သတင်းများ

ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်မာရသွန် အပြေးပြိုင်ပွဲတွင် တရုတ်နိုင်ငံထုတ် လူတူစက်ရုပ်က အနိုင်ရ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဧပြီလ ၁၉ ရက်နံနက်ပိုင်းက ကျင်းပသည့် ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်မာရသွန် အပြေးပြိုင်ပွဲတွင် တရုတ်နိုင်ငံထုတ် လူတူစက်ရုပ်က အနိုင်ရရှိသွားကြောင်း သိရသည်။

တရုတ်အစိုးရနှင့်ပြည်တွင်း ကုမ္ပဏီတို့ ပူးပေါင်းထားသည့် အေအိုင်နည်းပညာသုံး စက်ရုပ်တီထွင် ဆန်းသစ်မှုစင်တာက ဖန်တီးထုတ်လုပ်ထားသော ထျန်းကုန်းအာထရာအမည်ရှိ စက်ရုပ်က ၂၁ ကီလိုမီတာ အကွာအဝေးကို ပြေးပြီးနောက် အချိန် ၂ နာရီ မိနစ် ၄၀ ခန့်တွင် ပထမဆုံးပန်းဝင်လာခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ကုမ္ပဏီပေါင်း ၂၀ မှ လူတူစက်ရုပ် အမျိုးအစားပေါင်း ၁၈ မျိုးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး စက်ရုပ်များ၏ ပြေးလွှားဟန်၊ သက်လုံ၊ လူကြိုက်များမှုနှင့် ဒီဇိုင်းတို့အပေါ်မူတည်ကာ ဆုများ ချီးမြှင့်ခြင်းဖြစ်သည်။

ယခုကဲ့သို့ လူတူစက်ရုပ်များဖြင့်မာရသွန်အပြေးပြိုင်ပွဲ ကျင်းပခြင်းသည် လူတူ စက်ရုပ်နည်းပညာတွင် တရုတ်နိုင်ငံက ရှေ့တန်းသို့ရောက်နေပြီကို ဖော်ညွှန်းပြ သခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့်လအနည်းငယ်အတွင်းမှာပင် တရုတ်နိုင်ငံမှ ဖန်တီးထုတ်လုပ်ထားသည့် လူတူစက်ရုပ်များက စက်ဘီးစီးနင်းခြင်း၊ တိုက်ကွမ်ဒိုကန်ချက်ဖြင့် ကစားပြခြင်း၊ ဘေးတိုက်အလွတ်ခုန်ခြင်း အစရှိသည့် သရုပ်ပြသမှုများကို ပြသထားနိုင်သည့်အတွက် အင်တာနက်ပေါ်ရှိ ကမ္ဘာတစ်ဝန်းမှ ပြည်သူများ၏ စိတ်ဝင်စားမှုကို ရရှိထားကြောင်း သိရသည်။

Source: https://myawady.net.mm/

တရုတ်နိုင်ငံက Shiyan-27 စမ်းသပ်ဂြိုဟ်တု ၆ လုံးကို နေနှင့် သက်ဆိုင်သော ပတ်လမ်းသို့ အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက် (စနေ) တွင် Shiyan-27 စမ်းသပ်ဂြိုဟ်တု ၆ လုံးကို နေနှင့်သက်ဆိုင်သော ပတ်လမ်း (Sun-Synchronous Orbit - SSO) သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါဂြိုဟ်တုများ လွှတ်တင်ရန် CZ-6A (Chang Zheng 6A) ဒုံးပျံကို အသုံးပြုခဲ့ပြီး၊ Taiyuan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်း စံတော်ချိန် ဧပြီ ၁၈ ရက် နံနက် ၆:၅၁ လွှတ်တင်ခဲ့သည်။ 

