မျောက်ကျောက်ရောဂါဖြစ်ပွားမှုက အာဖရိက၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဆက်လက်တည်ရှိ

News Image

  • မျောက်ကျောက်ရောဂါဖြစ်ပွားမှုက အာဖရိက၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဆက်လက်တည်ရှိ

အာဖရိကဒေသတွင် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ  အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကထုတ်ပြန်သည်။

ဒေသအတွင်း၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် မြင့်တက်လျက်ရှိပြီး ဖြစ်ပွားနေသည့်ရောဂါသည် ကူးစက်မြန်သည့် ရောဂါမျိုးကွဲတစ်ခုဖြစ်သောကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် စိန်ခေါ်မှုအဖြစ် ထွက်ပေါ်လျက်ရှိသည်ဟု အဆိုပါစင်တာက ဖေဖော်ဝါရီလ ၂၈ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည်  ဒေသတွင်း၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကြောင့် အရေးပေါ်အခြေအနေ တစ်ရပ်ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ကြေညာထားခြင်းဖြစ်သည်။ အဆိုပါရောဂါ ကူးစက်မှုသည်  ယခုအခါဒေသတွင်း၌  တိုးမြှင့်ဖြစ်ပွားလာပြီဖြစ်သည်။

အာဖရိကဒေသတွင် ယခု ၂၀၂၅ ခုနှစ် အစပိုင်းမှစ၍  ရောဂါပိုးကူးစက်ခံရသူ ၂၁,၅၄၄ ဦးအထိ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှုကြောင့် လူစုစုပေါင်း ၂၃၃ ဦးသေဆုံးပြီးဖြစ်သည်။

ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံတွင် ဖေဖော်ဝါရီလ၂၈ ရက်က မျောက်ကျောက်ရောဂါ ဖြစ်ပွားသူသုံးဦးကို   ထပ်မံတွေ့ရှိခဲ့ကြောင်း ယင်းနိုင်ငံရှိ  ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုထားသည်။

Source: https://myawady.net.mm/