ဇီလန်စကီး၏ ဝါရှင်တန်သို့ သွားရောက်လည်ပတ်မှုသည် “ကိယက်ဗ်၏ သံတမန်ရေးရာ ရှုံးနိမ့်မှုပါပဲ” ဟု ကရင်မလင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ကရင်မလင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာ ခါရိုဗာက ဗလာဒီမာ ဇီလန်စကီး၏ ဖေဖော်ဝါရီ ၂၈ (သောကြာနေ့)တွင် ဝါရှင်တန်သို့ သွားရောက်လည်ပတ်မှုသည် “ကိယက်ဗ်၏ သံတမန် ရေးရာ ရှုံးနိမ့်မှုပါပဲ” ဟု ပြောကြားခဲ့သည်။
ဇီလန်စကီးသည် ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားသော်လည်း သမ္မတ Trump နှင့် ဒုသမ္မတ JD Vance တို့က ယူကရိန်းခေါင်းဆောင်အား “ရိုင်းပျသည်” ဟု အမေရိကန်နှင့် နိုင်ငံတကာ မီဒီယာများရှေ့တွင် သတိပေးလိုက်သည့်အတွက် ရည်ရွယ်ချက် အထမ မြောက်ခဲ့ပါ။
“ယူကရိန်းသမ္မတက စစ်ပွဲကို ရှည်ကြာစေလိုကြောင်းနှင့် ယူကရိန်း၏ စစ်မဲ့နယ်မြေများနှင့် လက်ရှိ ရုရှားသိမ်းပိုက်ထားသော နယ်မြေအားလုံး ကို ဆက်လက်သိမ်းယူထားမည့် မော်စကို၏ ရည်မှန်းချက်များသည်လည်း ပြောင်းလဲမှု မရှိသေးကြောင်း” သူမက ထပ်လောင်း ပြောကြားခဲ့သည်။
“ဝါရှင်တန်သို့ သွားရောက်စဉ်အတွင်း ၎င်း၏ ကြမ်းတမ်းရိုင်းစိုင်းသော အပြုအမူကြောင့် ဇီလန်စကီးသည် ကမ္ဘာစစ် ဖြစ်ပေါ်စေရန် သွေးထိုး လှုံ့ဆော်သူအဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းကို အန္တရာယ်အရှိဆုံး ခြိမ်းခြောက်သူ ဖြစ်နေကြောင်း” Zakharova မှ ပြောကြားခဲ့သည်။
ကိယက်ဗ်နှင့် ဥရောပနိုင်ငံအချို့က ထိုအချက်ကို အမြန်နားလည် သဘောပေါက်ပါက ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ပိုမို နီးစပ်လာမည်ဖြစ်ပါသည်။
ယခုအထိ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် Oval Office တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့်ပတ်သက်၍ တရားဝင်မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပေ။
ကိုးကား- BBC News ၊ al24news