CASC ၏ ထုတ်ပြန်ချက်အရ အဆိုပါဂြိုဟ်တုများကို အာကာသ ပတ်ဝန်းကျင် ကို လေ့လာရန် (ဓာတ်ရောင်ခြည်၊ အာကာသအမှိုက်များ၊ အာကာသ ရာသီဥတုစသည်) နှင့် နည်းပညာဆိုင်ရာ စမ်းသပ်မှုများ (ဆက်သွယ်ရေး စနစ်၊ ဒေတာစုဆောင်းခြင်း) အတွက် အဓိကအသုံးပြုမည်ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အာကာသနယ်ပယ်တွင် နိုင်ငံအတော်များများက ပူးပေါင်းဆောင်ရွက် လိုသည့်ဆန္ဒရှိနေကြောင်း ပူတင်ပြော

BRICS အဖွဲ့ဝင်များ အပါအဝင် နိုင်ငံအများအပြားသည် အာကာသ နယ်ပယ်တွင် ရုရှားနှင့် ပူးပေါင်းရန် စိတ်ဝင်တစားရှိကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ကျောင်းသားများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ 

“အမေရိကန်ကဲ့သို့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဆက်လက် ရှိနေပါတယ်” ဟု ပူတင်က မှတ်ချက်ပြုခဲ့သည်။ "နိုင်ငံတကာ အာကာသ စခန်းကို တည်ထောင်ပြီး လည်ပတ်နေပါပြီ။အဲဒါကို ဘယ်လိုနိဂုံးချုပ်သင့် သလဲ၊ ကျွန်တော်တို့ရဲ့ နောက်ခြေလှမ်းတွေ ဘယ်လိုဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော စိတ်ကူးစိတ်သန်းတွေ ရှိပါတယ်။ ဒါပေမယ့် မိတ်ဖက်အသစ်တွေနဲ့ လက်တွဲပြီး ဆက်လုပ်သွားမှာ သေချာပါတယ်" ဟု ပူတင်က အာမခံခဲ့ပါသည်။ 

ရုရှားနှင့် တရုတ်တို့သည် စိတ်ဝင်စားစရာကောင်းသော၊ ရည်မှန်းချက် ကြီးပြီး ကြီးကျယ်ခမ်းနားသော အစီအမံများရှိသည်ဟု ပူတင်က အလေးပေး ပြောကြားခဲ့သည်။ "ယေဘုယျအားဖြင့်တော့ အိန္ဒိယ၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့အပါအဝင် BRICS နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် နေပါတယ်" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ 

အမျိုးသမီးများသာ ပါဝင်သည့် ကမ္ဘာ့ပထမဆုံး အာကာသခရီးစဉ် အောင်မြင်စွာ လွှတ်တင်

၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်နေ့တွင် ဘီလီယံနာ သူဌေးကြီး Jeff Bezos ၏ Blue Origin ကုမ္ပဏီမှ New Shepard ဒုံးပျံဖြင့် အမျိုးသမီးများသာ ပါဝင် သော ပထမဆုံး အာကာသခရီးစဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ 

အဆိုပါ ခရီးစဉ်တွင် နာမည်ကြီးအဆိုတော် Katy Perry၊ အမေရိကန် စီးပွါးရေးလုပ်ငန်းရှင် Lauren Sánchez၊ CBS သတင်းတင်ဆက်သူ Gayle King၊ NASA ၏ အာကာသအင်ဂျင်နီယာဟောင်း Aisha Bowe နှင့် Amanda Nguyen နှင့် ရုပ်ရှင်ထုတ်လုပ်သူ Kerianne Flynn တို့ ပါဝင်ခဲ့သည်။ 

အဆိုပါခရီးစဉ်သည် ၁၀ မိနစ် ၂၁ စက္ကန့်ကြာမြင့်ခဲ့ပြီး၊ ဒုံးပျံသည် ကမ္ဘာမြေ မျက်နှာပြင်မှ မိုင် ၆၂ ကျော်အထိရောက်ရှိခဲ့ပြီး ခရီးသည်များသည် အလေးချိန် မရှိသော အခြေအနေကို ခန့်မှန်းခြေ ၄ မိနစ်ကြာ ခံစားခဲ့ရပြီးနောက်  ဒုံးပျံ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။

