သတင်းများ

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်း‌ဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများကိုဒေသခံ ပြည်သူများ သိရှိ နားလည်စေရန်၊ ပြည်သူလူထုအသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးတက်လာရန် ရည်ရွယ်၍ ကျေးရွာများသို့ကွင်းဆင်း၍ ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူထုပညာပေးဟောပြောပွဲများဆောင်ရွက်ကာ ထင်းလောင်စာ(၄၀℅) သက်သာ စေသည့် စွမ်းအားမြင့် အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖျောက်ဆိပ်ပင်ကျေးရွာတွင် အသိပညာပေးခြင်း၊ စွမ်းအားမြင့်အေဝမ်းမီးဖိုများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါစွမ်းအားမြင့်မီးဖိုသည် ဖိုခုံနောက်ဆိုင်မီးဖိုထက် ထင်းသုံးစွဲမှု(၄၀℅)သက်သာစေပြီး ကျေးလက်နေ အိမ်ထောင်စု(၁)စု တစ်နှစ်ပတ်လုံးသုံးစွဲပါက ကုန်ကျမည့်ထင်း(၂.၅)တန်၏ (၄၀℅)ဖြစ်သော ထင်း(၁)တန် လျော့နည်းသက်သာခြင်း၊ လောင်စာတောင့်များအား ထင်းအစားထိုးသုံးစွဲခြင်းထက် မြို့နေအိမ်ထောင်စု (၁) စု အတွက် တစ်နှစ်ထင်းလိုအပ်ချက်(၁.၄)တန်ဖြစ်သောကြောင့် လောင်စာတုံး(၁၇၅၀)တုံး သုံးစွဲခြင်းဖြင့် ထင်း (၁)တန်လျော့ နည်းသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့်လူထုပညာပေးဟောပြောပွဲများကို တစ်လတွင်(၃)ကြိမ်နှုန်းဖြင့် တစ်နှစ်တွင် (၃၆)ကြိမ် စုစုပေါင်းကျေးရွာ (၃၆) ရွာအား တစ်ကြိမ်လျှင် စွမ်းအားမြင့် အေဝမ်းမီးဖို(၂၀)လုံးဖြင့် (၃၆) ကြိမ် အတွက်စွမ်းအားမြင့် အေဝမ်းမီးဖို (၇၂၀) လုံးနှင့် ရွာနန်းစံပြကျေးရွာတွင် သံပုံးစွပ်မီးဖို(၂၀၀)လုံး အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသနေ ပြည်သူလူထုအား ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်၊ ကန်နှင့် မြစ်ချောင်းများ၏ ရေဝေရေလွှဲ ဒေသ များအား စိမ်းလန်းစိုပြည်ရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေမြေသဘာဝကေင်းမွန်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ကျောက်ဆည်မြို့နယ် ရဒါန်းချောင်းဆုံအကွက်အမှတ်(၁၇)အတွင်း ကျေးရွာသုံး စိုက်ခင်း (၃၀)ဧကနှင့် အကွက်အမှတ်(၇)အတွင်း အထူးစိမ်း(တစ်အုပ်တစ်မ)ပျိုးပင်းမျိုးစုံ(၂၀၀၀)ပင် စိုက်ပျိုးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်၊ကျောက်ဆည်

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။

မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။

“ကားအစီးရေ ၁၅၀ ကျော်မှာ ၇၀ လောက်နဲ့ နှစ်ဖွဲ့စီခွဲပြီး အလှည့်ကျ ပြေးဆွဲပေးနေပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုတောင်တက်ယာဉ်တစ်စီးလျှင် ခရီးသည်စုစုပေါင်း ၄၀ ကျော်တင်ဆောင်ခွင့်ပြုထားသော်လည်း မိုးတွင်းကာလတွင် ခရီးသည် ၁၀ ဦးလောက် ပြည့်ရန်ပင် အချိန်ကြာအောင်စောင့်ရခြင်းကြောင့် ဘုရားဖူးခရီးသည် အချို့ မှာ ယာဉ်စီးခငွေကို စုပေါင်းကျခံ၍ စင်းလုံးငှားပုံစံမျိုး စီးနင်းကြခြင်းများလည်းရှိကြသည်။

