ကျောက်ဆည်၊ ဇူလိုင်-၂

ကျောက်ဆည်၊ ဇူလိုင်-၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ ရေလုံလောက်စွာ ပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်သင့်သည့် ရေပြွန်များ၊ ရေတံခါးများ၊ ရေကျအဆောက်အအုံများအားပြန်လည်ပြုပြင်ပေးခြင်း၊ တိမ်ကောနေသည့် မြောင်းများအား တူးဖော်ပေးခြင်း၊ မြောင်းဆလံများအားကျောက်သားနံရံစီပေးခြင်း၊ ရေပေးဝေမြောင်းများပေါ်တွင် ဆောက်လုပ် ထားသော ကုန်ထုတ်တံတားများပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းတွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်တံတားသည် ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာအနီး ကွမ်းဆေးမြောင်း၏ ပေတိုင် အမှတ် (-၄၀+၂၀၀၀)တွင် တည်ရှိပြီး တံတားသည် နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် တံတား ကြမ်းခင်းများ ခိုင်ခန့်မှုမရှိခြင်း၊ လက်ရမ်းများပျက်စီးနေပြီး ယာဉ်သွားလမ်း ကျဉ်းမြောင်းခြင်း၊ မော်တော် ဆိုင်ကယ်များ သွားလာရာ၌ အန္တရာယ်ရှိခြင်း၊ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရာတွင် အခက်အခဲဖြစ်ပေါ် နေခြင်းစသည် တို့ကြောင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၂၀.၀၀၀)ကျပ်သန်း အကုန်အကျခံကာ ဇွန်လ (၁) ရက်နေ့မှစတင်၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အလျား(၃၂)ပေ၊ အကျယ် (၁၂) ပေ၊ အမြင့်(၈)ပေ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကုန်ထုတ်တံတား ပြန်လည်ပြုပြင်ပြီးစီးပါက သမန္တလင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရေးနှင့် လူမှုစီးပွားဘဝကဏ္ဍများ အဆင်ပြေချောမွေ့သွားမည် ဖြစ်ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

ကျောက်ဆည်၊ ဇူလိုင်-၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာ၌ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး လုပ်ငန်း စီမံကိန်းအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက မယ်ဇယ်ပင် ကျေးရွာ ပညာလင်္ကာရစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ စာတွေ့လက်တွေ့သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်နည်းပညာများကို ကောင်းစွာ တတ်မြောက်ပြီးဖြစ်၍ ကျွမ်းကျင်စွာတတ်မြောက်စေရေး ဆက်လက်ဖွင့်လှစ်ပေးသွားမည့် မွန်းမံသင်တန်းကို တက်ရောက်သင်ကြား သွားကြစေလိုကြောင်းနှင့် မွန်းမံသင်တန်းတွင် ထူးချွန်သူ(၅)ဦးရွေးချယ်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ် သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူ မဝေယံနွယ်က တာဝန်ရှိသူများအား ကျေးဇူးတင် ရှိကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် အသေးစားလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဆက်စပ် ဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်လုပ်ငန်းကော်မတီဝင်များ၊ ကျေးရွာလုပ်ငန်း ကော်မတီဝင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် တက်ရောက် လာသူများမှ သင်တန်းသား/ သင်တန်း သူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များအား ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် သင်တန်းတွင် ပုဆိုး၊ လုံချည်၊ ဘောင်းဘီအပွ၊ သင်္ဘောသားအင်္ကျီ၊ ဟာဝေယံအင်္ကျီ၊ ရင်စေ့၊ ရင်ဖုံး၊ ရင်ဖြတ်၊ ချိတ်ထဘီ၊ ပတ်ထဘီ၊ ကလေး ဘောင်းဘီချုပ်နည်းများ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်၊ ကျောက်ဆည်