Katy Perry သည် ခရီးစဉ်အတွင်း Louis Armstrong ၏ “What a Wonderful World” သီချင်းကို သီဆိုခဲ့ပြီး၊ ၎င်းသည် သူမ၏ သမီး Daisy ကို ဂုဏ်ပြုဖော်ပြခဲ့သည်။ ခရီးစဉ်ပြီးဆုံးသောအခါတွင် Perry နှင့် King တို့သည် မြေပြင်ကို နမ်းခြင်းဖြင့် သူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြခဲ့သည်။ 

ဤခရီးစဉ်သည် ၁၉၆၃ ခုနှစ်တွင် Valentina Tereshkova ၏ တစ်ဦးတည်း အမျိုးသမီးအာကာသခရီးစဉ်မှနောက်ပိုင်း အမျိုးသမီးများသာ ပါဝင်သည့် ပထမဆုံးအာကာသခရီးစဉ်ဖြစ်သည်။ Blue Origin ၏ NS-31 ခရီးစဉ်သည် အာကာသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်သည့် အရေးပါသောအမှတ်အသားတစ်ခုဖြစ်ပါသည်။

ကိုးကား- New York Post

လုံခြုံရေး အာမခံချက် မပါဘဲ သတ္တုတွင်းထွက် ကနဦးစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ပြောကြား

ယူကရိန်းနှင့် အမေရိကန် ဧပြီလ ၁၇ ရက်က သတ္တုတွင်းထွက် သဘောတူညီချက် ကနဦး ပထမခြေလှမ်းအဖြစ် လက်မှတ်ရေးထိုးမှုတွင် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် တစုံတရာ မဖော်ပြထားကြောင်း ယူကရိန်းလွှတ်တော်အမတ် Yaroslav Zheleznyak က ၎င်း၏ Telegram တွင် ရေးသားထားပါသည်။  

နှစ်နိုင်ငံ အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုရန်နှင့် နှစ်ဘက်အကျိုးရှိမည့် ကနဦးနားလည်မှုစာချွန်လွှာကို ဧပြီ ၁၇ တွင် လက်မှတ်ရေးထိုးလိုက်ကြကြောင်း ယူကရိန်း ပထမလက်ထောက် ဝန်ကြီးချုပ် Yulia Sviridenko က ယင်းနေ့ ညနေပိုင်းတွင် ထုတ်ဖော် ကြေညာလိုက်ပါသည်။

ပါကစ္စတန်နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး အသိပညာ မျှဝေရေးအစီအစဉ် တရုတ် စီစဉ်ပေးမည်

ပါကစ္စတန်နိုင်ငံရှိ စိုက်ပျိုးရေးဘွဲ့ရများသည် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှု ဖြင့်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၆ ရက်) တွင် ပြောကြား ခဲ့ပါသည်။ တရုတ်နိုင်ငံသို့ ပထမအသုတ်အဖြစ်စေလွှတ်မည့် ပါကစ္စတန် ကျောင်းသား ၁၀၀၀ သည် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများ၊ ကျွမ်းကျင်မှု များကို ရရှိလာလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Sharif က ပြောကြား ခဲ့ပါသည်။ 

နှစ်နိုင်ငံအကြား ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြသည့်အနေဖြင့် စိုက်ပျိုးရေးအစီအစဉ်ကို စီစဉ်ဆောင်ရွက်ပေးသည့် တရုတ်ခေါင်းဆောင် များကို ကျေးဇူးတင်ရှိကြောင်း၊ ခက်ခဲသည့် အချိန်များတွင် ပါကစ္စတန် ဖက်က တရုတ်နိုင်ငံသည် အမြဲရပ်တည်ခဲ့ခြင်းကို သတိတရရှိပါကြောင်း နှင့်တရုတ်နိုင်ငံသို့ စေလွှတ်မည့် ပါကစ္စတန်နိုင်ငံရှိ ဘွဲ့ရလူငယ်များသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အသိပညာနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရေရှည်တည်တံအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Sharif က ထပ်မံပြောကြားခဲ့ပါသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