တောင်တက်ယာဉ်လိုင်းများမှာ ကင်မွန်းစခန်းမှ ရသေ့တောင်စခန်း၊ ရင်ပြင်တော်စခန်းဟူ၍ ခရီးစဉ်ဂိတ် နှစ်ခု သတ်မှတ်ပြေးဆွဲခြင်းမျိုးရှိသော်လည်း မိုးတွင်းကာလတွင် လာရောက်သည့်ဘုရားဖူးများမှာ ရင်ပြင်တော်ဂိတ်အထိ ခရီးစဉ်ပြေးဆွဲသောယာဉ်များကိုသာ စီးနင်းကြခြင်းကြောင့် တောင်တက်ယာဉ်အများစုမှာ ရင်ပြင်တော်ဂိတ်အထိ ပြေးဆွဲပေးကြခြင်းရှိကြောင်း သိရသည်။

Popular Myanmar

လာမည့် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ မိုးရေချိန် ပိုများနိုင်ဟုဆို

မနက်ဖြန် ဇွန်(၂၄)ရက်မှ ဇွန်(၂၆) ရက်အထိ (၇၂)နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရေချိန်ပိုများနိုင်သည်ကို တိုင်းတာတွေ့ရှိရကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း(တောင်ပိုင်း/အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း မြောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသတို့တွင် မိုးရေချိန်ရရှိမှုပိုများနိုင်ပြီး၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသများတွင် မိုးရေချိန်လျော့နည်းရရှိနိုင်သည်ဟု ဆိုသည်။

လတ်တလော မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နေသည့် အနောက်တောင်လေစီးကြောင်းနှင့် မုတ်သုံမိုးများကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း၌ မိုးအားပိုကောင်းလာနိုင်သည်ကြောင်း သိရသည်။

ထို့ပြင် ပစိဖိတ်သမုဒ္ဒရာအနောက် မြောက်ဘက်၊ ဖိလစ်ပိုင် နိုင်ငံအရှေ့ဘက်နှင့် ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်၌ ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်တွင် အစပျိုးလာသည့် လေပွေလှိုင်းတို့၏ သက်ရောက်မှုကြောင့်လည်းကောင်း အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်လေစီးကြောင်းကို ပိုမိုအားကောင်းစေကာ အနောက်တောင်မုတ်သုံလေကိုလည်း ပိုမိုအားကောင်းလာစေမည်ဟု ဆိုသည်။

မိုး/ဇလ၏ ယနေ့အသိပေးထုတ်ပြန်ချက်တွင်လည်း မုတ်သုံလေအားကောင်းနေသဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။

Myanmar - Vietnam Construction Business Matching ကျင်းပ

ရန်ကုန် ဇွန် ၂၃

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့တို့သည် Myanmar - Vietnam Construction Business Matching ကို ယနေ့နံနက် ၉ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၌ပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ် H. E.Mr.Ly Quoc Tuan က အမှာစကားပြောကြားသည်။

ဆက်လက်၍ ဗီယက်နမ်သံအမတ်နှင့် အသင်းချုပ်ဥက္ကဋ္ဌတို့က အမှတ်တရ လက်ဆောင်ပစ္စည်းလဲလှယ်ပေးအပ်ကြသည်။

မြန်မာ - ဗီယက်နမ်စီးပွားရေးလုပ်ငန်း ရှင်များ တွေ့ဆုံပွဲတွင်ဗီယက်နမ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းနှင့်သက်ဆိုင်သည့်ကုမ္ပဏီ ၂၂ ခုတို့မှစီးပွားရေးလုပ်ငန်းရှင်တို့က မိမိတို့၏ထုတ်ကုန်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဇွန်လ ၁၇ ရက်က ဗီယက်နမ်သံရုံးအရာရှိ Mr. Nguyen Van Bay နှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သို့ လာရောက်ပြီး အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြောင်းသိရသည်။
ဝန်းရံခ

MWD Daily Newspaper

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကိုဆွေးနွေး

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms. Vanessa May တို့ ဇွန် ၂၃ ရက်မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဥ် လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ နိုင်ငံတော်မှဆောင်ရွက်နေသည့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအတွက် တရုတ်နိုင်ငံက အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီရုံးခန်း (Prefabricated Office)နှင့် ယာယီဝန်ထမ်းအိမ် ရာ(Prefabricated House)လှူဒါန်းထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များ(Prefabricated School) ဆောက်လုပ်ပြီးစီးမှု၊ UNOCHA ၏ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

weather forecast

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၂၉-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊

၁။        ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၂၉-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၂၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် ဆွမ်းဦးပုညရှင်စေတီတော်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံများအား အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းမှု၊ စေတီတော်ရင်ပြင်တိုးချဲ့ရန် မြေသားခိုင်မာမှု စမ်းသပ်စစ်ဆေးခြင်းနှင့် စေတီတော်လုံးပတ် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှု၊ စေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ စစ်ကိုင်းမြို့အတွင်းရှိ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် တောလေးထပ်ကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံ များကို အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်း ဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။

ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ စစ်ကိုင်းမြို့ အတွင်းရှိ ငလျင်ဒဏ်သင့် နေအိမ်အဆောက်အအုံများကို စက်ယန္တရားကြီး အသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုနှင့် မဟာစည်းခုံကြီးစေတီတော်ပရိဝုဏ်အတွင်း၌ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်နိုင်ရန်အတွက် Modular House ဆောက်လုပ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီး၏ အဖြေလွှာများကို စနစ်တကျ သိမ်းဆည်းဆောင်ရွက်ထားရှိမှုနှင့် သက်ဆိုင်ရာစာစစ်ဌာနသို့ အချိန်မီပေးပို့နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အန္တရာယ်ရှိ အဆောက်အအုံအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းမှု၊ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ ရှမ်းစုဆီးဘန်နီတိုက်အတွင်းရှိ အလယ်တိုက်ကြီးအုတ်ကျောင်းနှင့် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်ရှိ မြင်းတန်းကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား တပ်မတော်သားများကလည်းကောင်း၊ စက်ယန္တရားကြီးများကို အသုံးပြု၍လည်းကောင်း အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

MOI

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ သတ္တမမြောက် Airbus လေယာဉ်အသစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

ရန်ကုန်   ဇွန်   ၂၃

အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်း(MAI)မှ သတ္တမမြောက် Airbus လေယာဉ်အသစ်သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ   လေဆိပ်သို့ရောက်ရှိချိန်တွင် အစဉ်အလာအရ  ရေသန့်စင်ပက်ဖျန်းမှု ပြုလုပ်ပြီး ကြိုဆိုခြင်း အခမ်းအနားပြုလုပ်ခဲ့ကြသည်။

ယခုရောက်ရှိလာသည့် Airbus A319 လေယာဉ်အပါအဝင် MAI ၏လေယာဉ်အင်အားစုသည် စုစုပေါင်း ၁၁ စီး ရှိလာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဦး‌ဆောင်လေကြောင်းလိုင်း ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုတွင် အခြေစိုက်၍ မြို့ပေါင်း ၄၁ မြို့ဆီသို့ ဆက်သွယ်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Myawady Webportal

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေများခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်သည့် စိတ်ဓာတ်ကျရောဂါများ အကြောင်းနှင့် မိမိ ကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လိင်စိတ်အားနည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကျမှုဖြစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများဖြစ်သည့် AIDSခေါ် ခုခံအား ကျဆင်းမှု ရောဂါ ဖြစ်ခြင်း၊ ဆေးလွန်သဖြင့်မိန်းမောစွာအိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အခန့်မသင့်လျှင် အသက်ဆုံးရှုံးခြင်း၊ ထုံနာ၊ကျင်နာ၊အကြောသေရောဂါဖြစ်ခြင်း၊ ဝက်ရူးပြန်တတ်ခြင်း၊ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများ အကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများဖြစ်သည့် ထုတ်လုပ်မှုလျှာ့ချရေးနှင့်အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေး နှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးအကြောင်းများနှင့် မဟာဗျူဟာနှင့် နည်းဗျူဟာများဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်း ပပျောက်ရေး၊ သုံးစွဲသူပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေး၊ တားဆီးနှိမ်နှင်းရေးစသည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ပေးပို့သူ- စုစုအေး(ကျောက်ဆည်)

ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေး ပြည်သူ့သက်သာဈေး ရောင်းချမှု အနေဖြင့် အခြေခံစားသောက်ကုန်များကို စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုကျောင်းတွင် ပြည်သူ့သက်သာဈေးရောင်းချမှုဖြင့် အခြေခံ စားသောက်ကုန် များ ရောင်းချပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ထိုသို့ပြည်သူ့သက်သာဈေးများ ရောင်းချရာ၌ ဝက်သားတစ်ပိဿာ ငွေ(၂၆၀၀၀)ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊ အမဲသားတစ်ပိဿာ ငွေ(၂၅၀၀၀)ကျပ်နှုန်းဖြင့် (၂၅)ပိဿာ၊ ဆိတ်သားတစ်ပိဿာ ငွေ(၂၈၀၀၀)ကျပ် နှုန်းဖြင့် (၁၅)ပိဿာ၊ စားအုန်းဆီတစ်ပိဿာ ငွေ(၈၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 ပေးပို့သူ- သက်မောင်(ကျောက်ဆည်)