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MOTORS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME : BYD SEAL EV၊ 2025 MDL၊ C/O: CHINA – (12) U သည် ၂၂-၆-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။ MYANMAR NEW ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME :DONGFENG VENUCIA(VX6)၊ 2025 MDL၊ C/O: CHINA – (20) U သည် ၁၄-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ T&Z FINANCE CO.,LTD မှ တင်သွင်း
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MOTORS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME : BYD SEAL EV၊ 2025 MDL၊ C/O: CHINA – (12) U သည် ၂၂-၆-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။ MYANMAR NEW ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME :DONGFENG VENUCIA(VX6)၊ 2025 MDL၊ C/O: CHINA – (20) U သည် ၁၄-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ T&Z FINANCE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME : BYD SEA LION 7၊ 2025 MDL၊ C/O: CHINA – (21) U သည် ၁၂-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံး မော်တော်ယာဉ် (12) U သည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၅-၆-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (20) U သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၉-၆-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (21) U သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၇-၆-၂၀၂၅ ရက်နေ့တွင်လည်းကောင်း စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၅၃) စီးသည် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော် တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၇-၆-၂၀၂၅ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားပါကြောင်း သတင်းရရှိပါသည်။
Myanmar National Portal

ရန်ကုန် -ဒလ မြစ်ကူးတံတားပြီးစီးခါနီးပြီဖြစ်၍ ဒလအိမ်ခြံမြေဈေး သိန်းထောင်ချီမြင့်တက်လာကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို လာမည့် ၄ လအတွင်း ပြီးစီးရန် ခန့်မှန်းထားကြပြီး တံတားပြီးစီးချိန် နီးလာသည်နှင့်အမျှ ဒလမြို့ဘက်ခြမ်းတွင်ရှိသည့် တံတားအဆင်း ဗိုလ်မင်းရောင်လမ်းနှင့် အနီးတဝိုက်ရှိ အိမ်ခြေမြေဈေးများ လှုပ်ခတ်လာကြောင်း သိရသည်။

"တံတားကပြီးတော့မယ်ဆိုတော့ အိမ်ဈေး၊ မြေဈေးတွေကလည်း ထိုးတတ်လာတာ။ ဒီနေ့တစ်ဈေးခေါ်ရင် နောက်နေ့တစ်ဈေးဖြစ်သွားရော။ အဲဒါတွေကျတော့ အဆင်မပြေဘူး။ ဈေးကစားကြတာတော့ ပွဲစားတိုင်းပါပဲ” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
တံတားအဆင်း ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ လမ်းဘေးဝဲယာရှိ ခြံတိုင်းလိုလို ရောင်းချထားပြီး ပေ ၄၀ x ၆၀ ကို အိမ်အပါ မြေကွက်တကွက်လျှင် ကျပ်သိန်း ၃၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။
Popular Myanmar

၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာ
၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၃။ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန် လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
၄။ (၂၃-၆-၂ဝ၂၅) ရက်နေ့ စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ပူးတွဲပါကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာ ခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၂၇-၆-၂ဝ၂၅)

နေပြည်တော် ဇွန် ၃၀
EV နည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက် အမှာစကားပြောကြားသည်။
ကြည့်ရှုအားပေး

ထို့နောက် ဒုတိယဝန်ကြီးသည် EV နည်းပညာ စာအုပ်စာစောင်များကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့် EV သုံးစွဲသည့် ပြည်သူများထံပေးအပ်ပြီး EV အလုပ်ရုံ၌ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် အသိပညာပေးဆွေးနွေးပွဲ စတင်ကျင်းပပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် EV နည်းပညာ အသိပညာပေးဟောပြောမှုများကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တစ်ဦးချင်းဟောပြောမှု၊ အဖွဲ့လိုက်ဆွေးနွေးမှုများနှင့် ဆွေးနွေးမှုရလဒ်များ ပြန်လည်သုံးသပ်မှုများကို ကြည့်ရှုအားပေးပြီး အသိပညာပေးဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များထံ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တံတားဦး ၊ ဇူလိုင် - ၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး တောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာ၌ တံတားဦး ခရိုင်/ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ဆန်ကုန်သည်များအသင်း ၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိ ကာလပေါက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျော့ချ၍ ရောင်းချခဲ့ရာ အမဲသားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၄၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အချိန်(၃၀)ပိဿာ ၊ ဝက်သားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် အချိန်(၃၅)ပိဿာ ၊ ဆိတ်သားမှာ မူရင်းဈေး ဖြစ်သည့် တစ်ပိဿာလျှင်(၄၄၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ်ဖြင့် အချိန်(၁၅)ပိဿာ ၊ ကြက်ဥတစ်လုံးလျှင် မူရင်း ဈေးမှာ (၄၅၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ကြက်ဥ(၁၅၀၀)လုံး ၊ စားဆီ တစ်ပိဿာလျှင် မူရင်းဈေးမှာ (၁၀၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာ လျှင်(၇၄၀၀) ကျပ်ဖြင့် ဆီ(၁၂၀)ပိဿာ ၊ ဆန်တစ်ပြည်လျှင် မူရင်းဈေးမှာ(၄၅၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပြည်လျှင် (၃၅၀၀)ကျပ်ဖြင့် ဆန် (၂၄၀) ပြည် တို့ကို စားသုံးများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည် ။
အဆိုပါရောင်းချနေမှုအား တံတားဦးမြို့ စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများရောင်းဈေးရောင်း ၊ ဈေးဝယ်များ ကြည့်ရှုအားခဲ့ကြောင်း သိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကကုန်သွယ်ရေးဇုန်ဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားသည့် ကော့ကရိတ်မြဝတီအာရှလမ်းမကြီးကို တိုက်ပွဲများကြောင့် ပိတ်ထားသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

