အီရန် နှင့် Eurotroika ဆွေးနွေးပွဲ ပျက်ပြယ်

News Image

အီရန် နှင့် Eurotroika ဆွေးနွေးပွဲ ပျက်ပြယ်

မေ ၂ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည့် အီရန်နှင့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ (E3) တို့အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားကြောင်း သိရပါသည်။

အီရန်နှင့် အမေရိကန်အကြား တီဟီရန်၏ နျူကလီးယား အစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုများကို အတည်ပြုချက်မရခြင်းကြောင့် မေ ၃ ရက် (စနေနေ့) တွင် ကျင်းပရန် စီစဉ်ထားသည့် အီရန်နှင့် အမေရိကန် စတုတ္တအကြိမ် ဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်း ကြေညာအပြီး အဆိုပါဆွေးနွေးပွဲ ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရပါသည်။ 

ကိုးကား- The National

ကမ္ဘာ့အသေးဆုံးခွေးနှင့် အရပ်အရှည်ဆုံးခွေး တွေ့ဆုံကြ

News Image

ကမ္ဘာ့အသေးဆုံးခွေးနှင့် အရပ်အရှည်ဆုံးခွေး တွေ့ဆုံကြ

ခွေးသည် လူနှင့်အရင်းနှီးဆုံးသတ္တဝါဖြစ်ပါသည်။ မျိုးစိတ်၊ စားသောက် နေထိုင်ပုံတို့ကြောင့် ပုခြင်း၊ ရှည်ခြင်း၊ သေးခြင်း၊ ကြီးခြင်း ကွဲပြားကြပါသည်။

ခွေးနှစ်ကောင် လမ်းလျှောက်နေစဉ်မှာ ၉.၁၄ စင်တီမီတာ (၃.၆ လက်မ) အရပ်အမြင့်ရှိ ချီဝှါဝှါ မျိုးစိတ် ခွေးပေါက်စလေး Pearl သည်   ၁.၀၀၇ မီတာ (၃ ပေ ၄ လက်မ) အရပ်ရှည်သည့် Great Dane ခွေးကြီး Reggie  ၏  ခြေဖဝါးအထက်စွန်းကိုတောင်  မမီဘဲ အတူတူ လျှောက်သွားနေကြသည်မှာ  ခွေးချစ်သူများအတွက် ချစ်စရာကောင်းပြီး အသည်းယားစရာ ဖြစ်နေပါသည်။

ငွေကြေး ယူနစ်များ

၁ သန်း = 1 million 

၁ ဘီလီယံ ( 1 billion) = သန်းတစ်ထောင်

၁ ထရီလီယံ ( 1 trillion)= ဘီလီယံတစ်ထောင်

ကမ္ဘာ့ GDP ကို ဖော်ပြရာတွင် trillion မှာ လက်ရှိအချိန်ထိ အမြင့်ဆုံး ငွေကြေးယူနစ် ဖြစ်ပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

Photo: Raftar

လာမည့်နှစ်အတွက် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံ တောင်းခံမည်ဟု ထရမ့် ပြောကြား

News Image

လာမည့်နှစ်အတွက် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံ တောင်းခံမည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အောက်တိုဘာလ ၁ ရက်မှ စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် သမိုင်းတွင်မည့် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံကို ကွန်ဂရက်မှ တောင်းခံမည်ဟု အိမ်ဖြူတော်အရင်းမြစ်များကို ကိုးကား၍ Bloomberg က ဖော်ပြထား ပါသည်။