၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားများ အကျုံးဝင်မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများကို သိရှိလိုပါသည်။

လုပ်ငန်းဌာနတစ်ခုခုတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကို အသုံးပြုပြီး လုပ်ကိုင်၍ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေသူများ၊ လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သင်များ၊ ပညာသင်များသည်လည်း လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ရပါမည်။ (ပုဒ်မ-၂(က))
အလုပ်ရှင်တစ်ဦးသည် အလုပ်သမားသစ်စတင်ခန့်အပ်ပြီး (၁၀)ရက်အတွင်း မိမိလုပ်ငန်းဌာနနှင့် သက်ဆိုင်သည့် နယ်မြေရှိလူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါသည်။ မှတ်ပုံတင်ရန်လိုအပ်သည့် စာရွက်စာတမ်းများမှာ-
(က) အာမခံအလုပ်သမားမှတ်ပုံတင် ပုံစံ(၂)
(ခ ) ကျန်းမာကြောင်း ထောက်ခံချက် (မိမိဆန္ဒအလျောက် မှတ်ပုံတင်သူများအတွက်သာ)

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

 

Question

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားများ အကျုံးဝင်မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများကို သိရှိလိုပါသည်။