အီရန်မှ ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများ ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန်ထုတ်ပြန်

News Image

  • အီရန်မှ ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများ ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန်ထုတ်ပြန်

အီရန်နိုင်ငံမှ ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူသူများသည် ထပ်ဆင့်အရေးယူပိတ်ဆို့ခံရမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် ရေးထားသည်။

အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန်တို့ကြား ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အမေရိကန်အစိုးရက ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

အကယ်၍ အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်များကို စစ်ဘက်အတွက်အသုံးမပြုရန်ဆန္ဒရှိကြောင်း အီရန်အစိုးရက ပြောထားသည်။

သို့သော် အီရန်နိုင်ငံနှင့်ရေနံကုန်သွယ်မှုလုပ်သောနိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်မည်သို့သော ပုံစံ၊ နည်းလမ်းဖြင့်မဆိုစီးပွားရေးလုပ်ခွင့်မရှိကြောင်း၊ ထို့ကြောင့် အီရန်မှရေနံနှင့် ရေနံထွက်ကုန်ပစ္စည်းများဝယ်ယူမှုကို ချက်ချင်းရပ်တန့်သင့်ကြောင်း ထရမ့်က မေလ ၁ ရက်တွင်လူမှုကွန်ရက်၌ရေးထားသည်။

ကုမ္ပဏီခုနစ်ခုက အီရန်မှရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်မှုပြုလုပ်သည် ဟူသောစွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ပြီးနောက် ထရမ့်ကယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။ ထိုကုမ္ပဏီများတွင် ယူအေအီးနိုင်ငံအခြေစိုက်ကုမ္ပဏီခြောက်ခုနှင့်  တူကီယဲနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုတို့ ပါဝင်ကြောင်း သိရသည်။

Ref: RT

Source: https://myawady.net.mm/