Myanmar - Vietnam Construction Business Matching ကျင်းပ

News Image

  • Myanmar - Vietnam Construction Business Matching ကျင်းပ

ရန်ကုန် ဇွန် ၂၃

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့တို့သည် Myanmar - Vietnam Construction Business Matching ကို ယနေ့နံနက် ၉ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၌ပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ် H. E.Mr.Ly Quoc Tuan က အမှာစကားပြောကြားသည်။

ဆက်လက်၍ ဗီယက်နမ်သံအမတ်နှင့် အသင်းချုပ်ဥက္ကဋ္ဌတို့က အမှတ်တရ လက်ဆောင်ပစ္စည်းလဲလှယ်ပေးအပ်ကြသည်။

မြန်မာ - ဗီယက်နမ်စီးပွားရေးလုပ်ငန်း ရှင်များ တွေ့ဆုံပွဲတွင်ဗီယက်နမ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းနှင့်သက်ဆိုင်သည့်ကုမ္ပဏီ ၂၂ ခုတို့မှစီးပွားရေးလုပ်ငန်းရှင်တို့က မိမိတို့၏ထုတ်ကုန်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဇွန်လ ၁၇ ရက်က ဗီယက်နမ်သံရုံးအရာရှိ Mr. Nguyen Van Bay နှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သို့ လာရောက်ပြီး အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြောင်းသိရသည်။
ဝန်းရံခ

MWD Daily Newspaper