သတင်းများ

ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်းရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်းရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်းရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင်ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။

ထိုသို့တည်ဆောက်ခဲ့ရာမှလက်ရှိအချိန်တွင်အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းအားရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အား အပိုင်း(၁)လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၂)ဘုရားဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၃)ပြည်သူ့ရင်ပြင်ဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ မီးလုပ်ငန်း၊ ရေလုပ်ငန်း၊ လေသန့်လုပ်ငန်း၊ Automation လုပ်ငန်းများပြီးစီးဖြစ်၍ လုပ်ငန်းတစ်ရပ်လုံး၏ အချောသပ်လုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

မြေအောက်လမ်းကူးလူသွားဥမင် Underpass သည် ၂၃ ပေအကျယ်ရှိ မြေအောက်လမ်းကူးလူသွားဥမင်ဖြစ်ကာ တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀)ဦးဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား(၄)စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား(၁၀)ယောက်စီး(၂)စင်းပါရှိပြီး မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်သည်။

Source- Popular Journal

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင်ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။

မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံး

မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံးခဲ့ပါသည်။

မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံးခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘီလာရုစ်သမ္မတနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၂၅) နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် "မြန်မာ" သီချင်း ကို V. Sukolinsky ၏ မိသားစုမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ချိန်တွင် ပုဂ္ဂိုလ်ရေးအရ စိတ်ကူး ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဗလာဒီမာ ဆူကိုလင်စကီးသည် "ပုဂံ" သီချင်းကိုလည်းသီဆိုခဲ့ဖူးကြောင်း သိရှိရသည်။ “မြန်မာ” ဟူသောသီချင်းကို ရုရှားစာပေနှင့် ယဉ်ကျေးမှုစင်တာ (နေပြည်တော်)က မြန်မာဘာသာပြန်ဖြင့် ဖန်တီးထားသော ဗီဒီယို ဖြစ်သည်။

ကိုးကား- သံစဉ်၊ စာသားရေးစပ်သူ - ဗလာဒီမာဆူကိုလင်စကီး၊ Minsk၊ Belarus

မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံး

မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ကာလ်မီးကီယာပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပသွားမည့်အခြေအနေများနှင့် ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာနိုင်ငံမှကူညီ ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ကိုးကွယ်ယုံကြည်မှုအရ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်ဖက်တာဝန်ရှိသူများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ကြာချိန်မြင့်လာပြီး ရေပြတ်တောက်မှုများပါ ကြုံနေ

ရန်ကုန်မြို့တွင် နိုဝင်ဘာလကစ၍လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားစွာကြုံတွေ့နေရသည့်အပြင်ဂျိုးဖြူရေမှ သုံးရေပြတ်တောက်ခြင်းမျိုးပါကြုံနေရကြောင်း မြို့ခံများက ပြောသည်။

လတ်တလောတွင် ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ယခင်က ပုံမှန်မီးပေးသည့်အချိန်များတွင်ပါ လျှပ်စစ်မီးပြတ်တောက်နေပြီး ဂျိုးဖြူရေမလာသောကြောင့်လည်း တိုက်ခန်းနေသူများစုပြီး ရေဝယ်သုံးနေရသည်ဟု သိရသည်။

ထို့ပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စမ်းချောင်းမြို့နယ်တွင်လည်း ရေစက်မော်တာအငှားတင်စနစ်ဖြင့် ရေလိုက်တင်ပေးနေရသည့် လုပ်ငန်းများလည်း ရှိလာနေသည်။

“ရုံးကိုဖုန်းဆက်မေးရင် ဝန်အားလျှော့လို့ ဆိုပြီးပြောတယ်။ နောက်ထပ်ပြန်ရမယ့် အချိန်ကျလည်း မလာဘူး။ ရေလာပြန်တော့ မီးမလာလို့ မတင်ရနဲ့” ဟု စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု အလွန်လျော့ကျနေသည့်အတွက် ရှေ့လာမည့်လများ၌လည်း မီးပြတ်ချိန်ပိုများလာမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ထုတ်ပြန်ထားသည်။

Source- Popular Journal

ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ကြာချိန်မြင့်လာပြီး ရေပြတ်တောက်မှုများပါ ကြုံနေ

