ပါလက်စတိုင်းနှင့် အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးပြန်လွှတ်ပေး

News Image

  • ပါလက်စတိုင်းနှင့် အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးပြန်လွှတ်ပေး

အစ္စရေးနိုင်ငံသည် ဟားမက်စစ်သွေးကြွအဖွဲ့နှင့်  အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ၎င်းတို့ထိန်းသိမ်းထားသည့် ပါလက်စတိုင်းနှင့်  အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

အစ္စရေးအစိုးရသည် ၎င်းတို့ပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသားများအား ကြက်ခြေနီအဖွဲ့မှတစ်ဆင့် ပါလက်စတိုင်းသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်သည်။

၎င်းအကျဉ်းသားများအနက် ၁၅၀ ဦးမှာ ဂါဇာကမ်းမြောင်ဒေသမှဖြစ်ပြီး ၃၂ ဦးမှာ အနောက်ဘက်ကမ်းခြေဒေသနှင့် ကျန်တစ်ဦးမှာ အီဂျစ်နိုင်ငံသားဖြစ်ကြောင်းသိရသည်။

ဟားမက်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ သုံးဦးအား ဖေဖော်ဝါရီလ  ၁  ရက် အစောပိုင်းက ပြန်လွှတ်ပေးပြီးနောက် အစ္စရေးက ပါလက်စတိုင်းနှင့် အီဂျစ်နိုင်ငံသားတို့ပါဝင်သည့် အကျဉ်းသားများကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းဟားမက်တို့ကြား အကျဉ်းသားအပြန်အလှန်လွှဲပြောင်းပေးမှုသည်  စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Source: Myawady Web Portal