လူမှုဖူလုံရေးအဖွဲ့မှာ မဝင်မနေရ အကျုံးဝင်ရမယ့် အလုပ်ဌာနများကို သိချင်ပါသည်။ ဘာကြောင့် မဝင်မနေရ အလုပ်ဌာနအဖြစ် သတ်မှတ်ထားကြောင်း သိရှိလိုပါသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမား (၅)ဦးနှင့်အထက် လုပ်ကိုင်သော အောက်ပါအလုပ်ဌာနများ အကျုံးဝင်ပါသည်-
(က) စက်မှုလက်မှု အလုပ်ဌာနများ၊
(ခ ) စီးပွားရေးလုပ်ကိုင်သောအစိုးရဌာန၊ အစိုးရ(အဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ)
(ဂ ) စည်ပင်သာယာရေးအဖွဲ့အစည်းများ၊
(ဃ) ငွေရေးကြေးရေး အဖွဲ့အစည်းများ၊
(င ) စီးပွားရေးလုပ်ကိုင်သောကုမ္ပဏီ၊ အသင်း၊ အဖွဲ့အစည်းများနှင့် လက်အောက်ခံဌာနများ၊
(စ ) ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများ၊ အများပြည်သူဖျော်ဖြေရေးအလုပ်ဌာနများ၊
(ဆ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊
(ဇ ) တစ်နှစ်နှင့်အထက်လုပ်ကိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊
(ဈ ) ဖက်စပ်လုပ်ငန်းများ၊
(ည) သတ္တုတွင်းနှင့် ကျောက်မျက်ရတနာဆိုင်ရာလုပ်ငန်းများ၊
(ဋ ) ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊
(ဌ ) ဆိပ်ကမ်းများနှင် ပြင်ပဆိပ်ကမ်းများ၊
(ဍ ) ကုန်တင်ကုန်ချလုပ်ငန်း အဖွဲ့အစည်းများ၊
(ဎ ) အလုပ်သမားဝန်ကြီးဌာနနှင့် လက်အောက်ခံဌာနအဖွဲ့အစည်းများ၊
(ဏ) အခါအားလျော်စွာသတ်မှတ်သော အခြားလုပ်ငန်းဌာနများ၊
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်များသည် လျော်ကြေးဥပဒေမှ ကင်းလွတ်ခွင့်ရှိပြီး၊ ၎င်းအလုပ်ဌာနများမှ ဝန်ထမ်း/အလုပ်သမားများ အကြောင်းအမျိုးမျိုးကြောင့် မကျန်းမာမှု၊ အလုပ်တွင်ထိခိုက်မှု၊ သေဆုံးမှု၊ ကျန်ရစ်သူ အကျိုးခံစားခွင့်များ၊ အငြိမ်းစားယူပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ခံယူခွင့်စသည့် အခွင့်အရေးများရရှိစေရန် အလုပ်ဌာနကိုယ်စား လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးသည်ဖြစ်၍ အလုပ်ရှင်နှင့်အလုပ်သမားများ ငြိမ်းချမ်းစွာအတူလက်တွဲပြီး ကုန်ထုတ်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မဝင်မနေရ အကျုံးဝင်ရမည့် အလုပ်ဌာနအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

 

Question

လူမှုဖူလုံရေးအဖွဲ့မှာ မဝင်မနေရ အကျုံးဝင်ရမယ့် အလုပ်ဌာနများကို သိချင်ပါသည်။ ဘာကြောင့် မဝင်မနေရ အလုပ်ဌာနအဖြစ် သတ်မှတ်ထားကြောင်း သိရှိလိုပါသည်။