Singapore Emergency Medical Team အဖွဲ့မှ ဧပြီလ (၁၃)ရက်နေ့အထိ ဆေးကုသပေးသွားမည်
Singapore Emergency Medical Team အဖွဲ့မှ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်းတွင် ဧပြီလ (၁၃)ရက်နေ့အထိ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးသင့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စင်္ကာပူနိုင်ငံက မန္တလေး၊ ဗထူးအားကစားကွင်းတွင် ဧပြီ ၇ ရက်က စတင်၍ ဖွင့်လှစ်ခဲ့သည်။
အဆိုပါနေရာတွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
စင်္ကာပူ အရေးပေါ်ဆေးအဖွဲ့ (SGEMT)သည် မန္တလေးမြို့ ဗထူးအားကစား ကွင်းတွင်ရှိပြီး မန္တလေးအထွေထွေဆေးရုံကြီးမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ရပြီး လူနာများအနေဖြင့် ဧပြီလ ၇ ရက်မှ ဧပြီလ ၁၃ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးက “ထုတ်ပြန်ထားသည်။
လက်ရှိတွင် မန္တလေးမြို့၌ စင်္ကာပူ၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံများမှ ယာယီဆေးရုံများ ဖွင့်လှစ်၍ ငလျင်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
Source: Popular Myanmar