ဆားဘီးယားနိုင်ငံသည် SEPA ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ

News Image

  • ဆားဘီးယားနိုင်ငံသည် SEPA ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာ

ဆားဘီးယားနိုင်ငံသည် ယူရိုငွေကြေးတစ်ခုတည်း သုံးစွဲသည့်ဒေသဇုံ (Single Euro Payments Area –SEPA) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်-၁ နှင့် ဘဏ္ဍာရေးဝန်ကြီး Sinisa Mali က ပြောကြားလိုက်ပါသည်။

“SEPA စံနှုန်းများကို ဆားဘီးယားတွင် လက်တွေ့အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မေလတွင် စတင်မည်ဟု မျှော်လင့်ရပါသည်” ဟု Mali က ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ယခုခြေလှမ်းမှာ အနောက်ဘော်လ်ကန်ဒေသအတွက် ဥရောပသမဂ္ဂ၏ စီးပွားရေး တိုးတက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဥရောပသမဂ္ဂနှင့် စီးပွားရေးနီးကပ်မှု မြန်ဆန်စေရန်နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

ကိုးကား- Tass 

Photo: enlargement.ec.europa.eu

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