အမေရိကန်မပါဝင်ဘဲ ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်မည် မထင်ကြောင်း ဂျာမန်ဝန်ကြီးချုပ် ပြောကြား
အမေရိကန်၏ နိုင်ငံရေးနှင့်စစ်ရေးအရ ဆက်လက်ပံ့ပိုးမှု မပါဝင်ဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည်မဟုတ်ပါ ဟု ဂျာမန် ဝန်ကြီးချုပ် Friedrich Merz က ပြင်သစ်သမ္မတ Emmanuel Macron နှင့် ပူးတွဲပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားလိုက်ပါသည်။
"လက်ရှိအခြေအနေတွင် ဥရောပသားများအနေဖြင့် ထိုနေရာကို အစားထိုးနိုင်စွမ်း မရှိသေးပါ။ ဥရောပသားများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိပါသည်။အမေရိကန်အနေဖြင့် NATO အဖွဲ့ဝင်အနေဖြင့် လည်းကောင်း၊ ယူကရိန်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူအနေဖြင့်လည်းကောင်း ဆက်လက် ပါဝင်ဆောင်ရွက်ရန် မိမိတို့မျှော်လင့်ပါသည်” ဟု Merz က ထပ်လောင်း ပြောကြားခဲ့ပါသည်။
ကိုးကား-TASS
Photo: Britannica
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category