ်သားအင်အားစု လိုအပ်ချက်ကို    ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း   သိရသည်။

အိန္ဒိယနိုင်ငံသည် အနောက်နိုင်ငံများ၏ ဖိအားပေးမှုများ ရှိနေသော်လည်း ရုရှားနှင့် သံတမန်ဆက်ဆံရေး၊ ကုန်သွယ်ရေးတို့ကို ဆက်လက်ထိန်းသိမ်းထားပြီး အထူးသဖြင့် စွမ်းအင်၊ ကာကွယ်ရေးနှင့် အခြားကဏ္ဍများတွင်    ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Ref: RT

Source: Myawady Web Portal