လုံခြုံရေး အာမခံချက် မပါဘဲ သတ္တုတွင်းထွက် ကနဦးစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ပြောကြား

News Image

  • လုံခြုံရေး အာမခံချက် မပါဘဲ သတ္တုတွင်းထွက် ကနဦးစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ပြောကြား

ယူကရိန်းနှင့် အမေရိကန် ဧပြီလ ၁၇ ရက်က သတ္တုတွင်းထွက် သဘောတူညီချက် ကနဦး ပထမခြေလှမ်းအဖြစ် လက်မှတ်ရေးထိုးမှုတွင် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် တစုံတရာ မဖော်ပြထားကြောင်း ယူကရိန်းလွှတ်တော်အမတ် Yaroslav Zheleznyak က ၎င်း၏ Telegram တွင် ရေးသားထားပါသည်။  

နှစ်နိုင်ငံ အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုရန်နှင့် နှစ်ဘက်အကျိုးရှိမည့် ကနဦးနားလည်မှုစာချွန်လွှာကို ဧပြီ ၁၇ တွင် လက်မှတ်ရေးထိုးလိုက်ကြကြောင်း ယူကရိန်း ပထမလက်ထောက် ဝန်ကြီးချုပ် Yulia Sviridenko က ယင်းနေ့ ညနေပိုင်းတွင် ထုတ်ဖော် ကြေညာလိုက်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