ဖီလာဒဲဖီးယားမြို့တွင် လူခြောက်ဦးကိုတင်ဆောင်လာသည့် ဆေးကုသရေး လေယာဉ်တစ်စင်းပျက်ကျ
အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားမြို့တွင် လူခြောက်ဦးကိုတင်ဆောင်လာသည့်ဆေးကုသရေးလေယာဉ်တစ်စင်း လူနေရပ်ကွက်တစ်ခုအတွင်းသို့ ပျက်ကျခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
Jet Rescue Air Ambulance ပိုင် အဆိုပါလေယာဉ်သည် ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမြို့ရှိ North-east Philadelphia လေဆိပ်မှ ဇန်နဝါရီလ၃၁ ရက် ဒေသစံတော်ချိန် ည ၆ နာရီခန့်တွင် ပျံသန်းပြီးမကြာမီ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လူနေရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့နှင့် မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် အမှုထမ်းလေးဦး၊ လူနာတစ်ဦးနှင့် လူနာစောင့်တစ်ဦးလိုက်ပါလာကြောင်း၊ လက်ရှိတွင် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးရသည့် လူအရေအတွက်ကို အတိအကျမသိရသေးကြောင်း ဖီလာဒဲဖီးယားမြို့တော်ဝန် ချားရယ်ပါကာ က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
Ref:Xinhua
Source: Myawady Web Portal