မြောက်ကိုရီးယားတပ်မတော်က ဒုံးကျည်စနစ်များဖြင့် စစ်ရေးလေ့ကျင့်

News Image

  • မြောက်ကိုရီးယားတပ်မတော်က ဒုံးကျည်စနစ်များဖြင့် စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားတပ်မတော်သည် မေလ ၈ ရက်တွင် တာဝေးပစ် ဒုံးကျည်စနစ်များနှင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကိုယ်တိုင် လမ်းညွှန်ပေးခဲ့သည် ဟု သတင်းဌာနက ဆက်လက် ဖော်ပြခဲ့သည်။ လေ့ကျင့်မှုတွင် ၆၀၀ မီလီမီတာ multi-layer ဒုံးကျည် စနစ်နှင့် Hwasongpho-11-Ka ဗျူဟာမြောက်ဒုံးကျည်များ အသုံးပြုခဲ့ ကြောင်း ဖော်ပြထားပါသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုသည့် ဒုံးကျည်များနှင့်လက်နက်စနစ်များကို နျူကလီးယား လက်နက်စနစ်နှင့် အတူ ထိရောက်စွာအသုံးပြုနိုင်ရန် ရည်ရွယ်ကာ လုပ်ဆောင်ခဲ့သည် ဟု သတင်းဖော်ပြချက်အရ သိရပါသည်။

တောင်ကိုရီးယား၏ စစ်ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား သည် မေလ ၈ ရက်တွင် Wonsan မြို့အနီးမှ ဂျပန်ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည်များ ပစ်လွှတ်ခဲ့ပါသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက် ကလည်းတောင်ကိုရီးယားနှင့်အမေရိကန်တို့ "Freedom Shield" စစ်လေ့ကျင့်မှုမစတင်မီ မြောက်ကိုရီးယားက ပင်လယ်ဝါထဲသို့ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ပါသည်။

ကိုးကား- TASS

Photo: Euronews.com

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