ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍ ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရုတ်တရားရုံးက ကွပ်မျက်

News Image

  • ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍ ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရုတ်တရားရုံးက ကွပ်မျက်

တရုတ်နိုင်ငံတွင် ကလေးငယ် ၁၇ ဦးကို ဖမ်းဆီးပြန်ပေးဆွဲ၍  ရောင်းချခဲ့သည့် အမျိုးသမီးတစ်ဦးအား တရားရုံးတစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကွပ်မျက် လိုက်ကြောင်းသိရသည်။

ဟွာဟင်းအမည်ရှိ အဆိုပါအမျိုးသမီးသည် ၂၀၂၃ ခုနှစ်တွင် ကလေးငယ် ၁၁ ဦးကို ရောင်းချမှုဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခံခဲ့ရသော်လည်း အယူခံဝင်ခဲ့ပြီးနောက် ကွေ့ကျို့ပြည်နယ်တရားရုံးက  ၎င်း၏အမှုအား  ပြန်လည် သုံးသပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဖမ်းဆီး ပြန်ပေးဆွဲခံရသည့် ကလေးငယ်ဦးရေသည် ၁၇ ဦးအထိ မြင့်တက်လာသည်ကို ရဲတပ်ဖွဲ့ က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့ကြောင့် ပြည်သူ့တရားရုံးချုပ်၏ အတည်ပြုချက်အရ ဟွာဟင်းအား ကွပ်မျက်ရန် ကွေ့ယန်းမြို့ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်ကလည်း လူအများအတွင်းသို့ မော်တော်ကားဖြင့် မောင်းနှင်၍ ဝင်တိုက်ခဲ့သည့် ဖန်ဝေကို့အား တရားရုံးက လူ ၃၅ ဦးအား သေစေရန် ကြံစည်မှုဖြင့် ပြစ်မှုထင်ရှားခြင်းကြောင့် ၎င်းအမျိုးသားအား  သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။    

Source: Myawady Web Portal