အမေရိကန်-ယူကရိန်း သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူညီချက် ဧပြီ ၂၄ လက်မှတ်ရေးထိုးမည်ဟု ထရမ့်ပြောကြား

အမေရိကန်နှင့် ယူကရိန်းတို့အကြား ယူကရိန်းရှိ သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူညီချက်ကို လာမည့် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးရန် ခန့်မှန်းထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ရှိ သတင်းထောက်များအား ပြောကြားလိုက်ပါသည်။

ယူကရိန်း၏ သတ္တုတွင်းထွက်ဆိုင်ရာစာချုပ်ကို ယခုအပတ်အတွင်း လက်မှတ်ရေးထိုးမည်ဟု သတင်းထွက်ပေါ်နေကြောင်း အစီအစဉ် ရှိ၊ မရှိ သတင်း ထောက်တစ်ဦးမေးမြန်းချက်အပေါ် အမေရိကန်သမ္မတက ယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား -TASS

ကင်ဂျုံအန်း လက်ဆောင် ခွေး၂ ကောင် ပူတင်နှင့် ပျော်မွေ့နေပြီ ဖြစ်ကြောင်း ကရင်မလင် ပြောကြား

မြောက်ကိုရီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ၁၉ ရက်အထိ တရားဝင် အလည်အပတ်သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက လက်ဆောင် ပေးသည့် ရှားပါးမျိုးစိတ် အမဲလိုက် ခွေး ၂ ကောင်မှာ ယခုအခါ ကျန်းမာ၍ နေသားကျပြီး ပူတင်နှင့် ပျော်မွေ့နေပြီဖြစ်ကြောင်း ကရင်မလင်ပြောခွင့်ရ ဒီမီထရီပက်စကိုဗ်က ပြောကြားလိုက်ပါသည်။

အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်က သွားရောက်ခဲ့သည့် မော်စကိုခရီးစဉ်အတွင်း ရုရှားခေါင်းဆောင်၏ Novo Ogaryovo နေအိမ် သို့ လာရောက်စဉ်တွင် အဆိုပါခွေးများကို ဗီဒီယိုမှတ်တမ်းထဲတွင် တွေ့မြင်ခဲ့ရပါသည်။

မန္တလေးငလျင်ကြီးနှင့် ၂၀၂၅ မဟာသင်္ကြန်

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အပြင်းအထန်ဆုံးလှုပ်ခတ် ခဲ့သော မန္တလေးငလျင်ကြောင့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလသည် အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်မှုနည်းပါးစွာကျော်ဖြတ်ရဦးမည် ဖြစ် သည်။စစ်ကိုင်း၊မန္တလေးနှင့် နေပြည်တော်အပါအဝင်မြို့ပေါင်းများစွာ၌ သက်ရောက်ခဲ့သည့်ငလျင်ကြီးသည် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ သည်။ငလျင်ကြီးကြောင့်မြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ ၃၆၀၀ ကျော် သေ ဆုံးကာ အခြေခံအဆောက်အအုံနှင့် အဆောက်အဦးပေါင်း ၆ သောင်း ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းတရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။ လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် သင်္ကြန်ကာလသည် ပျော်ရွင်မှုများကို ယူ

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အပြင်းအထန်ဆုံးလှုပ်ခတ် ခဲ့သော မန္တလေးငလျင်ကြောင့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလသည် အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်မှုနည်းပါးစွာကျော်ဖြတ်ရဦးမည် ဖြစ် သည်။စစ်ကိုင်း၊မန္တလေးနှင့် နေပြည်တော်အပါအဝင်မြို့ပေါင်းများစွာ၌ သက်ရောက်ခဲ့သည့်ငလျင်ကြီးသည် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ သည်။ငလျင်ကြီးကြောင့်မြန်မာနိုင်ငံတစ်ဝှမ်း လူဦးရေ ၃၆၀၀ ကျော် သေ ဆုံးကာ အခြေခံအဆောက်အအုံနှင့် အဆောက်အဦးပေါင်း ၆ သောင်း ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းတရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။ လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် သင်္ကြန်ကာလသည် ပျော်ရွင်မှုများကို ယူဆောင်လာရန်အခက်အခဲရှိနေပြီး ဝမ်းနည်းကြေကွဲဖွယ်ကာလအတွင်း နှစ်သစ်ကူးကာလကိုဖြတ်ကျော်ရမည်ဖြစ်သည်။ သက်ဆိုင် ရာက မဟာသင်္ကြန်ကာလအတွက်ကြိုတင်ဆောက်လုပ်ခဲ့သော ပျော်ပွဲရွင်ပွဲ မဏ္ဍပ်များကိုပြန်လည် ဖြုတ်သိမ်းပြီး သာမန်ရေကစားမဏ္ဍပ်နှင့် စတုဒိသာ မဏ္ဍပ်များသာဆောက်လုပ်ထားကြောင်းသိရသည်။ ငလျင်ဒါဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့များ သတ်မှတ်ပေးထားရာ နှစ်သစ်ကူးကာလသည် ပျော်ရွှင်မှုများ ကွယ်ပျောက်လာကြောင်းသိရသည်။သာမန်အားဖြင့် ဈေးဝယ်စင်တာများ၊စူပါမားကတ်များ၊ကုန်တိုက်များတွင် သင်္ကြန်အထူးဈေးရောင်းပွဲနှင့် ပျော်ပွဲ ရွှင်ပွဲများကျင်းပလေ့ရှိသော်လည်း လက်တလောတွင် တိတ်ဆိတ်မှုများသာ လွှမ်းမိုးနေလေသည်။ငလျင်ဒါဏ်မခံရသောရန်ကုန်မြို့တွင် သင်္ကြန်ကာလ နှစ်ကူးရက်များအတွင်း မြို့နယ်အလိုက် အပျော်တန်း‌မိသားစုအလိုက် ရေပက်ခံမဏ္ဍပ်များသာရှိနိုင်ပြီး ယခင်နှစ်များထက် စည်ကားမှုနည်းပါး နိုင်ကြောင်း သိရသည်။ မြန်မာသက္ကရာဇ် ၁၃၈၆ခု နှစ်မှ ၁၃၈၇ ခုနှစ်သို့ မကြာမီကူးပြောင်းတော့မည်ဖြစ်ရာ နှစ်သစ်အတွက် ကြေကွဲဝမ်းနည်း ဖွယ်ရာများကို နှစ်သစ်ကူးသင်္ကြန် အတာရေနှင့်ဆေးကြောနိုင်စေရန် တောင်းဆုပြုရုံမှတပါးအခြားမရှိပေ။

ကိုးကား-NP News

Singapore Emergency Medical Team အဖွဲ့မှ ဧပြီလ (၁၃)ရက်နေ့အထိ ဆေးကုသပေးသွားမည်

Singapore Emergency Medical Team အဖွဲ့မှ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်းတွင် ဧပြီလ (၁၃)ရက်နေ့အထိ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငလျင်ဘေးသင့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စင်္ကာပူနိုင်ငံက မန္တ‌လေး၊ ဗထူးအားကစားကွင်းတွင် ဧပြီ ၇ ရက်က စတင်၍ ဖွင့်လှစ်ခဲ့သည်။

အဆိုပါနေရာတွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

စင်္ကာပူ အရေးပေါ်ဆေးအဖွဲ့ (SGEMT)သည် မန္တလေးမြို့ ဗထူးအားကစား ကွင်းတွင်ရှိပြီး မန္တလေးအထွေထွေဆေးရုံကြီးမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ရပြီး လူနာများအနေဖြင့် ဧပြီလ ၇ ရက်မှ ဧပြီလ ၁၃ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးက “ထုတ်ပြန်ထားသည်။

လက်ရှိတွင် မန္တလေးမြို့၌ စင်္ကာပူ၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံများမှ ယာယီဆေးရုံများ ဖွင့်လှစ်၍ ငလျင်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

Source​: Popular Myanmar 