US Senate သည် ဘိုင်ဒင် လက်ထက်တွင် တိုင်းပြည်ကို အမှန်တကယ် မည်သူက ဦးဆောင်ခဲ့သည်ကို စုံစမ်းစစ်ဆေးမည်

News Image

US Senate သည် ဘိုင်ဒင် လက်ထက်တွင် တိုင်းပြည်ကို အမှန်တကယ် မည်သူက ဦးဆောင်ခဲ့သည်ကို စုံစမ်းစစ်ဆေးမည်

ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ်မှ ရီပတ်ဘလီကန် အမတ် Ron Johnson က အမေရိကန်ဆီးနိတ်လွှတ်တော် ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေး ဆပ်ကော်မတီကို ဦးဆောင်လျက် ဂျိုးဘိုင်ဒင်၏ ကျန်းမာရေးဆိုင်ရာ ဖုံးကွယ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမည်ဟု ကြေညာလိုက် ပါသည်။

ယူကရိန်းက EU ၏ GDP ၏ သတ်မှတ်ရာခိုင်နှုန်းကို ရယူလိုသည်ဟု အဆိုပြု

News Image

ယူကရိန်းက EU ၏ GDP ၏ သတ်မှတ်ရာခိုင်နှုန်းကို ရယူလိုသည်ဟု အဆိုပြု

ယူကရိန်းနိုင်ငံသည် EU အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ GDP ၏ သတ်မှတ်ရာခိုင်နှုန်းကို ယူကရိန်းတပ်မတော်အား ငွေကြေး ထောက်ပံ့ရန် အဆိုပြုလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပစ်ခတ်ရေး ရပ်စဲရေး စေ့စပ်ညှိနှိုင်းမည့် မူဝါဒပြောင်းလဲမှုကြားတွင် EU ခေါင်းဆောင် များက ကိယက်ဗ်အား စစ်ရေးအထောက်အပံ့ ဆက်လက်ပေးအပ်ရန် ကတိပြုထားသည်။

ယူကရိန်းဘဏ္ဍာရေးဝန်ကြီး Sergey Marchenko က ထိုအဆိုကို ကနေဒါတွင် ကျင်းပသည့် G7 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း ကြာသပတေးနေ့ (မေ ၂၂) က ထုတ်ပြန်သော Facebook ပို့စ်တွင် ဖော်ပြထားသည်။

ယူနွတ်က နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး Dhaka မြို့ကို ထပ်မံ လှုပ်ခတ်နိုင်သော ဆန္ဒပြမှုများ ဖြစ်ပေါ်စေနိုင်

News Image

ယူနွတ်က နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး Dhaka မြို့ကို ထပ်မံ လှုပ်ခတ်နိုင်သော ဆန္ဒပြမှုများ ဖြစ်ပေါ်စေနိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိုးရအဖွဲ့ယာယီခေါင်းဆောင် မိုဟာမက်ယူနွတ် က ပါတီအားလုံးက ၎င်းအား အပြည့်အဝထောက်ခံမှုမပေးပါက နုတ်ထွက်မည်ဟု ခြိမ်းခြောက်လိုက်ပါသည်။ အဆိုပါဖြစ်စဉ်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ဒီဇင်ဘာလ အတွင်း ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အမျိုးသားပါတီ (BNP) ကလည်း ရွေးကောက်ပွဲအတွက် လမ်းညွှန်ချက်တောင်းဆိုခဲ့ပါသည်။ ယူနွတ်၏နုတ်ထွက်မည့်သတင်းသည် ဒါကာမြို့တွင် ဆန္ဒပြမှုအသစ်တစ်ရပ် စတင်ရန် နည်းဗျူဟာတစ်ခုအဖြစ် ရှုမြင်နေကြပါသည်။

ရုရှားက ယူကရိန်းတွင် Buffer zone တစ်ခု ဖန်တီးရန် ရည်ရွယ်ထားသည် ဟု ပူတင်ဆို

News Image

ရုရှားက ယူကရိန်းတွင် Buffer zone တစ်ခု ဖန်တီးရန် ရည်ရွယ်ထားသည် ဟု ပူတင်ဆို

ရုရှားတပ်မတော်အား ယူကရိန်းနယ်စပ်တစ်လျှောက် “လုံခြုံရေးကြားခံဇုန်” ဖန်တီးရန် တာဝန်ပေးထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့ (မေ ၂၂) တွင် ပြောကြားခဲ့သည်။

ပူတင်က အစိုးရအဖွဲ့အစည်းအဝေးတွင် ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော Kursk, Belgorod and Bryansk ကဲ့သို့သော နယ်စပ်ဒေသများ၏ လုံခြုံရေးအခြေအနေကို ဆွေးနွေးခဲ့ပြီး ထိုဒေသခံများအား အထောက်အပံ့ပေးရန် အချက်များကိုလည်း ဆွေးနွေးခဲ့သည်။