” ပြောရရင်ကုန်စည်စီးဆင်းမှုကတော့ ဟိုးအရင်ထက်စာရင် လျော့ကျသွားတာပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေးကြောင့်ပါ။ ခုတော့ တပိုင်တနိုင်တွေပဲ ကားလေးတွေနဲ့သယ်ကြရတာ” ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ထိုင်း နှင့် မြန်မာကြား နယ်စပ်ကုန်သွယ်ရေး အချက်အချာ ဖြစ်သည့် မြဝတီမြို့တွင် တိုက်ပွဲများကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းသွားပြီးနောက် ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် လမ်းကြောင်းသစ်တွေ ရှာဖွေနေကြကြောင်း၊ ထို့ပြင် တရုတ်၊ ထိုင်းတို့နှင့် အဓိက နယ်စပ်ကုန်သွယ်ရေး စခန်းကြီးများပုံမှန် မလည်ပတ်နိုင်သည့် အချိန်တွင် တာချီလိတ် ကုန်သွယ်ရေး စခန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတို့ကို ပြောင်းလဲခွင့်ပြုထားခြင်းဖြစ်သည်။

၁။ ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၆-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ
၁။ ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၆-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့်ရှိနိုင်ပါသည်။”
အကြုံပြုချက်
၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ

ကျောက်ဆည် ဇွန်-၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ (အင်းကုန်း)မှ စက်ရုံမှူးဦးမျိုးလွင်ဦးနှင့်ဒုစက်ရုံမှူး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှဦးစီးမှူး ဦးစိုးစိုးထွန်းနှင့် မြို့နယ် မြေစာရင်းဦးစီးဌာနမှဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးချစ်ဆွေဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး တို့သည် ယနေ့နံနက်ပိုင်းက အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်း၏ မျိုးစပါးများကို ကျောက်ဆည်မြို့ စိုက်ပျိုးရေးသုတေသနခြံမှ ဝယ်ယူ၍ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ ထုတ်လုပ်ထားသည့် လက်စွဲကောက်စိုက်စက်ဖြင့် ဝန်ထမ်းသက်သာချောင်ချိရေး၊ စမ်းသပ်စိုက်ပျိုးထားခြင်း ဖြစ်ကြောင်းနှင့် လက်စွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် စပါးစိုက်တောင်သူများအတွက် အကျိုးကျေးဇူးများ လက်တွေ့ခံစား ရကြောင်းသိရသည်။
မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း) အနေဖြင့် စပါးစိုက်ရာသီ၌ စပါးစိုက်တောင်သူများ မျိုးစပါး ကုန်ကျမှုသက်သာရေး၊ အချိန်နှင့်ကုန်ကျမှုစရိတ်သက်သာရေး လက်စွဲမျိုးစေ့ချကိရိယာနှင့် လက်စွဲ ကောက်စိုက် စက်များအား သုတေသနပြုထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် ၊ကျောက်ဆည်