ဧပြီလတွင် ယွမ်ငွေကြေးလဲလှယ်မှု ၃.၅% အထိ ကျဆင်း

News Image

ဧပြီလတွင် ယွမ်ငွေကြေးလဲလှယ်မှု ၃.၅% အထိ ကျဆင်း

SWIFT ဘဏ်များအချင်းချင်းငွေပေးချေမှုစနစ်၏ ဒေတာများအရ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ယွမ်ငွေကြေး၏ အပြည်ပြည်ဆိုင်ရာငွေလဲလှယ်မှု ရှယ်ယာသည် မတ်လက ၄.၁၃% ရှိရာမှ ဧပြီလတွင် ကျဆင်းလာပြီး ၃.၅% အထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။

ထို့ကြောင့် ယွမ်ငွေကြေးသည် ကမ္ဘာ့ငွေလဲလှယ်မှုများတွင် အသုံးအများဆုံး ငွေကြေးစာရင်းတွင် ပဉ္စမနေရာသို့ အဆင့်ကျဆင်းသွားခဲ့ပါသည်။

ဥရောပဒေသတွင်း ငွေလဲလှယ်မှုများမပါဝင်က  အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုများတွင် ယွမ်ငွေကြေးသည် ဆဋ္ဌမနေရာတွင် ရပ်တည်နေပြီး စုစုပေါင်းငွေလဲလှယ်မှု၏ ၂.၃၈% ရှိပါသည်။

ဆားဘီးယားနိုင်ငံသည် SEPA ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ

News Image

ဆားဘီးယားနိုင်ငံသည် SEPA ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာ

ဆားဘီးယားနိုင်ငံသည် ယူရိုငွေကြေးတစ်ခုတည်း သုံးစွဲသည့်ဒေသဇုံ (Single Euro Payments Area –SEPA) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်-၁ နှင့် ဘဏ္ဍာရေးဝန်ကြီး Sinisa Mali က ပြောကြားလိုက်ပါသည်။

“SEPA စံနှုန်းများကို ဆားဘီးယားတွင် လက်တွေ့အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မေလတွင် စတင်မည်ဟု မျှော်လင့်ရပါသည်” ဟု Mali က ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ဗီယက်နမ်ကော်ဖီ တင်ပို့မှု ယခုနှစ် တိုးတက်

News Image

ဗီယက်နမ်ကော်ဖီ တင်ပို့မှု ယခုနှစ် တိုးတက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအတွင်း ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်များထက် ၅၁% တိုးတက်ကာ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ အထိ ရှိခဲ့ကြောင်း Vietnam News Agency မှ ဖော်ပြထားပါသည်။

ဗီယက်နမ်၏ ပြည်ပသို့တင်ပို့သည့် စိုက်ပျိုးထုတ်ကုန်များအနက် ကော်ဖီ သည် ထိပ်ဆုံးမှ အတိုးတက်ဆုံး ဖြစ်နေကြောင်း ယင်းသတင်းဌာနက ဆိုထားပါသည်။ ယခုနှစ်အတွင်း ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၇ သန်းမှ ၁.၈ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရပြီး ပို့ကုန်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိနိုင်မည်ဟု သိရပါသည်။

ဟန်ဂေရီ၏ မဲပေးပိုင်ခွင့် ရုတ်သိမ်းရန် မေလ ၂၇ တွင် ဥရောပကောင်စီ ဆွေးနွေးမည်

News Image

ဟန်ဂေရီ၏ မဲပေးပိုင်ခွင့် ရုတ်သိမ်းရန် မေလ ၂၇ တွင် ဥရောပကောင်စီ ဆွေးနွေးမည်

ဥရောပသမဂ္ဂစာချုပ်ပါ ပုဒ်မ ၇ အရ ဥရောပကောင်စီ၌ ဟန်ဂေရီ၏ မဲပေးပိုင်ခွင့်ကို ရုတ်သိမ်းရေးအတွက် လာမည့်မေလ ၂၇ ရက်တွင် ဥရောပ ကောင်စီတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း ယင်းကောင်စီ၏ website က သတင်းထုတ်ပြန်ထားပါသည်။

ဥရောပသမဂ္ဂစာချုပ်ပါ ပုဒ်မ ၇ အရ ဥရောပသမဂ္ဂသည် မိမိတို့အဖွဲ့ အပေါ် ခြိမ်းခြောက်မှုများ လုပ်ဆောင်လာသည့် အဖွဲ့ဝင်နိုင်ငံများအပေါ် ကောင်စီတွင် မဲပေးပိုင်ခွင့်အပါအဝင် အချို့သောအခွင့်အရေးများကို ယာယီ ရုတ်သိမ်းပိုင်ခွင့် ရှိပါသည်။