ဟန်ဂေရီ၏ မဲပေးပိုင်ခွင့် ရုတ်သိမ်းရန် မေလ ၂၇ တွင် ဥရောပကောင်စီ ဆွေးနွေးမည်
ဥရောပသမဂ္ဂစာချုပ်ပါ ပုဒ်မ ၇ အရ ဥရောပကောင်စီ၌ ဟန်ဂေရီ၏ မဲပေးပိုင်ခွင့်ကို ရုတ်သိမ်းရေးအတွက် လာမည့်မေလ ၂၇ ရက်တွင် ဥရောပ ကောင်စီတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း ယင်းကောင်စီ၏ website က သတင်းထုတ်ပြန်ထားပါသည်။
ဥရောပသမဂ္ဂစာချုပ်ပါ ပုဒ်မ ၇ အရ ဥရောပသမဂ္ဂသည် မိမိတို့အဖွဲ့ အပေါ် ခြိမ်းခြောက်မှုများ လုပ်ဆောင်လာသည့် အဖွဲ့ဝင်နိုင်ငံများအပေါ် ကောင်စီတွင် မဲပေးပိုင်ခွင့်အပါအဝင် အချို့သောအခွင့်အရေးများကို ယာယီ ရုတ်သိမ်းပိုင်ခွင့် ရှိပါသည်။
ဟန်ဂေရီသည် ဥရောပကောင်စီ၏ ရုရှားနှင့်ဆက်စပ်သော အဓိက ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာဖြင့် တားဆီးနိုင်ခြင်းကြောင့် ဥရောပ အရာရှိများစွာက ဟန်ဂေရီ၏ မဲပေးပိုင်ခွင့် ရုတ်သိမ်းရန် ဆွေးနွေးခဲ့ကြကြောင်း ယခင်က Financial Times က ဖော်ပြခဲ့ဖူးပါသည်။
ကိုးကား- Tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category