အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ သတ္တမမြောက် Airbus လေယာဉ်အသစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ
ရန်ကုန် ဇွန် ၂၃
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ သတ္တမမြောက် Airbus လေယာဉ်အသစ်သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင် အစဉ်အလာအရ ရေသန့်စင်ပက်ဖျန်းမှု ပြုလုပ်ပြီး ကြိုဆိုခြင်း အခမ်းအနားပြုလုပ်ခဲ့ကြသည်။
ယခုရောက်ရှိလာသည့် Airbus A319 လေယာဉ်အပါအဝင် MAI ၏လေယာဉ်အင်အားစုသည် စုစုပေါင်း ၁၁ စီး ရှိလာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဦးဆောင်လေကြောင်းလိုင်း ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုတွင် အခြေစိုက်၍ မြို့ပေါင်း ၄၁ မြို့ဆီသို့ ဆက်သွယ်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
Myawady Webportal
MM-News-Category