နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး အပါအဝင် ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (မတ်လ ၂၈ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅၁ အချိန်ခန့်က ပြင်းအား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် (၃) ခုခန့် လှုပ်ရှားခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့မြောက်)၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြေညာလိုက်ကြောင်း သိရသည်။
“အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောလျင်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ထွက်ပေါ်လာနိုင်တဲ့ကောလာဟလတွေအပေါ်မှာ ယုံကြည်ခြင်းမရှိဘဲ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ အဆက်မပြတ် ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်များကိုသာ နဲ့အညီသာလိုက်နာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ထို့ကြောင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိ စေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း နေပြည်တော် (ကုတင် ၁၀၀ဝ) ဆေးရုံသို့ ရောက်ရှိနေသည့် လူနာများအား သွားရောက်ကြည့်ရှုနေကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
"မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းမှာရှိတဲ့ ဆေးရုံတွေမှာ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရ လူနာတွေများပြားနေပါတယ်။ အဲဒီမှာ သွေးလိုအပ်ချက်လည်း များပြားပါတယ်။ သွေးအလှူရှင်များ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းက ဆေးရုံများနဲ့ အမြန်ဆုံးဆက်သွယ် ကုသိုလ်ပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
Source: NP News

ဘန်း မတ် ၂၅
ကမ္ဘာ့အကြီးဆုံး ရေခဲတောင်တစ်ခုဖြစ်သော အယ်လ်ပ်ရေခဲတောင်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲတောင်အရည်ပျော်ကျမှုနှုန်း မြင့်တက်လာခြင်းပြဿနာကို ဖြေရှင်းရန်အတွက် ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များအသင်းက ဖြေရှင်းသွားရန် စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့အစည်းမှ သုတေသီများက ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရေခဲတောင်များတွင် အရည်ပျော်ကျမှုနှုန်းမှာ ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း အဆိုးရွားဆုံး အရည်ပျော်ကျမှု ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ သိပ္ပံပညာရှင်များအသင်းက ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ပါက ရေခဲတောင်အရည်ပျော်ကျမှုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ ဧရိယာအတွင်းရှိ အယ်လ်ပ်ရေခဲတောင်၏ အစိတ်အပိုင်းများတွင် ရေခဲတောင်အရည်ပျော်ကျမှုကို Glacier Monitoring Switzerland (GLA-MOS) က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှုပြဿနာကြောင့် ရေခဲတောင်တစ်ခုလုံးနီးပါး အရည်ပျော်သွားနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ရေခဲတောင်အရည်ပျော်ကျမှုပြဿနာကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရမယ်။ အဓိကကတော့ ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးမှုပမာဏထက် လျှော့ချနိုင်မယ်ဆိုရင် ရေခဲတောင်အရည်ပျော်ကျမှုပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” ဟု Glacier Monitoring Switzerland (GLAMOS) ၏ ဒါရိုက်တာ မားသီးယပ်စ်က ပြောကြားခဲ့သည်။
Source: ရတနာပုံသတင်းစာ

တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီ Dobot သည် CR-10 ဟုအမည်ရသည့် လူသားပုံစံ စက်ရုပ်အသစ်ကို ဒေါ်လာ ၂၇,၅၀၀ ဈေးနှုန်းဖြင့် မိတ်ဆက်ခဲ့သည်။ အဆိုပါစက်ရုပ်သည် နံနက်စာပြင်ဆင်ခြင်း၊ အိမ်မှုကိစ္စများလုပ်ဆောင်ခြင်းနှင့် အခြေခံဆေးဘက်ဆိုင်ရာ အကူအညီများ ပေးနိုင်စွမ်းရှိသည်။

စက်ရုပ်သည် မီးဖိုချောင်တွင် ကြက်ဥကြော်ခြင်း၊ ကော်ဖီဖျော်ခြင်း၊ အိမ်သန့်ရှင်းရေးအတွက် ဖုန်စုပ်ခြင်း၊ အဝတ်လျှော်ခြင်း၊ ကျန်းမာရေးအတွက် အခြေခံသွေးဖိအားတိုင်းတာခြင်း၊ ဆေးမှတ်ချက်များသတိပေးခြင်း စသည့် နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်နိုင်သည့်အပြင် အသံဖြင့် ထိန်းချုပ်နိုင်ပြီး လူသားများ၏ အလေ့အထများကို သင်ယူနိုင်သည်ဟု ဆိုသည်။
Dobot ၏ ဒါရိုက်တာ Zhang Wei က “CR-10 သည် အိမ်တွင်းသုံးနှင့် လူမှုရေးဝန်ဆောင်မှုများအတွက် ရည်ရွယ်ပြီး လာမည့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ရောင်းချမည်” ဟု ပြောကြားခဲ့သည်။
CR-10 တွင် 4K ကင်မရာများဖြင့် အရာဝတ္ထုများကို တိကျစွာ မှတ်သားနိုင်သည့် အမြင်အာရုံစနစ်နှင့် လူသားကဲ့သို့ ချောမွေ့စွာလှုပ်ရှားနိုင်သည့် အဆစ် ၃၂ ခု ပါဝင်ပြီး တစ်ကြိမ်အားသွင်းလျှင် ၁၂ နာရီအထိ အသုံးပြု နိုင်မည်ဖြစ်သည်။
အဆိုပါမိတ်ဆက်မှုသည် တရုတ်နိုင်ငံ၏ လူသားပုံစံစက်ရုပ်ဈေးကွက်တွင် Tesla ၏ Optimus နှင့် Boston Dynamics ၏ Atlas တို့ကို ယှဉ်ပြိုင် လာသည့် အချက်ဖြစ်သည်။ ကျွမ်းကျင်သူများက CR-10 ၏ စျေးနှုန်းသည် အမေရိကန်နှင့် ဂျပန်ထုတ်ကုန်များထက် ၅၀% ခန့် သက်သာသည်ဟု မှတ်ချက်ပြုထားသည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှားနိုင်ငံ Federal Security Service (FSB) မှ ရဲအရာရှိများသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မော်စကိုမြို့ရှိ ရှေးဟောင်းပစ္စည်းဈေးကွက်တွင် ယခင်က ပြင်သစ်၌ ခိုးယူခံလိုက်ရသည့် ရူဘယ် ၅၅ သန်း (ဒေါ်လာ ၆၅၆,၀၀၀ ဝန်းကျင်) တန်ဖိုးရှိ ရှေးဟောင်းရွှေဒင်္ဂါးများကို တွေ့ရှိခဲ့ကြောင်း ရုရှားပြည်ထဲရေးဌာန ပြောခွင့်ရ Irina Volk က ပြောကြားလိုက်ပါသည်။
ထိုရှေးဟောင်းရွှေဒင်္ဂါးပြားများကို မူလက ပြင်သစ်နိုင်ငံ၊ Reims မြို့ရှိ Saint-Remy ရှိ ရှေးဟောင်းသုတေသနနှင့် အနုပညာပြတိုက်တွင် စုဆောင်းပြသထားခြင်းဖြစ်သည်။

“မော်စကိုက ရှေးဟောင်းပစ္စည်းဈေးကွက်မှာ ဒင်္ဂါးပြားတွေရောင်းချသည်ကို စုံစမ်းစစ်ဆေးသည့်အခါ အရာရှိတွေက ယခင်က ပြင်သစ်မှာ ခိုးယူခံလိုက်ရသည့်ပစ္စည်းများ၏ ဖော်ပြချက်များ၊ အထောက်အထားများနှင့် ကိုက်ညီနေသည်ကို တွေ့ရသဖြင့် Interpol က ပြင်သစ် အာဏာပိုင်တွေကို စုံစမ်းမေးမြန်းခဲ့ပါသည်" ဟု Volk က ဆက်လက် ရှင်းပြပါသည်။
“အေဒီ ၁ ရာစုမှ ၅ ရာစုအတွင်း တူးဖော်ထားသော ရှားပါး ရှေးဟောင်းဒင်္ဂါးများအပါအဝင် ရွှေဒင်္ဂါးများ ခိုးယူခံရမှုကို နိုင်ငံခြား လုပ်ဖော်ကိုင်ဖက် (ပြင်သစ်ရဲတပ်ဖွဲ့)များ အတည်ပြုခဲ့ကြပါသည်။ ခိုးယူမှုအတွက် တာဝန်ရှိသည့် ပြတိုက်စောင့်ကို အပြစ်ပေးခဲ့သော်လည်း ထိုပစ္စည်းများ ယခုအချိန်အထိ ပြန်လည်မရရှိသေးခြင်းဖြစ်ပါတယ်” ဟု Volk က သူမ၏ Telegram ရုပ်သံလိုင်းတွင် ရေးသားဖော်ပြခဲ့ပါသည်။
ယခုအခါ ရုရှားအာဏာပိုင်များသည် အဆိုပါ ရှာဖွေသိမ်းဆည်းရသည့် ရှေးဟောင်းဒင်္ဂါးများကိုမူလအတိုင်း ပြင်သစ်တွင် ထိန်းသိမ်းပြသနိုင်ရေး ပြန်လည်ပေးအပ်ရန် လုပ်ဆောင်လျက်ရှိပါသည်။
ကိုးကား- TASS
Photo: en.iz.ru
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ရုတ်တရက်မြေပြိုကျမှု ဖြစ်ပွားကာ ဆိုင်ကယ်စီးနင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့သည်။ အချင်း ၁၀ မီတာခန့်ရှိ ကြီးမားသော မြေပြိုကျမှုသည် မြို့လယ်ခေါင် လမ်းမ၏ လမ်းဆုံတစ်ခုတွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးသူသည် မြေပြိုကျမှုအတွင်းသို့ ကျရောက်ကာ အသက်ဆုံးရှုံးခဲ့သည်။

ဒေသခံမီဒီယာများက ဖော်ပြချက်အရ အဆိုပါမြေပြိုကျမှုသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေအောက်ရေများ စိမ့်ဝင်မှုကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။ ဆိုးလ်မြို့တော်ဝန်ရုံးက အရေးပေါ်အဖွဲ့များကို စေလွှတ်ကာ နောက်ထပ် မြေပြိုကျမှုများ မဖြစ်ပွားစေရန် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ဆိုးလ်မြို့တော်အာဏာပိုင်များက မြို့တွင်းရှိ မြေအောက်အခြေခံ အဆောက်အအုံများကို အရေးပေါ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ ယခုဖြစ်စဉ်သည် မကြာသေးမီနှစ်များအတွင်း ဆိုးလ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြီးစား မြေပြိုကျမှုများထဲမှ တစ်ခုဖြစ်သည်။

ရန်ကုန် မတ် ၂၄
လူငယ်တေးသံရှင် လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင်ထံမှ သိရသည်။
အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင် ထံမှ သိရသည်။

အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar ရှိ Judson Indoor & Outdoor Area တွင် သင်္ကြန်ပွဲတော်ပုံစံအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဖျော်ဖြေရေးကတော့ Day 1 Day 2 ဆိုပြီး နှစ်ရက်ရှိပါမယ်။ ကျွန်တော်ကတော့ Day 2 တစ်နေကုန်ရှိနေမှာ ဖြစ်ပါတယ်။ Day 1 မှာတော့ ဂျီဖက်ရှိပါမယ်။ သင်္ကြန်ကာလရဲ့ ရေကစားပွဲတော်တွေကို အကြိုခံစားမှုအနေနဲ့ Judson ရဲ့ Indoor & Outdoor Area မှာ Water System အပြည့်ပြင်ဆင်ထားပြီး သင်္ကြန်ဖီလင်ကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီ Pre Thingyan Day Event လေးမှာ အမှန်တကယ်သင်္ကြန်ကာလကို ရောက်သွားသလို ခံစားရမှာမို့ ခင်မင်သူတွေနဲ့ ရေကစားရင်း သီချင်းတွေ နားဆင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု တေးသံရှင် လွှမ်းပိုင်က ပြောပြသည်။
အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် လွှမ်းပိုင်၊ ဂျီဖက် တို့နှင့်အတူ Judson Band တေးဂီတအဖွဲ့က တီးခတ်ပံ့ပိုးပေးသွားမည့်အပြင် DJ Artists များနှင့်အတူ နာမည်ကျော် Dancer များက အလန်းစားကကွက်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ် မတ် ၂၃
မြိတ်နှင့် ကျွန်းစုကို ဆက်သွယ်ထားသည့် မင်းသန်း- မောင်းလှော် (တနင်္သာရီမြစ်ကူးတံတားကြီး) တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်နှင့်ကျွန်းစုမြို့နယ်သို့ ဆက်သွယ်ထားသည့် အဆိုပါ တံတားကြီးကို တနင်္သာရီမြစ်ကူးတံတား(ဒေသအခေါ် မင်းသန်း-မောင်းလှော်တံတား) ဟုခေါ်ဆိုကြပြီး တနင်္သာရီမြစ်ကြီးကို ဖြတ်သန်းဖောက်လုပ်ထားကြောင်း သိရသည်။

အဆိုပါ တံတားကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
“ယခုလက်ရှိ တံတားပေါ်ကနေ ဆိုင်ကယ်၊ ကားတွေ ဖြတ်သန်းသွားလို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် တံတားဖွင့်ပွဲပြီးမှ ဒေသခံပြည်သူတွေအားလုံး ဖြတ်သန်းအသုံးပြုနိုင်မှာပါ။ အရင်က ရေလမ်းခရီးကိုပဲ အဓိကအသုံးပြုနေရတဲ့ မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်က ဒေသခံတွေအတွက် ယခုအခါ ကုန်းလမ်းကနေ တိုက်ရိုက်သွားလို့ရပါပြီ” ဟု မောင်းလှော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ စီမံကိန်းကို ငွေကျပ်သန်းပေါင်း ၁၃၉၁၀ (၁၃ ဘီလီယံကျော်) အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း၊ ယင်းတံတားကြီးသည် မြိတ်မြို့နယ်ရှိ မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ်ရှိ မောင်းလှော်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် မြစ်ကူးတံတားဖြစ်ကြောင်း တံတားဦးစီးဌာနက တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မင်းသန်း- မောင်းလှော်မြစ်ကူးတံတားမှာ အရှည်ပေ ၂၁၀၀ (၆၄၀ မီတာ) ရှည်လျားပြီး ယာဉ်သွားလမ်းအကျယ် ၂၂ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၂၆ ပေ ရှိပြီး ပြည်ထောင်စုကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကြီးမှာ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်တို့မှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက် ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)
Source: မြန်မာ့အလင်းသတင်းစာ

မင်းဘူး မတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါး စာရင်းဝင်ဒေသရင်းမျိုးစိတ် မြန်မာ့ကြယ်လိပ်များကို ရွှေစက်တော်ဘုရားပွဲရာသီအတွင်း လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။

ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် သာတွေ့ရသောဒေသရင်းဖွား မျိုးစိတ်ဖြစ်သည်။ မြန်မာ့ ကြယ်လိပ် (Burmese Star Tortoise) များကို ဒေသသုံး အမည်များအဖြစ် မြလိပ်၊ ဆီချို လိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြပြီး ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာ ဘေးမဲ့တော၊ မင်းစုံတောင် ဘေးမဲ့ တော၊ ရွှေစက်တော် ဘေးမဲ့တော တို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တောဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့နှင့် လိပ်မျိုးစိတ် ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ကြယ်လိပ်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ တောခွေးများက ဖမ်းဆီးကိုက်ဖြတ် စားသောက် ခြင်း၊ ကြယ်လိပ်များကို အိမ်အလှမွေးတိရစ္ဆာန်အဖြစ် တွင်ကျယ်စွာမွေးမြူလာကြပြီး တရားမဝင် ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့် နယ်မြေရှိသစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုး မြေ ပြုလုပ်လာခြင်းတို့ကြောင့် ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများက ကြယ်လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို မွေးမြူထိန်းသိမ်းထားသဖြင့် ရွှေစက်တော်ဘုရား ပွဲတော်ရာသီတွင် ဘုရားဖူးရင်းတစ်ဆက်တည်း ကြယ်လိပ်များပါ လေ့လာကြည့်ရှုနိုင်ကြကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
ဇေယျာထက်(မင်းဘူး)
Source: Myanmar National Portal

ဂါဇာစီးတီး မတ် ၂၃
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော်ရှိလာခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့ ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ လက်ရှိအချိန်ထိ လူပေါင်း ၅၀၀၂၁ ဦးသေဆုံးပြီး ၁၁၃၂၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလတွင် နှစ်ဖက်ကြားအပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့သည်။ သို့သော် အစ္စရေးတပ်မတော်သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည့်အတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

နာဆာသည် ယခင်က ကတိကဝတ်ပြုကြေညာထားသော လပေါ်သို့ အမျိုးသမီးနှင့် အသားအရောင်ရှိသူ (လူမည်း) တို့ကို ကမ္ဘာ့ပထမဆုံးအဖြစ် စေလွှတ်ရန် ဆောင်ရွက်မည့် Artemis အမည်ရှိ စီမံကိန်းကို ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။

Artemis မှာ ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် လူသားများ လပေါ်သို့ ထပ်မံ ခြေချနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည့်စီမံကိန်းဖြစ်ပါသည်။ ယခင်က လပေါ်သို့ သွားရောက်ခဲ့သူများမှာ အမျိုးသားများနှင့် လူဖြူများသာ ဖြစ်သဖြင့် ထိုစီမံကိန်းကို နာဆာက (Diversity in Employment Opportunity- DEO) အစီအစဉ်အဖြစ် အကောင်အထည်ဖော် လုပ်ဆောင်ရန် ယခင်နှစ်များက တရားဝင်ကြေညာခဲ့ပါသည်။
Artemis စီမံကိန်းဖျက်သိမ်းလိုက်ရသည့် အကြောင်းအရင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ဇန်နဝါရီလက လူအမျိုးမျိုး တန်းတူ ညီမျှမှုနှင့် အခွင့်အရေး (Diversity, Equity and Inclusion- DEI) မူဝါဒကို ဖျက်သိမ်းလိုက်ခြင်းနှင့် သက်ဆိုင်နေပါသည်။ ထိုမူဝါဒအစား လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံသည့် အလုပ်တာဝန်ပေးအပ်ခြင်းစနစ် (merity-basedsystem) ကို ဒေါ်နယ်ထရမ့်က ပြန်လည် အသက်သွင်းခြင်းဖြစ်သည်ဟု သိရပါသည်။
ကိုးကား- RT