အမျိုးသမီးများသာ ပါဝင်သည့် ကမ္ဘာ့ပထမဆုံး အာကာသခရီးစဉ် အောင်မြင်စွာ လွှတ်တင်
၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်နေ့တွင် ဘီလီယံနာ သူဌေးကြီး Jeff Bezos ၏ Blue Origin ကုမ္ပဏီမှ New Shepard ဒုံးပျံဖြင့် အမျိုးသမီးများသာ ပါဝင် သော ပထမဆုံး အာကာသခရီးစဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် နာမည်ကြီးအဆိုတော် Katy Perry၊ အမေရိကန် စီးပွါးရေးလုပ်ငန်းရှင် Lauren Sánchez၊ CBS သတင်းတင်ဆက်သူ Gayle King၊ NASA ၏ အာကာသအင်ဂျင်နီယာဟောင်း Aisha Bowe နှင့် Amanda Nguyen နှင့် ရုပ်ရှင်ထုတ်လုပ်သူ Kerianne Flynn တို့ ပါဝင်ခဲ့သည်။
အဆိုပါခရီးစဉ်သည် ၁၀ မိနစ် ၂၁ စက္ကန့်ကြာမြင့်ခဲ့ပြီး၊ ဒုံးပျံသည် ကမ္ဘာမြေ မျက်နှာပြင်မှ မိုင် ၆၂ ကျော်အထိရောက်ရှိခဲ့ပြီး ခရီးသည်များသည် အလေးချိန် မရှိသော အခြေအနေကို ခန့်မှန်းခြေ ၄ မိနစ်ကြာ ခံစားခဲ့ရပြီးနောက် ဒုံးပျံ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။
Katy Perry သည် ခရီးစဉ်အတွင်း Louis Armstrong ၏ “What a Wonderful World” သီချင်းကို သီဆိုခဲ့ပြီး၊ ၎င်းသည် သူမ၏ သမီး Daisy ကို ဂုဏ်ပြုဖော်ပြခဲ့သည်။ ခရီးစဉ်ပြီးဆုံးသောအခါတွင် Perry နှင့် King တို့သည် မြေပြင်ကို နမ်းခြင်းဖြင့် သူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြခဲ့သည်။
ဤခရီးစဉ်သည် ၁၉၆၃ ခုနှစ်တွင် Valentina Tereshkova ၏ တစ်ဦးတည်း အမျိုးသမီးအာကာသခရီးစဉ်မှနောက်ပိုင်း အမျိုးသမီးများသာ ပါဝင်သည့် ပထမဆုံးအာကာသခရီးစဉ်ဖြစ်သည်။ Blue Origin ၏ NS-31 ခရီးစဉ်သည် အာကာသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်သည့် အရေးပါသောအမှတ်အသားတစ်ခုဖြစ်ပါသည်။
ကိုးကား- New York Post
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