လူမှုဖူလုံရေး အာမခံထားသူ အမျိုးသမီး မီးဖွားမှု အကျိုးခံစားခွင့်နှင့် မီးဖွားစရိတ် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနှင့် လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။

အာမခံထားသူ အမျိုးသမီး မီးဖွားသည့်အခါ မီးဖွားမှုအကျိုးခံစားခွင့်နှင့် မီးဖွားစရိတ်များကို သတ်မှတ်ချက်များနှင့်အညီခံစားခွင့်ရှိပါသည်။ လိုအပ်သည့် အထောက်အထားများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်- 
(က)     အလုပ်ရှင်ထံမှ မီးဖွားကြောင်းထောက်ခံသည့် အကြောင်းကြားစာပုံစံ၊
(ခ)    သက်ဆိုင်ရာ လူမှုဖူလုံရေးဆရာဝန်မှထုတ်ပေးသည့် မီးမဖွားမီနှင့် မီးဖွားပြီး ဆေးလက်မှတ်ပုံစံ၊
(ဂ)  ဆေးရုံ/ ဆေးခန်းကဖြစ်စေ၊ ကျန်းမာရေးဦးစီးဌာနကဖြစ်စေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းကဖြစ်စေထုတ်ပေးသည့် မီးဖွားကြောင်းသက်သေ အထောက်အထား၊

လူမှုဖူလုံရေး အာမခံထားသူ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်း နှင့် မီးဖွားခြင်းများ ဖြစ်ပေါ်သည့်အခါ ရရှိမည့် ဆေးကုသမှု ခံယူခွင့်နှင့် ငွေကြေး အကျိုး ခံစားခွင့် ကာလများကို သိရှိလိုပါသည်။

လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူ အမျိုးသမီးများသည် မီးဖွားမှုအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရန်အတွက် မီးဖွားခွင့်မယူမီ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်ထားသော မှတ်ပုံတင်ကာလ (၁၂)လ အတွင်း ထည့်ဝင်ကြေးကာလ (၆)လရှိရပါမည်။ လူမှုဖူလုံရေးအဖွဲ့ဆေးရုံ၊ ဆေးခန်းများတွင် လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူ စာချုပ်ချုပ်ထားသည့် ဆေးရုံ၊ ဆေးခန်းများတွင် လည်းကောင်း အခမဲ့ဆေးကုသခွင့်ရှိပါသည်။ မီးမဖွားမီ (၆)ပတ်၊ မီးဖွားပြီး (၈) ပတ်၊ စုစု ပေါင်းမီးဖွားခွင့် (၁၄) ပတ်ပေးပါသည်။ အမြွှာကလေး မွေးပါက နောက်ထပ် (၄) ပတ် ငွေကြေး အကျိုးခံစားခွင့် ပေးပါသည်။ မီးမဖွားမီ လွန်ခဲ့သည့် (၁၂) လအတွင်

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် မကျန်းမာမှုဖြစ်ပေါ်ပါက ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများနဲ့ လိုအပ်သည့် အထောက်အထားများကို သိရှိလိုပါသည်။

(က) မကျန်းမာမှုဖြစ်လျှင် သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးပေးခန်းခန်းသို့ သွားရောက် ကုသမှုခံယူနိုင်ပြီး အနားယူရန် လိုအပ်လျှင် ဆရာဝန်က ဆေးလက်မှတ်ဖြင့် ဆေးခွင့်ပေးပါမည်။
(ခ) လူမှုဖူလုံရေးဆေးခန်း၏ ဆေးကုသမှုဖြင့် မလုံလောက်သော ဆေးကုသမှုများအတွက် အလုပ်သမားဆေးရုံကြီး (သို့မဟုတ်) နီးစပ်ရာ ပြည်သူ့ဆေးရုံကြီးများး သို့ ဆေးစာနှင့်တကွ လွှဲပြောင်းပေးပို့ပါမည်။
(ဂ) အလုပ်မဆင်းနိုင်သည့်အတွက် ဆေးခွင့်ယူရန် တစ်ပတ်အတွင်း သက်ဆိုင်ရာ လူမှုဖူရေး ဆေးခန်းသို့ အကြောင်းကြားရမည်။

အာမခံအလုပ်သမားတစ်ဦးသည် မကျန်းမာမှုဖြစ်ပေါ်သည့်အခါ ရရှိမည့် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် ကလများကို သိရှိလိုပါသည်။

အာမခံအလုပ်သမားတစ်ဦးသည် မကျန်းမာမှုဖြစ်ပေါ်သည့်အခါ ဆေးကုသမှုခံယူရန်အတွက် လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသည်နှင့် ဆေးကုသမှုခံယူခွင့်ရှိသည့်အပြင် အကျိုးခံစားခွင့်အဖြစ် ရောဂါတစ်မျိုးအတွက် အများဆုံးရက်သတ္တပတ်( ၂၆)ပတ် အထိ ခံစားခွင့်ရရှိမှာ ဖြစ်ပါသည်။ မှတ်ပုံတင်ကာ (၆)လအတွင်း ထည့်ဝင်ကြေး အနည်းဆုံး (၄)လ ပေးသွင်းထားပါက ဆေးကုသမှုခံစားနေရပြီး အလုပ်မဆင်းနိုင်သည့် ကာလများအတွက် လွန်ခဲ့သော (၄)လအတွင်း ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ၏ ၆၀% ကို ငွေကြေးအကျိုးခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ 

Source: https://www.mol.gov.mm