ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

News Image

  • ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။

မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။

“ကားအစီးရေ ၁၅၀ ကျော်မှာ ၇၀ လောက်နဲ့ နှစ်ဖွဲ့စီခွဲပြီး အလှည့်ကျ ပြေးဆွဲပေးနေပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုတောင်တက်ယာဉ်တစ်စီးလျှင် ခရီးသည်စုစုပေါင်း ၄၀ ကျော်တင်ဆောင်ခွင့်ပြုထားသော်လည်း မိုးတွင်းကာလတွင် ခရီးသည် ၁၀ ဦးလောက် ပြည့်ရန်ပင် အချိန်ကြာအောင်စောင့်ရခြင်းကြောင့် ဘုရားဖူးခရီးသည် အချို့ မှာ ယာဉ်စီးခငွေကို စုပေါင်းကျခံ၍ စင်းလုံးငှားပုံစံမျိုး စီးနင်းကြခြင်းများလည်းရှိကြသည်။

တောင်တက်ယာဉ်လိုင်းများမှာ ကင်မွန်းစခန်းမှ ရသေ့တောင်စခန်း၊ ရင်ပြင်တော်စခန်းဟူ၍ ခရီးစဉ်ဂိတ် နှစ်ခု သတ်မှတ်ပြေးဆွဲခြင်းမျိုးရှိသော်လည်း မိုးတွင်းကာလတွင် လာရောက်သည့်ဘုရားဖူးများမှာ ရင်ပြင်တော်ဂိတ်အထိ ခရီးစဉ်ပြေးဆွဲသောယာဉ်များကိုသာ စီးနင်းကြခြင်းကြောင့် တောင်တက်ယာဉ်အများစုမှာ ရင်ပြင်တော်ဂိတ်အထိ ပြေးဆွဲပေးကြခြင်းရှိကြောင်း သိရသည်။

Popular Myanmar