AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကိုဆွေးနွေး

News Image

  • AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကိုဆွေးနွေး

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms. Vanessa May တို့ ဇွန် ၂၃ ရက်မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဥ် လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ နိုင်ငံတော်မှဆောင်ရွက်နေသည့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအတွက် တရုတ်နိုင်ငံက အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီရုံးခန်း (Prefabricated Office)နှင့် ယာယီဝန်ထမ်းအိမ် ရာ(Prefabricated House)လှူဒါန်းထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များ(Prefabricated School) ဆောက်လုပ်ပြီးစီးမှု၊ UNOCHA ၏ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

Popular Myanmar