ရန်ကုန်မြို့တွင် နိုဝင်ဘာလကစ၍လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားစွာကြုံတွေ့နေရသည့်အပြင်ဂျိုးဖြူရေမှ သုံးရေပြတ်တောက်ခြင်းမျိုးပါကြုံနေရကြောင်း မြို့ခံများက ပြောသည်။

လတ်တလောတွင် ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ယခင်က ပုံမှန်မီးပေးသည့်အချိန်များတွင်ပါ လျှပ်စစ်မီးပြတ်တောက်နေပြီး ဂျိုးဖြူရေမလာသောကြောင့်လည်း တိုက်ခန်းနေသူများစုပြီး ရေဝယ်သုံးနေရသည်ဟု သိရသည်။

ထို့ပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စမ်းချောင်းမြို့နယ်တွင်လည်း ရေစက်မော်တာအငှားတင်စနစ်ဖြင့် ရေလိုက်တင်ပေးနေရသည့် လုပ်ငန်းများလည်း ရှိလာနေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ဒီဇင်ဘာ ၆

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၉၈၈၊ ဗိုလ်လောင်း ထက်အာကာ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၈၅၃၊ ဗိုလ်လောင်း သီဟစိုး၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၀၀၁၊ ဗိုလ်လောင်းနေသုခ၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၁၂၆၊ ဗိုလ်လောင်းရဲထက်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၉၄၀၊ ဗိုလ်လောင်း ဇော်ဖြိုးအောင်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်ရသည့် ၄ နှစ်တာ ကာလတစ်လျှောက်လုံး စာပေကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်သဖြင့် ချီးကျူးအသိအမှတ်ပြုကြောင်းနှင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိဘများ၊ ဆရာ၊ ဆရာမများက သွန်သင်ပဲ့ပြင်ပေးခဲ့သည့် အခြေခံကောင်းများ၊ ယခုသင်တန်းမှရရှိခဲ့သည့် မိမိဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကိုယ်ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းကောင်းမွန်မှု စသည့် အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာများ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့်အတွက် မိမိတို့ဘဝတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် ဖတ်မှတ်လေ့လာခြင်းဖြင့် ဆက်လက်ဆည်းပူးလေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်ကအားထားရပြီး လက်အောက်က အားကိုးရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း။

ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများ၏ ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်း သင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်းမမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေးစောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကိုဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း။

တာဝန်ထမ်းဆောင်ရာတွင်လည်း စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် နောင်တော်ကျောင်းဆင်းအရာရှိများ၊ စစ်သည်များထံမှလည်း ကောင်းမွန်သည့် အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်းသင်ယူကြရန်လိုကြောင်း၊ တပ်မတော်သားများသည် ပြည်သူကြားမှပေါက်ဖွားလာခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုယ်၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ဒီဇင်ဘာ ၆

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး အားလက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ယနေ့နံနတ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကျောင်းသား၊ ကျောင်းသူများ လာရေးခရီးစေလွှတ်ရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာတော်သင်များစေလွှတ်နိုင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး အားလက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ယနေ့နံနတ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှေးယခင်ကတည်းက ရင်းနှီးသည့် ဆက်ဆံမှုများရှိခဲ့ပြီး ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန်သွားရောက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှ လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့်အခြေအနေများ၊ ဥပဒေပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုများဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်နိုင်မှုအခြေအနေများ၊ လူငယ်ရေးရာကိစ္စရပ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ၊ အပြန်အလှန်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှုလုပ်ငန်းများတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြန်မာ့မီးရထားဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားက အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများနှင့် စပိန်နိုင်ငံမှ ဝယ်ယူတင်သွင်းထားသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များကို ရန်ကုန်မြို့ပတ် ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသည့် ပြည်သူများနှင့် နိုင်ငံတစ်ဝန်းလုံးက ပြည်သူများအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထူးထူးခြားခြားမှတ်တမ်းပြုရမည့် နေ့တစ်နေ့ဖြစ်ကြောင်း။

ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေး၏ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ နိုင်ငံ၏ပထမဦးဆုံးနှင့် ရှေးအကျဆုံး သယ်ယူပို့ဆောင်မှုစနစ်တစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်း စတင်ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်ကိုလေ့လာကြည့်ပါက ၁၈၇၇ ခုနှစ်၊ မေလ ၁ ရက် တွင် ရန်ကုန်-ပြည် ရထားလမ်းပိုင်း (၁၆၁) မိုင်ခရီးကို ယခင်က ကွမ်းခြံကုန်းဘူတာဟု အမည်တွင်ခဲ့သည့် ရန်ကုန်ဘူတာကြီးမှ စတင်ဖောက်လုပ်ပြေးဆွဲခဲ့သည်ကို တွေ့ရကြောင်း၊ ယနေ့ဆိုပါက နှစ်ပေါင်း (၁၄၇) နှစ်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ ရန်ကုန်-ပြည်ရထားလမ်းပိုင်း စတင်ပြေးဆွဲနိုင်ခဲ့ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံကပထမဦးဆုံးဖြစ်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်ထားသည့် နိုင်ငံဟုဆိုနိုင်ကြောင်း၊ လက်ရှိကာလတွင် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း (၃၈၀၀) ကျော်နှင့် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်နိုင်ခဲ့ကြောင်း။

အခြေခံလူတန်းစား ပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိကအားကိုးအားထား ပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည်ဟု သုံးသပ်ဖော်ထုတ်နိုင်ကြောင်း၊ စရိတ်စက သက်သာစွာနှင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်စည်အမြောက်အများကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျစရိတ်ကျဉ်းကျဉ်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ယင်းတို့သည် ရထားပို့ဆောင်ရေးလုပ်ငန်း၏ ထင်ရှားသည့် အဓိကအားသာချက်များပင်ဖြစ်ကြောင်း။

ရထားသည် မော်တော်ကားနှင့်နှိုင်းယှဉ်ပါက တူညီသည့်ကုန်စည်ပမာဏနှင့် ခရီးအကွာအဝေးအတွက် လောင်စာဆီကို လေးပုံတစ်ပုံမှခြောက်ပုံတစ်ပုံအတွင်းသာ သုံးစွဲကုန်ကျကြောင်း၊ လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို များစွာလျော့ပါးသက်သာစေပြီး ယာဉ်ကြောကြပ်တည်းမှု ပြဿနာကိုလည်း လျော့နည်းစေကြောင်း၊ ထိုကဲ့သို့အချက်များကြောင့် နိုင်ငံအသီးသီးတွင်လည်း ရထားလုပ်ငန်း ရေရှည်ရပ်တည်ရှင်သန်နိုင်ရေးနှင့် တိုးတက်ရေးကို အလေးထားလုပ်ဆောင်နေကြသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများခေတ်မီတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိကိုယ်တိုင်လည်း တာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း။

ရထားလမ်းများကြံ့ခိုင်ကောင်းမွန်ပြီး ချောမွေ့မှုရှိစေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကအားထားပြီး နည်းပညာများတိုးတက်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကို မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးကို ပြည်တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေးနှင့် သုတေသနပြုနည်းပညာများမှတစ်ဆင့် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း။

ထိုကဲ့သို့ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်းကို ယခုကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း။

မိမိတို့အစိုးရအနေဖြင့် ယခုကဲ့သို့ မီးရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာစီးနင်းပြီး ရထားလမ်းပိုင်းများနှင့်ဘူတာများ သန့်ရှင်းသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ မီးရထားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာ စေရေးအတွက် ပြည်သူလူထုကပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။

ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကိုအသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြုပြေးဆွဲနိုင်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးကြရန်မေတ္တာရပ်ခံလိုကြောင်း၊ မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီးခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးကိုအဆင်ပြေ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကိုကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းစွမ်းဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ခြင်းနှင့် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့်အတူ DEMU ရထားတွဲဆိုင်းအသစ်များပြေးဆွဲပေးသည့်အတွက် ရန်ကုန်မြို့တွင် နေထိုင်ကြသည့် ခရီးသွားပြည်သူများအနေဖြင့် သက်တောင့်သက်သာရှိစွာ၊ စိတ်လက်ချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါစီးနင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည့် မိမိတို့ရန်ကုန်မြို့ကြီးအတွက် မဖြစ်မနေအသုံးပြုသင့်သည့် များစွာအကျိုးရှိသည့် ပို့ဆောင်ရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကောင်စီဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင်ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်ရန်ကုန်မြို့ပတ်ခရီးစဉ်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်း အသစ်များဖဲကြိုးဖြတ်ဖွင့်လှစ်မည့် နေရာသို့ရောက်ရှိကြရာ ကျောင်းသူလေးများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မီးရထားစက်ခေါင်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် ရန်ကုန်မြို့ပတ်လက်ဝဲရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထား တွဲဆိုင်း စတင်ထွက်ခွာရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ရန်ကုန်မြို့ပတ်လက်ယာရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် လိုက်ပါစီးနင်းပြီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက် ရှိလာသည့်ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်းအသစ်များအသုံးပြုပြီး မြို့ပတ်ရထားစီးခရီးသွားပြည်သူများကို ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အလိုအလျောက်မီးရောင်ပြောင်းအချက်ပြနှင့် ဆက်သွယ်ရေးစနစ်များတပ်ဆင်ပြီး ခေတ်မီရထားပြေးဆွဲမှုစနစ်ဖြစ်သည့်အတွက် ယခင်က ပြေးဆွဲမှုတစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ နေ့စဉ် RBE ရထားအစင်း (၂၀) နှင့် DEMU (၁၅) စင်း အသုံးပြုပြီး အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြို့ပတ်ရထားများကို ယခင်ကထက်ပိုမိုမြန်ဆန်အဆင်ပြေ ချောမွေ့စွာဖြင့် လိုရာခရီးသို့စီးနင်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအား လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ လျှပ်စစ်ရထားတွဲဆိုင်း (Electric Multiple Unit) ရရှိရေး ဆောင်ရွက်ထားမှုအစီအစဉ်များ၊ RBE (Rail Bus Engine) များအား Battery Electric Multiple Unit (BEMU) အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆောင်ရွက်ထားမှု၊ EMU စနစ်၊ BEMU စနစ်တို့ကို ပြောင်းလဲပြေးဆွဲနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ သုံးသပ်တင်ပြချက်များ၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများ၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ လျှပ်စစ်ရထားတွဲဆိုင်း (Electric Multiple Unit) နှင့် လျှပ်စစ်စက်ခေါင်း (Electric Locomotive) ရရှိရေး ဆောင်ရွက်ထားမှုအစီအစဉ်၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းအား Battery Electric Locomotive အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆောင်ရွက်ထားမှု အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရထားလမ်းပိုင်းများတွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ပြုပြင်ပြောင်းလဲမှုများကိုမဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရထားလမ်းတစ်လျှောက် ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ရထားကွန်ယက်စနစ်တည်ဆောက်ခြင်းနှင့် ဘက်ထရီဓာတ်အားပေးစနစ်သုံးတွဲဆိုင်းများနှင့် စက်ခေါင်းများကိုအသုံးပြု၍ လျှပ်စစ်ရထားကွန်ယက်စနစ်တည်ဆောက်ခြင်းဟူ၍ ၂ မျိုးတွေ့ရှိရကြောင်း၊ ဘက်ထရီဓာတ်အားပေးစနစ်သုံး လျှပ်စစ်ရထားကွန်ယက် တည်ဆောက်ရာတွင် မြို့ပတ်ရထားနှင့်ခရီးရထားများအတွက်ရှိပြီး RBE တွဲများကို ဘက်ထရီစနစ် BEMU အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပြီး ခရီးဝေးရထားများအတွက် ရှိပြီးဒီဇယ်လျှပ်စစ်စက်ခေါင်းအား ဘက်ထရီလျှပ်စစ်စက်ခေါင်း Battery Electric Locomotive (BEL) အဖြစ်ပြောင်းလဲအသုံးပြုနိုင်သည်ကိုတွေ့ရကြောင်း၊ နည်းပညာတိုးတက်လာမှု၏ အကျိုးကျေးဇူးအရ လျှပ်စစ်ရထားကွန်ယက်စနစ်ကို လက်ရှိရထားစနစ်အတွင်း၌ပင် သက်သာထိုက်သင့်သည့် ငွေကြေးကုန်မှုနှင့်အချိန်တိုအတွင်းတည်ဆောက်နိုင်မည့်အလားအလာဖြစ်ကြောင်း၊ EMU စနစ်မှ BEMU စနစ်ပြောင်းလဲခြင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းအား BEL စက်ခေါင်းတွဲအဖြစ်ပြောင်းလဲတည်ဆောက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ဘက်ပေါင်းစုံမှ စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ် စက်ခေါင်းများသည် စက်မောင်းဆီကို အသုံးပြု၍မောင်းနှင်ရခြင်းဖြစ်သဖြင့် စက်မောင်းဆီအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ BEL စက်ခေါင်းတွဲများအဖြစ် ပြောင်းလဲတည်ဆောက်အသုံးပြုပါက စက်သုံးဆီအတွက်ကုန်ကျမှု မရှိတော့ကြောင်း၊ ကုန်ကျစရိတ်နည်းပါးစွာဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ အဆိုပါ စက်ခေါင်းတွဲများသည် ဒီဇယ်လျှပ်စစ်သုံး စက်ခေါင်းများထက် ပိုမိုလျှင်မြန်မြန်ဆန်လာမည်ဖြစ်သဖြင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးစားပေးတွက်ချက်ဆောင်ရွက်သွား ရန်လိုပြီးအချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းပိုင်း လမ်းနယ်တစ်လျှောက် ခြံစည်းရိုးများကာရံခြင်း၊ ရေထွက်စနစ်များ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊ ရထားတွဲများ အဆင့်မြှင့်တင်ခြင်း၊ သံလမ်းများ၊ မီးရထားလမ်းကူးတံတားများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းဖြင့်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ မီးရထားဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။

နိုင်ငံတော်အနေဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေးနှင့် ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေး လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် စဉ်ဆက်မပြတ်သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က ခရီးတိုပြေးဆွဲခြင်းများတွင် RBE စက်ခေါင်းများကို အသုံးပြု၍ ခရီးရှည်ပြေးဆွဲခြင်းများတွင် ဒီဇယ်စက်ခေါင်းများကို အသုံးပြုခဲ့ကြောင်း၊ လျှပ်စစ်ရထားများပြေးဆွဲရာတွင် ရထားလမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန်အတွက် အချိန်များစွာပေးရမည်ဖြစ်ကာ ကုန်ကျစရိတ်များလည်း များပြားမည်ဖြစ်ကြောင်း၊ ယခုအခါ တိုးတက်လာသည့် နည်းပညာများနှင့်အညီ ဘက်ထရီနည်းပညာများသည်လည်း တိုးတက်လာပြီဖြစ်သဖြင့် BEMU စက်ခေါင်းများနှင့် BEL စက်ခေါင်းများကို ပြောင်းလဲအသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲသုံးဆွဲခြင်းဖြင့် သဘာဝပတ်ဝန်ကျင် ထိခိုက်မှုကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ စွမ်းအင်များကိုလည်း ချွေတာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ BEMU စက်ခေါင်းများနှင့် BEL စက်ခေါင်းများကို ပြောင်းလဲအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် မကြာမီကာလများအတွင်း၌ မိမိတို့နိုင်ငံတွင် အဆိုပါစက်ခေါင်းများဖြင့် ရထားသယ်ယူ ပို့ဆောင်ရေးစနစ်ကို တွေ့မြင်ရနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

ရန်ကုန်တိုင်းရှိ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် ယနေ့ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ ငလျင်များလှုပ်ခတ်ခဲ့

နိုဝင်ဘာ ၂၀ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

နိုဝင်ဘာ ၂၀ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

မိုးလေဝသမြန်မာ၊ ဗဟိုဌာနချုပ်၊ မြေငလျင်တိုင်းထွာရေးဗဟိုဌာနမှ ယနေ့ညနေ ၅ နာရီ ၃၄ မိနစ်၊ ၅၀ စက္ကန့်တွင် တွံတေးမြို့၏ မြောက်-အ ရှေ့မြောက်ဘက်(၃ ဒသမ ၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆ ဒသမ ၇၆)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ်(၉၅ ဒသမ ၉၆)ဒီဂရီ၊ အနက် (၆ ဒသမ ၂)မိုင်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၅ နာရီ ၄၈ မိနစ် ၂၉ စက္ကန့်ကလည်း တွံတေးမြို့၏မြောက်-အနောက်မြောက်ဘက်(၇ ဒသမ ၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆ ဒသမ ၈၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၈၉)ဒီဂရီ၊ အနက်(၆ ဒသမ ၂)မိုင်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းရှိငလျင်လှုပ်ခတ်ခဲ့ခြင်းကို တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ညနေ ၅ နာရီ ၅၉ မိနစ် ၂၀ စက္ကန့်တွင်လည်း ဥက္ကံမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၇)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၇ ဒသမ ၆၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၀၈) ဒီဂရီ၊ အနက်(၈ ဒသမ ၁)မိုင်ကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၃)အဆင့်ရှိ အင်အားသေးငယ်သော ငလျင်ခတ်ခဲ့သည်ကို တိုင်း ထွာရရှိခဲ့ကြောင်း သိရသည်။