အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးများနေ့အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည်

News Image

  • အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးများနေ့အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည်

ရန်ကုန်    ဖေဖော်ဝါရီ ၂

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ကလေးများနေ့ အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ သိရသည်။

အဆိုပါ ကလေးများနေ့အကြိုစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် ဓာတ်ပုံပြပွဲကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပန်းပဲတန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်မဲ့ ကလေးများနေ့အကြိုလှုပ်ရှားမှုအနေနဲ့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှာရှိတဲ့ ကလေးစာကြည့်တိုက်မှာ ကလေးများအတွက် ဓာတ်ပုံပြပွဲ၊ ပုံပြင်သရုပ်ဖော်တင်ဆက်ခြင်း အစီအစဉ်၊ ပန်းချီရေးဆွဲခြင်း အစီအစဉ်၊ စကားပုံပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်ပြီး ဆုတွေလဲ ပေးအပ်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ကလေးများပျော်ရွှင်စေဖို့အတွက် ဂိမ်းကစားတဲ့ အစီအစဉ်တွေကိုလဲ ထည့်သွင်းကျင်းပပေးသွားမှာဖြစ်ပါတယ်” ဟု အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ‌ဒေါက်တာ ကေသီအေး ကပြောပြသည်။

ASH

Source: ရတနာပုံသတင်းစာ