ဗလာဒီမာပူတင်က အလွန်တော်ပြီး ပါးနပ်မှုရှိသူဖြစ်သောကြောင့် ယူကရိန်းအရေး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်မည်ဟု ဒေါ်နယ်ထရမ့် မျှော်လင့်

News Image

  • ဗလာဒီမာပူတင်က အလွန်တော်ပြီး ပါးနပ်မှုရှိသူဖြစ်သောကြောင့် ယူကရိန်းအရေး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်မည်ဟု ဒေါ်နယ်ထရမ့် မျှော်လင့်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အလွန်တော်ပြီး ပါးနပ်မှုရှိသူတစ်ဦး ဖြစ်သောကြောင့် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည်ဟု  မျှော်လင့်သည်ဟု  အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။

သမ္မတပူတင်သည် အလွန်တော်သူ တစ်ဦးဖြစ်သောကြောင့် ရုရှားနှင့်အမေရိကန်တို့ကြား သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည်ဟု မိမိယူဆမိကြောင်းထရမ့်က အိမ်ဖြူတော်၌ ယခုရက်သတ္တပတ်အတွင်းက ကျင်းပသည့်အစိုးရအဖွဲ့ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနှင့် အမေရိကန်တို့ကြား ချမှတ်မည့် သဘောတူညီချက်တွင် ထင်မှတ် ထားခြင်းမရှိသော အရာများလည်း ပါဝင်နိုင်ကြောင်း၊ သို့သော် နှစ်နိုင်ငံကြား သဘောတူညီချက်ချမှတ်နိုင်မည်ဟု ယူဆမိကြောင်း  ၎င်းကဆက်လက် ပြောကြားသည်။

ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား လက်ရှိလုပ်ဆောင်နေသည့် ယူကရိန်းအရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများသည် တိုးတက်ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်ဟု ထရမ့်က အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal