ထရမ့်ကို လေးစားကြောင်း ဇီလန်စကီးပြောကြား

News Image

  • ထရမ့်ကို လေးစားကြောင်း ဇီလန်စကီးပြောကြား

“ယူကရိန်းနှင့် အမေရိကန်တို့သည် ရုရှားနှင့်ဆန့်ကျင်ဘက် တစ်ဖက်တည်း တွင် ရှိနေရမည်” ဟု ယူကရိန်းသမ္မတ ဇီလန်စကီး က Fox News ကို ပြောကြားခဲ့ပါသည်။

 “အမေရိကန် သမ္မတက ယူကရိန်းတို့ဘက်မှာ ရှိနေမည်ဟု မျှော်လင့် မိကြောင်းနှင့် အဆိုပါအချက်သည် ရုရှား သမ္မတ ဗလာဒီမာပူတင်ကို ရပ်တန့်ရန်အတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ကြောင်း" ၎င်းက ပြောကြားခဲ့သည်။

ဇီလန်စကီးက ပူတင်သည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း အခိုင်အမာ ပြောကြား ခဲ့သည်။

“ဘဲဥပုံရုံးတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဒေါ်နယ်ထရမ့် အား တောင်းပန်ရန် အကြွေးတင်နေသလား” ဟု မေးမြန်းချက်အပေါ် ဇီလန်စကီးက အဆိုပါမေးခွန်းကို တိုက်ရိုက်ဖြေကြားခြင်းမရှိပေ။

“မိမိအနေဖြင့်က အမေရိကန်သမ္မတကို လေးစားပြီး အမေရိကန်ပြည်သူ များကို လေးစားပါကြောင်း” ၎င်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

သို့သော် “မိမိအနေဖြင့် ပိုမိုပွင့်လင်းပြီး ပိုမို ရိုးသားမှုရှိရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း၊ မိမိတို့အနေဖြင့် မကောင်းသည့်ကိစ္စတစ်ခုခု လုပ်ခဲ့မိသလား ဆိုသည်မှာ မသေချာကြောင်း” ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား- BBC News