ရုရှားနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူး Shoigu သည် လုံခြုံရေး ဖိုရမ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြောက်ကိုရီးယားနှင့် အီရန်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်
News Image

လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အဆင့်မြင့် ကိုယ်စားလှယ် များ၏ ၁၃ ကြိမ်မြောက် နိုင်ငံတကာ အစည်းအဝေးကို မေလ ၂၇ ရက်မှ ၂၉ ရက်အထိ မော်စကို၌ ကျင်းပမည်ဖြစ်သည်။ ယင်းကာလအတွင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Sergei Shoigu သည် မြောက် ကိုရီးယားနှင့် အီရန်နိုင်ငံတို့မှ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံမည် ဖြစ်သည်။
၎င်းတို့အပြင် ဖိုရမ်သို့ အိန္ဒိယ၊ လက်တင်အမေရိက၊ အရှေ့တောင် အာရှနှင့် မြောက်အာဖရိကတို့မှ ကိုယ်စားလှယ်အဖွဲ့များလည်းလာရောက်မည်ဖြစ်သည်။