ထရမ့်ကို ကျေးဇူးတင်ရမည် ဟု နေတိုးအကြီးအကဲ ပြောကြား

News Image

  • ထရမ့်ကို ကျေးဇူးတင်ရမည် ဟု နေတိုးအကြီးအကဲ ပြောကြား

အိမ်ဖြူတော် အစည်းအဝေးအပြီးတွင် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် နှစ်ကြိမ်တိုင်တိုင် စကားပြောဆိုထားသည့် နေတိုး အတွင်းရေးမှူးချုပ် Mark Rutte က “၎င်းအနေဖြင့် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို လွတ်လပ်စွာ ပြောပြခွင့်မရှိကြောင်း” ပြောကြားထားသော်လည်း “ယခုအချိန်အထိ ယူကရိန်းအတွက် ထရမ့် လုပ်ဆောင်ပေးခဲ့သည်များကို လေးစားရန်” ဇီလန်စကီးကို ပြောကြားခဲ့ကြောင်း BBC သို့ ပြန်လည် မျှဝေထား ပါသည်။

“ဇီလန်းစကီးအနေဖြင့် အိမ်ဖြူတော်တွင် ထရမ့်နှင့် နှစ်ဖက်ထိပ်တိုက် တွေ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ ဆက်ဆံရေး ကို ပြန်လည်ထူထောင်ရန် နည်းလမ်းရှာရမည်” ဟု Rutte က ပြောကြား ခဲ့သည်။

“ထရမ့်၏ ပထမသမ္မတသက်တမ်း (၂၀၁၇ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ) အတွင်း အမေရိကန်သည် ယူကရိန်းကို တင့်ဖျက်ဒုံးကျည် စနစ်ကို ရောင်းချရန် အတည်ပြုခဲ့ပါသည်။ ထို့အတွက် ၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခစတင်သောအခါ ယူကရိန်းဘက်မှ ပြန်လည် ခုခံ တိုက်ခိုက် နိုင်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် ထရမ့်ကို အမှန်တကယ် ကျေးဇူးတင် ရမည်ဖြစ်ကြောင်း” Rutte က ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- BBC News

Photo: Bloomberg